Saturday 26 January 2013

စစ်တွေမြို့ သင်္ဘော ဆိပ်ကမ်း၌ WY စိတ်ကြွ ဆေးပြား များနှင့် ခြောက်လုံးပြူး လုပ်သေနတ် တစ်လက် ဖမ်းဆီး ရမိ

နယ်စပ်ဒေသ များ၌ မူးယစ် ဆေးဝါး ပပျောက်ရေး အတွက် နိုင်ငံတော် အစိုးရ၊ ဒေသခံ ပြည်သူ၊ တပ်မတော်နှင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ သတင်း ဖော်ထုတ် ရှင်းလင်း ဆောင်ရွက်လျက် ရှိရာ ဇန်နဝါရီ ၂၄ ရက် နံနက် ၇ နာရီခွဲ တွင် သတင်းအရ စစ်တွေမြို့မှ ဘူးသီး တောင်သို့ ထွက်ခွာမည့် မလိခ အမြန် ရေယာဉ်ပေါ်၌ ဦးအိန္ဒြာစာရ (ခ) ဦးထွန်းအေး ကျော် ၃၈ နှစ် (ဘ)မောင်သက်ရှည်နှင့် ဦးသန်းလှိုင် (ခ) ဦးမောင်လုံး ၃၇ နှစ် (ဘ) ဦးသာစိတ် တို့အား ခွင့်ပန်၍ ရှာဖွေ စစ်ဆေးရာ ဦးအိန္ဒြာစာရ (ခ) ဦးထွန်းအေးကျော်၏ လက်ဆွဲအိတ် အတွင်းမှ တရားမဝင် သယ်ဆောင် လာသော ခြောက် လုံးပြူး လုပ်သေနတ် တစ်လက်၊ ကျည် မျိုးစုံ ၂၆ တောင့်၊ ၉၁ မမ လက်ပစ် ဗုံး တစ်လုံး၊ ၉ မမ ကျည်အိမ် တစ်ခု၊ CDMA-450 လက်ကိုင်ဖုန်း တစ်လုံးတို့နှင့် အတူ WY စိတ်ကြွ ဆေးပြား ၄၉၆ဝဝ ပြားအား သိမ်းဆည်း ရမိခဲ့ သည်။

အဆိုပါ သိမ်းဆည်း ရရှိသည့် ပစ္စည်း များအား စစ်တွေမြို့ နယ်မြေခံ ရဲစခန်းသို့ အပ်နှံပြီး သယ်ဆောင်သူ များအား ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/local/item/5305-2013-01-25-09-20-39#.UQLIFe72usc
စစ်တွေမြို့ သင်္ဘောဆိပ်ကမ်း၌ WY စိတ်ကြွ ဆေးပြားများနှင့် ခြောက် လုံးပြူးလုပ်သေနတ်တစ်လက်ဖမ်းဆီးရမိနယ်စပ်ဒေသများ၌ မူး ယစ် ဆေးဝါးပပျောက်ရေးအတွက် နိုင်ငံတော် အစိုးရ၊ ဒေသခံ ပြည် သူ၊ တပ်မတော်နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ သတင်း ဖော် ထုတ်ရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၄ ရက် နံနက် ၇ နာရီခွဲတွင်သတင်းအရ စစ်တွေမြို့မှ ဘူးသီး တောင်သို့ထွက်ခွာမည့် မလိခအမြန် ရေယာဉ်ပေါ်၌ ဦးအိန္ဒြာစာရ (ခ) ဦးထွန်းအေး ကျော် ၃၈ နှစ် (ဘ)မောင်သက်ရှည်နှင့် ဦးသန်းလှိုင် (ခ) ဦးမောင်လုံး ၃၇ နှစ် (ဘ) ဦးသာစိတ်တို့အားခွင့်ပန်၍ ရှာဖွေစစ်ဆေးရာ ဦးအိန္ဒြာစာရ (ခ) ဦးထွန်းအေးကျော်၏ လက်ဆွဲအိတ်အတွင်းမှ တရားမဝင်သယ်ဆောင်လာသော ခြောက်လုံးပြူး လုပ်သေ နတ်တစ်လက် ၊ ကျည် မျိုးစုံ ၂၆ တောင့်၊ ၉၁ မမ လက်ပစ်ဗုံးတစ်လုံး၊ ၉ မမကျည်အိမ်တစ်ခု၊ CDMA-450 လက်ကိုင်ဖုန်း တစ်လုံးတို့နှင့် အတူ WY စိတ်ကြွ ဆေးပြား ၄၉၆ဝဝ ပြားအား သိမ်းဆည်း ရမိခဲ့ သည်။

အဆိုပါ သိမ်းဆည်းရရှိသည့် ပစ္စည်းများအား စစ်တွေမြို့ နယ်မြေခံရဲစခန်းသို့အပ်နှံပြီး သယ်ဆောင်သူ များအား ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ

No comments:

Post a Comment