Saturday 26 January 2013

လဂျားယန် တပ်စခန်းအား ကယ်တင်ခြင်း

လဂျားယန် တပ်စခန်းအား ကယ်တင်ခြင်း
Saturday, January 26, 2013

မြို့တော် မြစ်ကြီးနားနှင့် တောင်ဘက်ရှိ ဗန်းမော်မြို့ကို ဆက်သွယ် ထားသော အရှည် (၁၁၄) မိုင်ရှိ ပြည်ထောင်စု လမ်းမကြီးသည် ကချင်ပြည်နယ်၏ အသက် သွေးေ ကြာ သဖွယ် အရေးပါ လှပါသည်။ ဒေသနေ ပြည်သူ အများစုမှာ ဤလမ်းမကြီးကို အမှီ သဟဲပြု နေ့ည ဖြတ်သန်း သွားလာ နိုင်ပြီး မြစ်ကြီးနားမှ ဗန်းမော်မြို့ထိ ခရီးသည်  ၆  နာရီ ခရီးသာ ကွာဝေး ပါသည်။ ယင်းခရီး တစ်ဝက်ခန့်တွင် လဂျားယန်ရွာ ရှိပြီး လဂျားယန်သည် လိုင်ဇာမြို့၏ ဝင်ထွက် ပေါက်လည်း ဖြစ်ပါသည်။

ကချင် ပြည်နယ်သည် ၁၉၉၄ ခုနှစ်၊ KIA တို့ ငြိမ်းချမ်းရေး ယူစဉ် ကတည်းက တည်ငြိမ် အေးချမ်း နေခဲ့ပြီး ဖြစ်ပါသည်။ ၂ဝ၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် တာပိန်ရေအား လျှပ်စစ် စီမံကိန်း လုံခြုံရေး တာဝန် ထမ်းဆောင် နေသော  တပ်မတော် အရာရှိ နှစ်ဦးအား KIA တို့မှ ဖမ်းဆီး ထိန်းသိမ်း ခဲ့သဖြင့် ၄င်းကိစ္စ အပေါ် အေး ချမ်းစွာ ဖြေရှင်းရန် သွားရောက် ခဲ့သည့် အခြေချ စစ်ဗျူဟာမှူး ဦးစီး စစ်ကြောင်းကို ဆန်ခါစခန်း၊ ထုံးဘိုစခန်း များရှိ KIA တို့မှ စောင့်ကြို ပစ်ခတ် ခဲ့ရာမှ တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ပါသည်။

လဂျားယန် တပ်စခန်းသည် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးနှင့် နယ်မြေ အေးချမ်းရေး အတွက် အရေးပါသော တပ်စခန်း ဖြစ်ပါသည်။ ယင်းစခန်းသည် ၁၉၉၄ ခုနှစ်၊ KIA တို့နှင့် ငြိမ်းချမ်းရေး မယူစဉ် ကတည်းက မိမိ တပ်မတော်မှ အခြေချ ခဲ့ပြီး နယ်မြေ လုံခြုံရေး ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။ ငြိမ်းချမ်းရေး ဆောင်ရွက် ထားမှုကို အခွင့်ကောင်း ယူကာ KIA တို့က လဂျားယန် စခန်း အနီးသို့ တိုးချဲ့ လှုပ်ရှား အခြေပြု လာကြသဖြင့် ပုံတွင် ဖော်ပြ ထားသည့် အတိုင်း တပ်မတော် စခန်းငယ် တစ်ခုအား KIA အင်အား အများ အပြားဖြင့် ဝိုင်းပတ် ပိတ်ဆို့ ထားသည့် အခြေအနေသို့ ရောက်ရှိ ခဲ့ရပါသည်။

