Friday 25 January 2013

ဟာဝိုင်ယီတွင် ဒေါ်အောင်ဆန်းစုကြည် ရိုတေရီ ငြိမ်းချမ်းရေးဆု သွားရောက် ရယူ

Photo: ဟာဝိုင်ယီတွင် ဒေါ်အောင်ဆန်းစုကြည် ရိုတေရီ ငြိမ်းချမ်းရေးဆု 
သွားရောက် ရယူ
Friday, January 25, 2013


မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်
ယမန်နေ့က ရန်ကုန်မှ ဟာဝိုင်ယီသို့ သွားရောက်ကာ ရိုတေရီ ငြိမ်းချမ်းရေးဆု ကို သွားရောက်ရယူမည်ဖြစ်ကြောင်း
သိရသည်။

မြန်မာ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည်
ဟာဝိုင်ယီတွင် ရိုတေရီ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဖိုရမ်
ဆွေးနွေးပွဲ တက်ရောက်ပြီး နောက် လူ့အခွင့်အရေးနှင့်
အကြမ်းမဖက် လှုပ်ရှားမှုတို့အတွက် ရိုတေရီ ငြိမ်းချမ်းရေးဆု လက်ခံရယူမည် ဖြစ်သည်။

ယခုခရီးစဉ်သည် ဒေါ်စုအတွက် အမေရိကန်၏ ကျွန်းပြည်နယ် တစ်ခုဖြစ်သော ဟာဝိုင်ယီသို့ ပထမဆုံးခရီးစဉ် ဖြစ်သည်။

ရိုတေရိအဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်
ထားမှု အကူအညီပေးရေးအဖွဲ့ကြီးဖြစ်ကာ အဖွဲ့ဝင် ၁ ဒဿမ
၂ သန်းခန့် ရှိ သည်။

ဆုလက်ခံပြီးနောက် ဒေါ်စုသည် တောင်ကိုးရီးယားတွင်
ကျင်းပမည့် ၂၀၁၃ ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်ဟု သိရသည်။

REF: AP
PHOTO: Thet Htoo
The Myanma Age မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ရန်ကုန်မှ ဟာဝိုင်ယီသို့ သွားရောက်ကာ ရိုတေရီ ငြိမ်းချမ်းရေးဆုကို သွားရောက်ရယူမည်ဖြစ်ကြောင်း သိရ သည်။ မြန်မာ့ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ဟာဝိုင်ယီတွင် ရိုတေရီ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဖိုရမ် ဆွေးနွေးပွဲ တက်ရောက် ပြီး နောက် လူ့အခွင့်အရေးနှင့် အကြမ်းမဖက် လှုပ်ရှားမှုတို့အတွက် ရိုတေရီ ငြိမ်းချမ်းရေးဆု လက်ခံရယူမည် ဖြစ်သည်။

ယခုခရီးစဉ်သည် ဒေါ်စုအတွက် အမေရိကန်၏ ကျွန်းပြည်နယ် တစ်ခုဖြစ်သော ဟာဝိုင်ယီသို့ ပထမဆုံး ခရီးစဉ် ဖြစ်သည်။

ရိုတေရိအဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ကြီးဖြစ်ကာ အဖွဲ့ဝင် ၁ ဒဿမ ၂ သန်းခန့် ရှိ သည်။

ဆုလက်ခံပြီးနောက် ဒေါ်စုသည် တောင်ကိုးရီးယားတွင် ကျင်းပမည့် ၂၀၁၃ ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်ဟု သိရသည်။
 
From :  The Myanma Age

No comments:

Post a Comment