Monday 7 October 2013

မြန်မာနိုင်ငံတွင် စိန်မထွက်ဟု ဘူမိဗေဒပညာရှင်ပြော

လက် ရှိမြန်မာပြည်တွင် စိန်ထွက်ရှိနိုင် သည့် ဘူမိအနေအထား လုံးဝမရှိ ကြောင်း စိန်ကျောက်မျက်ပညာ သင်တန်း ဓာတ်ခွဲခန်းကော်မတီမှ ပါမောက္ခ ဦးဉာဏ်သင်းကပြော သည်။
မြန်မာပြည် တွင် တွေ့နေ ရသော စိန်များမှာ ဒေသတွင်း နိုင်ငံများမှ ရောက်ရှိလာ သည့် ရေမျောကမ်းတင် စိန်များသာဖြစ် ကြောင်း ပါမောက္ခက အောက်တို ဘာ ၆ရက်တွင် ကုန်သည်/စက်မှု အသင်း၌ပြုလုပ်သော စိန် ကျောက်မျက်ပညာ သင်တန်း/ဓာတ်ခွဲခန်း ကော်မတီ ရတနာ ရောင်းဝယ်ရေးမသိမဖြစ် အခြေခံ များနှင့်ပတ် သက်သော ဟောပြောပွဲတွင် ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပါမောက္ခ ဦးဉာဏ်သင်းက ''စိန်ထွက်တယ် မထွက်ဘူးဆိုတာ သူရဲ့ မူလဇစ်မြစ်ကို နားလည်ထား ဖို့လို တယ်။ စိန်ဆိုတာ ကမ္ဘာ့မြေ အောက် မိုင်၁ဝဝကျော်လောက် မှ ရှိတာ။ ဒါတွေအပေါ်ကိုရောက် ဖို့ဆိုရင် မီးတောင်ပေါက်ကွဲတာကနေတက်လာတာ။ မြန်မာ ပြည်မှာ စိန်ထွက်တယ်ဆိုတာက တရုတ်တို့၊ ထိုင်းနိုင်ငံ တို့ကနေ ရာသီအနေ အထားကြောင့် ဒီကို ရောက်လာတာ။ ဒီလိုစိန်ထွက် နိုင်တဲ့အခြေအနေ လုံးဝမရှိနိုင် ဘူး။ စိန်ကြောနဲ့ပတ်သက်ပြီး မြန်မာနဲ့ ထိုင်းနယ်စပ် မှာ စိန်သိုက် ရှိတယ် ဆိုပြီး အမေရိကန်ပညာ ရှင်အဖွဲ့ ကိုယ်တိုင်လာရောက်စစ် ဆေးဖူးတယ်။ စိန်သိုက်ရှိခဲ့တာ တော့ ဖြစ်နိုင်တယ်ဆိုပေမယ့် သူ တို့လဲသေချာ မတွေ့ခဲ့ဘူး''ဟု ဆို သည်။

ပြည်တွင်း၌ ရောင်းဝယ် နေသောစိန်များစုမှာ ဩစတြေး လျနိုင်ငံမှထွက်သည့် အရည်အ သွေး အလတ်စား စိန်များဖြစ်ပြီး အာဖရိကနိုင်ငံထွက် စိန်အများစုမှာ အီးယူနိုင်ငံများတွင် သွေး၍ ဆွစ်ဇာလန်အပါအဝင် အနောက် ဥရောပနိုင်ငံ ဈေးကွက်အတွင်းသို့စီးဝင်လေ့ရှိကြောင်း၊ လက်ရှိကမ္ဘာတွင် စိန်အထွက်များဆုံး နိုင်ငံမှာ ကနေဒါနိုင်ငံပင်ဖြစ်ပြီး အာရှတိုက်တွင် တရုတ်နိုင်ငံမှထွက် ရှိသည်ဟု ပညာရှင်များ၏ပြော ဆိုချက်အရ သိရသည်။

အဆိုပါပွဲသို့ တက်ရောက်သည့် ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ''ကျွန်တော်တို့နိုင်ငံမှာ တနိုင်း၊ မိုးမိတ်၊ မိုင်းရှူး၊ ထားဝယ်၊ မြိတ်နဲ့ဥရုချောင်းဘက်မှာ တွေ့နေရတယ်။ ဘာတွေကွာခြား လဲဆိုတာတော့ ဒီနေ့မှပဲ သိရတာ။ ဒီမှာရောင်းဝယ်တဲ့ စိန်အများစုကတော့ အိန္ဒိယမှာသွေးပြီးရောက် လာတာ။ အရည်အသွေး  ပိုင်းက တော့ အနောက်နိုင်ငံနဲ့ယှဉ်ဖို့တော့ ခက်တယ်''ဟုဆိုသည်။

Yangon Media Group

No comments:

Post a Comment