လဂျားယန်တွင် တာဝန် ထမ်းဆောင်ရသည့် စစ်သည်များ အတွက် ရိက္ခာ ပို့ဆောင်သည့် လုပ်ငန်းသည် စစ်ဆင် တိုက်ခိုက်ရန် လှုပ်ရှား ဆောင်ရွက်သည့် ကိစ္စမျိုး မဟုတ်ဘဲ သာမန် လုပ်ရိုး လုပ်စဉ် အုပ်ချုပ်မှု ကိစ္စသာ ဖြစ်ပါသည်။ ယင်းသို့ လုပ်ဆောင်သည့် အချိန်တိုင်း တပ်မတော် အနေဖြင့် အသိပေးရန် မလိုသော်လည်း KIA အဖွဲ့ထံ စာဖြင့် ကြိုတင် အသိပေး အကြောင်း ကြားပြီးမှသာ ဆောင်ရွက် ခဲ့ပါသည်။ သို့သော် ရိက္ခာ ပို့ဆောင် စဉ်တိုင်း KIA တို့မှ အင်အား စုစည်း၍ နေရာ အနှံ့အပြားမှ စောင့်ကြို တိုက်ခိုက် ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ်၊ ဒီဇင် ဘာလ ၂၃ ရက်နေ့တွင် လဂျားယန် လုံခြုံရေး တပ်စခန်းသို့ ရိက္ခာ ပို့ဆောင်မည့် အကြောင်း ကို ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့မှ တစ်ဆင့် KIA အဖွဲ့ထံ တရားဝင် စာဖြင့် အကြောင်းကြား ခဲ့ပါသည်။ KIA တို့က စောင့်ကြို တိုက်ခိုက် ခဲ့ပြန်ပါသည်။ ရိက္ခာ ပို့ဆောင် ခဲ့သည့် အကြိမ်တိုင်း KIA တို့၏ စောင့်ကြို တိုက်ခိုက် မှုကြောင့် စုစုပေါင်း တပ်မတော်သား ၃၅ ဦး ကျဆုံးကာ  ၁၉ဝ  ဦး ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ပါသည်။         

လဂျားယန် စခန်းရှိ  စစ်သည်များ အနေဖြင့်  ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရိက္ခာ ကုန်မည် ဖြစ်သော်လည်း ကျန်ရှိသည့် ရိက္ခာ အနည်းငယ်အား ရိက္ခာ လာရောက် ပို့ဆောင်သူများ မရောက်မီ အချိန်အတွင်း နေ့စဉ် ချွေတာ စားသုံးနေ ခဲ့ရပါသည်။  ဤသို့ စားသုံး နေရသည့် ရက်များ ရှည်ကြာ လာခဲ့သည့် အတွက်  ရိက္ခာ လက်ကျန် မရှိတော့သည့် အခြေ အနေသို့ ဆိုက်ရောက် ခဲ့ရပြီး အချိန်မီ ရိက္ခာ မပို့ဆောင် နိုင်ပါက အစာရေစာ ပြတ်လပ်၍ သေဆုံးခြင်း၊ သို့မဟုတ် KIA မှ ဖမ်းဆီးမှု ခံရခြင်း၊ သို့မဟုတ် နှစ်မျိုးစလုံး ဖြစ်နိုင်ဖွယ် ရှိပါသည်။ ယင်း အခြေ အနေတွင် KIA တို့က လဂျားယန် စခန်းအား အပြင်မှ သံဆူးကြိုး ကာရံ၍  အဆက် အသွယ် ဖြတ်တောက် ပိတ်ဆို့ ထားခဲ့ပါသည်။

လဂျားယန် တပ်စခန်းမှ စစ်သည်များ၏  ရိက္ခာ ပြတ်လပ်မှုနှင့် လုံခြုံရေး အန္တရာယ်များ တွေ့ကြုံ နေရသည့် အခြေအနေ တို့မှ ကယ်တင် နိုင်ရန် တပ်မတော် အနေဖြင့် လမ်းကြောင်း ရှင်းလင်းသည့် တိုက်ခိုက်မှု တစ်ခုကို ရည်မှန်းချက် ကန့်သတ်ချက်၊ နယ်မြေ ကန့်သတ် ချက်နှင့် အင်အား ကန့်သတ်ချက်တို့ ထားရှိပြီး မလွှဲမရှောင် သာ ဆောင်ရွက် ခဲ့ရပါသည်။

