Saturday 26 January 2013

Screen အရွယ်အစား ၈ လက်မရှိ Samsung Galaxy Note ထုတ်လုပ်မည်


samsungSamsung ကုမ္ပဏီက အရွယ်အစား (၈)လက်မရှိသည့် Screenကို အသုံးပြုထားသည့် Galaxy Note အမျိုးအစား Tablet ကွန်ပျူတာကို ထုတ်လုပ် ရောင်းချမည်ဟု အတည်ပြု ကြေညာလိုက်သည်။ ထို့ကြောင့် Tablet ဈေးကွက်အတွင်း အရွယ်အစားပိုမိုသေးငယ်အောင် ချုံ့ပြီး ဝင်ရောက်လာသည့် Apple၏ iPad Miniကို Samsungက တိုက်ရိုက် ယှဉ်ပြိုင်မည့် သဘောမျိုး ဖြစ်လာသည်။ Appleနှင့် Samsung တို့မှာ ကျောင်းတော်က ရန်စရှိသည့် နည်းပညာ ဘီလူးကြီးများ ဖြစ်ရာ iPad Mini၏ ဈေးကွက်ကို Galaxy Note အသစ်ကလုယူနိုင်ရန် တောင်ကိုရီးယား ကုမ္ပဏီကြီး က မျှော် လင့်ထားသည်။ Samsungသည် Tabletနှင့် စမတ်ဖုန်း လောကတွင် ပုံသဏ္ဍန် အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး၊ ဈေးနှုန်း အမျိုးမျိုးနှင့် မျိုးကွဲများ ထုတ်လုပ်ရန် ရည်ရွယ်ထားရာ (၈)လက်မအရွယ် Galaxy Noteသည် နောက်ဆုံးပေါ် စိတ်ကူးစိတ်သန်း တစ်ခုလည်း ဖြစ်လာဖွယ် ရှိနေသည်။


Samsungသည် (၈)လက်မအရွယ် Galaxy Noteကို ဖေဖော်ဝါရီလတွင် ပြုလုပ်မည့် Mobile World Congressတွင် စတင် မိတ်ဆက် ပွဲထုတ်လာဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ အစောပိုင်းက ထွက်ပေါ်နေသော ကောလာဟလများအရ အဆိုပါ Tablet၏ Screen ပုံဖော်မှု အရည်အသွေးသည် 1280x800 ရှိမည်ဖြစ်ပြီး အလွန်ကြည်လင်ပြတ်သားသည့် LCD Displayကို အသုံးပြုမည်ဟု ဆို သည်။ နောက်ဘက်တွင် 5 mp ကင်မရာနှင့် ရှေ့ဘက်တွင် 1.3 mp ကင်မရာတို့ ပါဝင်ပြီး 2 GB RAM မြန်နှုန်းနှင့် လုပ်ဆောင်ဖွယ်ရှိကာ Storageပိုင်းတွင် 16 GBနှင့် 32 GBတို့ ပါရှိပြီး Staorage တိုးရန်အတွက် Slotအပိုလည်းပါရှိမည်ဟုသိရသည်။ ဘက်ထရီအနေဖြင့် 4600 mAh အမျိုးအစားကို အသုံးပြုသွားမည်ဟုလည်း သတင်းများက ဖော်ပြခဲ့သည်။

Source: CNET
planet.com.mm

No comments:

Post a Comment