Saturday 26 January 2013

မန္တလေး အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေသောကြောင့် စီးပွားရေးလုပ်ငန်းရှင်တချို့ အခက်တွေ့

Photo: မန္တလေး အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေသောကြောင့် စီးပွားရေးလုပ်ငန်းရှင်တချို့ အခက်တွေ့
Saturday, January 26, 2013

မန္တလေးမြို့၏ လူစည်ကားရာနေရာများနှင့် မြို့အတွင်းပိုင်း အချက်အချာကျသောနေရာများတွင် အိမ်ခြံမြေငှားရမ်းခများ သိသိသာသာ ဈေး တက်သွားသည့်အတွက် ဆိုင်ခန်းဖွင့်လို
သူများနှင့် အလုပ်ရုံးခန်းဖွင့်လိုသူများ အခက်အခဲဖြစ်နေကြ
ကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်း
များမှ စုံစမ်းသိရှိရသည်။

"လူစည်ကားရာနေရာတွေက ပေလေးဆယ်ခြောက်ဆယ်
ပတ်လည် ဝင်းတစ်ဝိုင်းကို ငှားရမ်းခ ကျပ်တစ်သိန်းကနေ
သုံးသိန်းအထိ အလိုက် ရှိတယ်။ မြေကွက်တင် ငှားရင်တော့
(၅)သိန်းကနေ သိန်းနှစ်ဆယ်အထိ ဈေးရှိတယ်"ဟု အိမ်ခြံမြေ ပွဲစားတစ်ဦးက ဆိုသည်။

၆၃ လမ်းနှင့်၆၂ လမ်းပေါ်ရှိ ဆိုင်ခန်းများသည်ငှားရမ်းဈေး
တစ်လလျှင် တစ်သိန်းမှ ငါးသိန်းအထိ ပေါက်ဈေးရှိနေကြောင်း
သိရပြီး ယခင်က အဆင်ပြေသော်လည်း ယခုနောက်ပိုင်းတွင် ဆိုင်ခန်းငှားရမ်းပြီး စီးပွားရေးလုပ်ကိုင်သော စီးပွားရေးလုပ်ငန်း
ရှင်များ အဆင်မပြေဖြစ်နေသော ကြောင့် ငှားရမ်းသူရှားပါး
နေကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“အရင်တုန်းက အဆင်ပြေတယ်။ အခုအဆင်မပြေတော့ဘူး။ ငှားရမ်းခတွေကတစ်ဆင့်ခြင်းတက်လာတာ။ အဓိကကုမ္ပဏီတွေ
ဝင်လာတာ လည်း ပါတယ်။ဆိုင်ခန်းငှားခဈေးနှုန်းတွေက(၂)နှစ်
အတွင်း မယုံနိုင်လောက်အောင်ကို ဈေးတက်သွားတယ်”ဟု
၆၂လမ်းမှ မိုဘိုင်းဖုန်းဆိုင် ပိုင်ရှင်တစ်ဦးက ဆိုသည်။

မြို့အတွင်းပိုင်း လူစည်ကားရာနေရာများတွင် တရုတ်လူမျိုးများ ပိုင်ဆိုင်သောနေအိမ်များနှင့် လုပ်ငန်းများသာ တဖြးည်းဖြးည်း တိုးပွားလာပြီး ဒေသခံအများစုမှာ မြို့သစ်ဘက်သို့ ပြောင်းရွေ့
နေကြရပြီး မန္တလေးမြို့ခံတို့မှာ တရုတ်တို့ပေးသော ဈေးများ
အား မီလိုက်မပေးနိုင်သော ကြောင့် ဈေးသက်သာသော မြို့သစ်ဘက်များတွင်သာရွေ့ပြောင်းပြီး စီးပွားရေးလုပ်ကိုင်
လာကြောင်း သိရသည်။

မန္တလေး အိမ်ခြံမြေ ဈေးကွက်သည် ခန့်မှန်းထားသည်ထက်
အများကြီး ပိုမိုမြင့်တက်နေသော်လည်း အကျဘက်ကို
မျှော်မှန်း၍ မရကြာင်းနှင့် ဈေးတက်ဖို့သာ ရှိနိုင်ပြီး မြို့ခံတို့သည် မြို့တွင်းမှမြို့ပြင်သို့ တဖြည်းဖြည်းးနှင့် ရောက်ရှိနေကြောင်း၊ မန်းတောင်ဘက်အပိုင်းကို ရောက်ရှိသွား နေကြောင်း သိရသည်။