ယင်းတိုက်ခိုက် မှုတွင် KIA တို့မှ ယခင် ထင်မှတ် ထားသည်ထက် အင်အားများပြား လွန်းနေ ခြင်း၊ နေရာ အများ အပြားတို့မှ အခိုင်အမာ ခံစစ်ဆင် ပိတ်ဆို့ ထားခြင်း၊ မြေမြှုပ် မိုင်းများ၊ ချိန်ကိုက် မိုင်းများ၊  ဆွဲမိုင်းများ၊  အများအပြား အသုံးပြု တိုက်ခိုက်ခြင်း၊  တပ်မတော် စစ်ကြောင်းများ ချီတက်ရာ လမ်းဝဲယာ တောင်ကုန်း များ ပေါ်မှ ပြင်းထန်စွာ ပိတ်ဆို့ ခုခံခြင်း များကြောင့် တပ်မတော် အနေဖြင့် လဂျားယန် စခန်းသို့ ရိက္ခာ အချိန်မီ ရောက်ရှိရေး အလို့ငှာ အရပ်သား ပစ်မှတ်များကို မထိခိုက် စေဘဲ အကန့် အသတ်ဖြင့် ပစ်ကူ ရယူ တိုက်ခိုက် ဆောင်ရွက် ခဲ့ရပါသည်။

နိုင်ငံတော် အစိုးရနှင့် တပ်မတော် တို့သည် ငြိမ်းချမ်းရေးကို အမှန်ပင် လိုလားကြောင်း  ထပ်ခါ တလဲလဲ ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် နိုင်ငံတော် သမ္မတက ထိုးစစ်ဆင် တိုက်ခိုက်မှုများ မပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး တပ်မတော် အနေဖြင့် တိကျစွာ လိုက်နာလျက် ရှိပါသည်။ KIA အဖွဲ့နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို အလွတ် သဘော ၄ ကြိမ်၊ ပြည်နယ် အဆင့် ၃ ကြိမ်၊ ပြည်ထောင်စု အဆင့် ၄ ကြိမ် ပြုလုပ် ခဲ့ပြီး ဖြစ်ပါသည်။

သို့သော် KIA အဖွဲ့ အနေဖြင့် ၂ဝ၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ အထိ တပ်မတော် စစ်ကြောင်းများ သာမက စစ်ရေး အရ မဟုတ်သည့် လမ်းတံတား များအား ဖောက်ခွဲ ဖျက်ဆီးခြင်း ၁၉၈ ကြိမ်၊ အရပ်သား များအား မိုင်းဖြင့် တိုက်ခိုက်ခြင်း  ၆၆ ကြိမ်၊  လုယက် ဖျက်ဆီးခြင်း ၉၈ ကြိမ်၊ လူသစ် များ အဓမ္မ ဖမ်းဆီးခြင်း ၃၅ ကြိမ် ပြုလုပ် ခဲ့ပါသည်။

၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်နေ့ ရွှေလီမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွင် နှစ်ဖက်ကြိုတင် ညှိနှိုင်းချက် အရ တပ်ပိုင်းဆိုင်ရာ ကိစ္စများ ဆွေးနွေးရန် တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦးကို ပင်လျှင် အဖွဲ့ဝင် အဖြစ် စေလွှတ်ေ ပးခဲ့ပါသည်။ KIA ဘက်မှ အရေးပါသည့် ခေါင်းဆောင်ပိုင်း တက်ရောက်မှု မရှိ ခဲ့ခြင်းကြောင့် ထိရောက်သည့် ဆွေးနွေး မှုများ မပြုလုပ်နိုင် ခဲ့ခြင်းမှာ ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာ ရခြင်း၏ အခြေခံ အကြောင်း တစ်ချက် ဖြစ် ပါသည်။

၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အထမမြောက် ခဲ့သော် လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ၂ဝ၁၂ ခုနှစ်၊ ဒီဇင် ဘာလ ၁၃ ရက်နေ့တွင် ၁ ကြိမ်၊ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ၁ ကြိမ် KIO  အဖွဲ့ ထံသို့ တရားဝင် ကမ်းလှမ်းမှုများ ဆက်လက်ပြု လုပ်ခဲ့ပါသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန် ချက် (၃/၂ဝ၁၃)ကို၂ဝ၁၃ခုနှစ်၊  ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သော်လည်း ၄င်းနေ့ တွင်ပင် တရား ဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသော ကာမိုင်း ပြည်သူ့ ရဲစခန်းအား ဝင်ရောက် တိုက်ခိုက်ခြင်း၊ ဗန်းမော်-လွယ်ဂျယ် လမ်းရှိ အရပ်သား ကားများ မိုင်းခွဲ တိုက်ခိုက်ခြင်း၊ ဖားကန့် ဒေသရှိ ကျောက်မျက် ကုမ္ပဏီ များအား  ဝင်ရောက် မီးရှို့ဖျက် ဆီးခြင်း စုစုပေါင်း ၁၁ ကြိမ် အကြမ်းဖက် တိုက်ခိုက် ခဲ့ပါသည်။

အချုပ်အားဖြင့် တပ်မတော် အနေဖြင့် တိုင်းရင်းသား များအား တိုက်ခိုက်ခြင်း မဟုတ်ဘဲ လမ်းပန်း ဆက်သွယ်မှု လုံခြုံ ချောမွေ့ စေရေးနှင့် ပြည်သူ လူထု၏ အသက် အိုးအိမ် စည်းစိမ်အား နှောင့်ယှက် ဖျက်ဆီးလျက် ရှိသော မည်သည့် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ အစည်းကို မဆို တပ်မတော်၏ တာဝန်အရ ကာကွယ် တိုက်ခိုက် ရခြင်း ဖြစ်ပါကြောင်း ဖော်ပြ အပ်ပါသည်။    
မြ၀တီ

မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းနှင့် လဂျားယန် စခန်းအား KIA မှ ထိန်းချုပ် ထားစဉ်။ မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းနှင့် လဂျားယန် စခန်းအား KIA မှ ထိန်းချုပ် ထားစဉ်။

မြို့တော် မြစ်ကြီးနားနှင့် တောင်ဘက်ရှိ ဗန်းမော်မြို့ကို ဆက်သွယ် ထားသောအရှည် (၁၁၄)မိုင်ရှိ ပြည်ထောင်စုလမ်းမကြီးသည် ကချင်ပြည်နယ်၏အသက် သွေးေ ကြာသဖွယ် အရေးပါလှပါ သည်။ ဒေသနေ ပြည်သူအများစုမှာ ဤလမ်းမကြီးကို အမှီ သဟဲပြု နေ့ည ဖြတ်သန်းသွားလာ နိုင်ပြီး မြစ်ကြီးနားမှ ဗန်းမော်မြို့ထိ ခရီး သည် ၆ နာရီ ခရီးသာ ကွာဝေးပါသည်။ ယင်းခရီးတစ်ဝက် ခန့်တွင် လဂျားယန်ရွာရှိပြီး လဂျားယန်သည် လိုင်ဇာမြို့၏ ဝင်ထွက် ပေါက်
လည်း ဖြစ် ပါသည်။

