Saturday 26 January 2013

သံတောင် အထူးဒေသ ငြိမ်းချမ်းရေး အဖွဲ့ နာယက ဗိုလ်မှူးကြီး စောဖယ်ရီမိုး ကွယ်လွန်


ရန်ကုန်၊ ဇန်နဝါရီ ၂၅

သံတောင်အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့ နာယက ဗိုလ်မှူးကြီး စောဖယ်ရီမိုးသည် နေပြည်တော် ဆေးရုံ ၌ ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၇နာရီ မိနစ် ၄၀ တွင် ကွယ်လွန်သွားကြောင်း အဆိုပါအဖွဲ့၏ စာပေ နှင့် ယဉ်ကျေးမှု ကော်မတီဝင် ဗိုလ်မှူးကြီး စောကေထူး က The Voice Weekl သို့ ပြောကြားသည်။


ဗိုလ်မှူးကြီးစောဖယ်ရီမိုး၏ရုပ်ကလပ်ကို ညတွင်းချင်း သံတောင်အထူးဒေသငြိမ်းချမ်းရေးအဖွဲ့ ရုံးစိုက်ရာ သံတောင်မြို့သို့ သယ်ဆောင်သွားကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

အဆိုပါ သံတောင်အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့၏ နယက ဦးစောဖယ်ရီမိုး အပါအဝင် ခေါင်းဆောင် အချို့ သည် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁ နာရီခန့်က ဆလွန်းကားဖြင့် ရန်ကုန်-မန္တလေးလမ်းဟောင်း အတိုင်း တောင်မှမြောက်သို့မောင်းနှင်လာစဉ် မင်းကြီးညိုရပ်ကွက်ရှိ ရတီလက်ဖက်ရည်ဆိုင်ရှေ့ အရောက်တွင်ရပ်ထားသည့် ဆယ်နှစ်ဘီးကားအပြာရောင်ကို နောက်ကဝင်တိုက်မိခဲ့ရာ ယင်းယာဉ်တိုက် မှုကြောင့် ဗိုလ်မှူးကြီး စောဖယ်ရီမိုး ၊ ဗိုလ်မှူး စောဝေလေ၊ ဗိုလ်ကြီး စောဝင်းအောင် ၊ ဒေါ်သန်းနုတို့ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်းကြောင့် တောင်ငူမြို့ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော် လည်း ဒဏ်ရာပြင်းထန်သဖြင့် နေပြည်တော် ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ကုသခဲ့ရကြောင်း ၎င်း တို့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့သူ တစ်ဦးဖြစ်သူ ဦးခင်မောင်သန်းက ပြော ကြားသည်။
TheVoiceWeekly

No comments:

Post a Comment