မောင်ထိန်လင်း
ဓာတ်ပုံ - သူရိန်
The Myanma Age
မန္တလေးမြို့၏ လူစည်ကားရာနေရာများနှင့် မြို့အတွင်းပိုင်း အချက် အချာကျသောနေရာများတွင် အိမ်ခြံမြေငှားရမ်းခများ သိသိ သာသာ ဈေး တက်သွားသည့်အတွက် ဆိုင်ခန်းဖွင့်လိုသူများနှင့် အလုပ်ရုံးခန်းဖွင့်လိုသူများ အခက်အခဲဖြစ်နေကြကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းများမှ စုံစမ်းသိရှိရသည်။

"လူစည်ကားရာနေရာတွေက ပေလေးဆယ်ခြောက်ဆယ်ပတ်လည် ဝင်းတစ်ဝိုင်းကို ငှားရမ်းခ ကျပ်တစ်သိန်းကနေသုံးသိန်းအထိ အလိုက် ရှိတယ်။ မြေကွက်တင် ငှားရင်တော့
(၅)သိန်းကနေ သိန်းနှစ်ဆယ်အထိ ဈေးရှိတယ်"ဟု အိမ်ခြံမြေ ပွဲစားတစ်ဦးက ဆိုသည်။

၆၃ လမ်းနှင့်၆၂ လမ်းပေါ်ရှိ ဆိုင်ခန်းများသည်ငှားရမ်းဈေးတစ်လလျှင် တစ်သိန်းမှ ငါးသိန်း အထိ ပေါက်ဈေးရှိနေကြောင်းသိရပြီး ယခင်က အဆင်ပြေသော်လည်း ယခုနောက်ပိုင်းတွင် ဆိုင်ခန်းငှား ရမ်းပြီး စီးပွားရေးလုပ်ကိုင်သော စီးပွားရေးလုပ်ငန်းရှင်များ အဆင်မပြေဖြစ်နေသော ကြောင့် ငှားရမ်းသူရှားပါးနေကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“အရင်တုန်းက အဆင်ပြေတယ်။ အခုအဆင်မပြေတော့ဘူး။ ငှားရမ်းခတွေကတစ်ဆင့်ခြင်းတက်လာတာ။ အဓိကကုမ္ပဏီတွေဝင်လာတာလည်း ပါတယ်။ဆိုင်ခန်းငှားခဈေးနှုန်းတွေက(၂)နှစ်အတွင်း မယုံနိုင်လောက်အောင်ကို ဈေးတက်သွားတယ်”ဟု၆၂လမ်းမှ မိုဘိုင်းဖုန်းဆိုင် ပိုင်ရှင်တစ်ဦးက ဆိုသည်။

မြို့အတွင်းပိုင်း လူစည်ကားရာနေရာများတွင် တရုတ်လူမျိုးများ ပိုင်ဆိုင်သောနေအိမ်များနှင့် လုပ်ငန်း များသာ တဖြးည်းဖြးည်း တိုးပွားလာပြီး ဒေသခံအများစုမှာ မြို့သစ်ဘက်သို့ ပြောင်းရွေ့နေကြရပြီး မန္တလေးမြို့ခံတို့မှာ တရုတ်တို့ပေးသော ဈေးများအား မီလိုက်မပေးနိုင်သော ကြောင့် ဈေးသက်သာသော မြို့သစ်ဘက်များတွင်သာရွေ့ပြောင်းပြီး စီးပွားရေးလုပ်ကိုင်လာကြောင်း သိရသည်။

မန္တလေး အိမ်ခြံမြေ ဈေးကွက်သည် ခန့်မှန်းထားသည်ထက်အများကြီး ပိုမိုမြင့်တက်နေသော်လည်း အကျ ဘက်ကိုမျှော်မှန်း၍ မရကြာင်းနှင့် ဈေးတက်ဖို့သာရှိနိုင်ပြီး မြို့ခံတို့သည် မြို့တွင်းမှမြို့ပြင်သို့ တဖြည်းဖြည်းးနှင့် ရောက်ရှိနေကြောင်း၊ မန်းတောင်ဘက်အပိုင်းကို ရောက်ရှိသွား နေကြောင်း သိရသည်။

မောင်ထိန်လင်း
ဓာတ်ပုံ - သူရိန်
The Myanma Age

No comments:

Post a Comment