ကချင် ပြည်နယ်သည် ၁၉၉၄ ခုနှစ်၊ KIA တို့ ငြိမ်းချမ်းရေးယူစဉ်ကတည်းက တည်ငြိမ် အေးချမ်း နေခဲ့ ပြီး ဖြစ်ပါသည်။ ၂ဝ၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် တာပိန်ရေအား လျှပ်စစ်စီမံကိန်းလုံခြုံရေးတာဝန် ထမ်းဆောင် နေသော တပ်မတော်အရာရှိ နှစ်ဦးအား KIA တို့မှ ဖမ်းဆီး ထိန်းသိမ်း ခဲ့သဖြင့် ၄င်းကိစ္စ အပေါ် အေးချမ်းစွာ ဖြေရှင်းရန်သွားရောက်ခဲ့သည့် အခြေချစစ်ဗျူဟာမှူးဦးစီး စစ်ကြောင်းကို ဆန်ခါစခန်း၊ ထုံးဘိုစခန်းများရှိ KIA တို့မှ စောင့်ကြိုပစ်ခတ်ခဲ့ရာမှတပ်မတော်နှင့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပါသည်။

လဂျားယန်တပ်စခန်းသည် ပြည်ထောင်စုလမ်းမကြီးလုံခြုံရေးနှင့် နယ်မြေ အေးချမ်းရေးအတွက် အရေး ပါသောတပ်စခန်း ဖြစ်ပါသည်။ ယင်းစခန်းသည် ၁၉၉၄ ခုနှစ်၊ KIA တို့နှင့် ငြိမ်းချမ်းရေးမယူစဉ် ကတည်း က မိမိတပ်မတော်မှအခြေချခဲ့ပြီး နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ငြိမ်းချမ်းရေး ဆောင် ရွက်ထားမှုကို အခွင့်ကောင်းယူကာ KIA တို့က လဂျားယန်စခန်းအနီးသို့ တိုးချဲ့လှုပ်ရှားအခြေပြု လာကြသဖြင့် ပုံတွင် ဖော်ပြထားသည့်အတိုင်းတပ်မတော်စခန်းငယ်တစ်ခုအား KIA အင်အားအများ အပြားဖြင့် ဝိုင်းပတ်ပိတ်ဆို့ထားသည့် အခြေအနေသို့ ရောက်ရှိ ခဲ့ရပါသည်။

လဂျားယန်တွင် တာဝန်ထမ်းဆောင်ရသည့်စစ်သည်များအတွက် ရိက္ခာပို့ဆောင်သည့်လုပ်ငန်းသည် စစ်ဆင်တိုက်ခိုက်ရန် လှုပ်ရှား ဆောင်ရွက်သည့်ကိစ္စမျိုးမဟုတ်ဘဲ သာမန်လုပ်ရိုးလုပ်စဉ် အုပ်ချုပ်မှု ကိစ္စသာ ဖြစ်ပါသည်။ ယင်းသို့လုပ်ဆောင်သည့်အချိန်တိုင်း တပ်မတော်အနေဖြင့် အသိပေးရန် မလိုသော် လည်း KIA အဖွဲ့ထံစာဖြင့် ကြိုတင်အသိပေးအကြောင်းကြားပြီးမှသာ ဆောင်ရွက်ခဲ့ပါသည်။ သို့သော် ရိက္ခာပို့ဆောင်စဉ်တိုင်း KIA တို့မှအင်အားစုစည်း၍ နေရာအနှံ့အပြားမှ စောင့်ကြိုတိုက်ခိုက်ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် လဂျားယန်လုံခြုံရေးတပ်စခန်းသို့ ရိက္ခာပို့ဆောင်မည့် အကြောင်းကို ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့မှ တစ်ဆင့် KIA အဖွဲ့ထံတရားဝင်စာဖြင့် အကြောင်း ကြားခဲ့ပါသည်။ KIA တို့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြန်ပါသည်။ ရိက္ခာပို့ဆောင်ခဲ့သည့် အကြိမ်တိုင်း KIA တို့၏ စောင့်ကြိုတိုက်ခိုက်မှုကြောင့် စုစုပေါင်း တပ်မတော်သား ၃၅ ဦး ကျဆုံးကာ ၁၉ဝ ဦး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ပါသည်။

လဂျားယန်စခန်းရှိစစ်သည်များအနေဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရိက္ခာကုန်မည် ဖြစ်သော်လည်း ကျန်ရှိသည့်ရိက္ခာအနည်းငယ်အား ရိက္ခာလာရောက်ပို့ဆောင်သူများ မရောက်မီ အချိန်အတွင်း နေ့စဉ် ချွေ တာစားသုံးနေခဲ့ရပါသည်။ ဤသို့စားသုံး နေရသည့်ရက်များရှည်ကြာလာခဲ့သည့်အတွက် ရိက္ခာလက်ကျန် မရှိတော့သည့် အခြေအနေသို့ဆိုက်ရောက်ခဲ့ရပြီး အချိန်မီရိက္ခာမပို့ဆောင် နိုင်ပါက အစာရေစာ ပြတ်လပ် ၍ သေဆုံးခြင်း၊ သို့မဟုတ် KIA မှ ဖမ်းဆီးမှုခံရခြင်း၊ သို့မဟုတ် နှစ်မျိုးစလုံး ဖြစ်နိုင်ဖွယ်ရှိပါသည်။ ယင်း အခြေအနေတွင် KIA တို့က လဂျားယန်စခန်းအား အပြင်မှသံဆူးကြိုးကာရံ၍ အဆက် အသွယ် ဖြတ်တောက် ပိတ်ဆို့ ထားခဲ့ပါသည်။

လဂျားယန်တပ်စခန်းမှ စစ်သည်များ၏ ရိက္ခာပြတ်လပ်မှုနှင့် လုံခြုံရေးအန္တရာယ်များ တွေ့ကြုံ နေရသည့် အခြေအနေတို့မှ ကယ်တင် နိုင်ရန် တပ်မတော်အနေဖြင့် လမ်းကြောင်းရှင်းလင်းသည့် တိုက်ခိုက်မှု တစ်ခုကို ရည်မှန်းချက်ကန့်သတ်ချက်၊ နယ်မြေကန့်သတ်ချက်နှင့် အင်အားကန့်သတ်ချက်တို့ထားရှိပြီး မလွှဲ မရှောင်သာ ဆောင်ရွက်ခဲ့ရပါသည်။

ယင်းတိုက်ခိုက် မှုတွင် KIA တို့မှ ယခင် ထင်မှတ်ထားသည်ထက်အင်အားများပြားလွန်းနေ ခြင်း၊ နေရာ အများအပြားတို့မှ အခိုင်အမာခံစစ်ဆင်ပိတ်ဆို့ထားခြင်း၊ မြေမြှုပ်မိုင်းများ၊ ချိန်ကိုက်မိုင်းများ၊ ဆွဲမိုင်းများ၊ အများအပြား အသုံးပြုတိုက်ခိုက်ခြင်း၊ တပ်မတော်စစ်ကြောင်းများ ချီတက်ရာလမ်းဝဲယာ တောင်ကုန်း များ ပေါ်မှ ပြင်းထန်စွာပိတ်ဆို့ခုခံခြင်းများကြောင့် တပ်မတော်အနေဖြင့် လဂျားယန်စခန်းသို့ ရိက္ခာ အချိန်မီရောက်ရှိရေး အလို့ငှာ အရပ်သားပစ်မှတ်များကို မထိခိုက် စေဘဲ အကန့်အသတ်ဖြင့် ပစ်ကူရယူ တိုက်ခိုက် ဆောင်ရွက်ခဲ့ရပါသည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့သည် ငြိမ်းချမ်းရေးကိုအမှန်ပင်လိုလားကြောင်း ထပ်ခါ တလဲလဲ ပြော ကြားခဲ့ပြီး ဖြစ်ပါသည်။ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် နိုင်ငံတော်သမ္မတကထိုးစစ်ဆင် တိုက်ခိုက်မှုများမပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး တပ်မတော်အနေဖြင့် တိကျစွာလိုက်နာလျက် ရှိပါသည်။ KIA အဖွဲ့နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အလွတ်သဘော ၄ ကြိမ်၊ ပြည်နယ်အဆင့် ၃ ကြိမ်၊ ပြည်ထောင်စုအဆင့် ၄ ကြိမ် ပြုလုပ် ခဲ့ပြီး ဖြစ်ပါသည်။

သို့သော် KIA အဖွဲ့ အနေဖြင့် ၂ဝ၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ အထိ တပ်မတော် စစ်ကြောင်းများသာမက စစ်ရေးအရမဟုတ်သည့် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း ၁၉၈ ကြိမ်၊ အရပ်သားများအားမိုင်းဖြင့် တိုက်ခိုက်ခြင်း ၆၆ ကြိမ်၊ လုယက်ဖျက်ဆီးခြင်း ၉၈ ကြိမ်၊ လူသစ် များ အဓမ္မဖမ်းဆီးခြင်း ၃၅ ကြိမ် ပြုလုပ် ခဲ့ပါသည်။

၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်နေ့ ရွှေလီမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွင် နှစ်ဖက်ကြိုတင်ညှိနှိုင်းချက်အရ တပ်ပိုင်းဆိုင်ရာကိစ္စများ ဆွေးနွေးရန် တပ်မတော်မှဒုတိယ ဗိုလ်ချုပ်ကြီးတစ်ဦးကိုပင်လျှင် အဖွဲ့ဝင်အဖြစ် စေလွှတ်ပေးခဲ့ပါသည်။ KIA ဘက်မှ အရေးပါ သည့် ခေါင်းဆောင်ပိုင်း တက်ရောက်မှုမရှိခဲ့ခြင်းကြောင့်ထိရောက်သည့် ဆွေးနွေးမှုများ မပြုလုပ်နိုင် ခဲ့ခြင်းမှာ ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာ ရခြင်း၏ အခြေခံ အကြောင်း တစ်ချက် ဖြစ် ပါသည်။

၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအထမမြောက် ခဲ့သော် လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီမှ ၂ဝ၁၂ ခုနှစ်၊ ဒီဇင် ဘာလ ၁၃ ရက်နေ့တွင် ၁ ကြိမ်၊ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ၁ ကြိမ် KIO အဖွဲ့ ထံသို့ တရားဝင် ကမ်းလှမ်းမှုများ ဆက်လက်ပြု လုပ်ခဲ့ပါသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့၏သတင်းထုတ်ပြန်ချက် (၃/၂ဝ၁၃) ကို၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သော်လည်း ၄င်းနေ့တွင်ပင် တရား ဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသော ကာမိုင်း ပြည်သူ့ ရဲစခန်းအား ဝင်ရောက် တိုက်ခိုက်ခြင်း၊ ဗန်းမော်-လွယ်ဂျယ်လမ်းရှိ အရပ်သားကားများ မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဖားကန့် ဒေသရှိ ကျောက်မျက်ကုမ္ပဏီ များအား ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်း စုစုပေါင်း ၁၁ ကြိမ် အကြမ်းဖက် တိုက်ခိုက်ခဲ့ပါသည်။

အချုပ်အားဖြင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားများအား တိုက်ခိုက်ခြင်းမဟုတ်ဘဲ လမ်းပန်း ဆက်သွယ်မှု လုံခြုံ ချောမွေ့ စေရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အား နှောင့်ယှက် ဖျက်ဆီးလျက်ရှိသော မည်သည့်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းကိုမဆို တပ်မတော်၏ တာဝန်အရ ကာကွယ်တိုက်ခိုက်ရခြင်း ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။
မြ၀တီ

No comments:

Post a Comment