ကမ္ဘာကျော်လူမှုကွန်ယက်တစ်ခုဖြစ်သ ည့်
Facebook တွင် status တင်ခြင်းသည် မိတ်ဆွေများ၏ “ကြိုက်နှစ်သက်ခြင်း
(Like)” လုပ်ခံ ရသည် ဖြစ်စေ၊ မခံရသည်ဖြစ်စေ ၊ ကောလိပ်ကျောင်းသားများအား
အထီးကျန်ခံစားရမှုကျဆင်းစေ ကြောင်း လေ့လာမှုတစ်ခုအရ သိရ သည်။
Facebook သည်စိတ်ကျ ရောဂါဖြစ်စေသည့် အကြောင်းရင်းဟုတ်မဟုတ်ကိုလည်း
ငြင်းခုန်ကြဆဲဖြစ် သည်။ သို့သော် Facebook အသုံးပြုသူတိုင်းလိုလိုက
Facebook သည်စွဲလန်းစေသည်ဆိုသည့်
အချက်ကို လက်ခံထားကြသည်။
ယခုသုတေသနတွင် Facebook ပေါ်သို့ စာတင်ခြင်းသည် အထီးကျန်ခံစားရခြင်းကို
သက်သာစေခြင်း ရှိမရှိ အဓိကလေ့လာခဲ့ကြသည်။ ဂျာမဏီ နိုင်ငံ ဘာလင်တက္ကသိုလ်နှင့်
အရီဇိုး နားတက္ကသိုလ်မှ သုတေသီ များက ကောလိပ်ကျောင်းသားများ၏
ပျော်ရွှင်မှုနှင့် အထီးကျန်ဆန်မှုအတိုင်း အတာပမာဏကို စူးစမ်းခဲ့ကြ သည်။
သုတေသီများ အတုဖန်တီးထားသော Facebook အသုံးပြုသူ User ကိုလည်း ကောလိပ်ကျောင်းသားများ က မိတ်ဆွေအဖြစ် စာရင်းထည့်သွင်း ခဲ့ကြသည်။
ကောလိပ်ကျောင်းသားအချို့ အား Facebook တွင် ပုံမှန်ထက်စာ
သားများပိုတင်စေပြီး ကျန်ကျောင်းသား များ၏ Facebook အသုံးပြုမှုကို
ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ စောင့် ကြည့်ခဲ့သည်။
တစ်ပတ်အကြာတွင် ပထမ ကျောင်းသားအုပ်စုသည် ညွှန်ကြား ထားသည့်အတိုင်း Facebook တွင် စာသားများပုံမှန်ထက်ပိုရေးသားခဲ့ ကြ သည်။ နေ့စဉ်တစ်နေ့တာအဆုံးသတ် ချိန်၌ ကျောင်းသား တစ်ဦးချင်း စီ၏ စိတ်ဓါတ်ကျဆင်းမှု၊ ပျော်ရွှင်မှုနှင့် အထီးကျန်ဆန်မှုတို့ကိုမေးခွန်းများ မေး၍ လေ့လာခဲ့ကြသည်။
Facebook တွင်စာသားများ ပိုမိုရေးသားခဲ့သူများသည် Facebook စာမျက်နှာတွင်
စာရေးသားလေ့မရှိ သူများထက် အထီးကျန်ဆန်မှုပိုမို နည်းပါးသည်ကို တွေ့ရသည်။
သို့သော်ကျောင်းသားများ၏ စိတ် ဓါတ်ကျဆင်းမှု (သို့) ပျော်ရွှင်မှုစ
သည့်ခံစားချက်များသည် ကျောင်း သင်ခန်းစာများကျက်မှတ်ချိန်ကို များ
စွာသက်ရောက်မှုမရှိပေ။ ရေးသား ထားသည့် status update ကို မည်သူမျှ
နှစ်သက်ကြောင်း “Like” ခလုတ်နှိပ်ခြင်းမရှိသော်လည်း အထီး
ကျန်ဆန်မှုလျော့ကျစေသည်ကို ကြည့် ခြင်းအားဖြင့် ထင်ပေါ်ကျော်ကြားမှု နှင့်
အထီးကျန်ဝေဒနာသက်သာမှုတို့ ဆက်စပ်မှုမရှိသည်ကိုတွေ့ရသည်။
လူမှုရေးထိတွေ့ဆက်ဆံမှု များအကြောင်း စဉ်းစားတွေးတောရုံ ဖြင့် အထီးကျန်ဝေဒနာ
လျော့ပါးစေ သည့် သက်ရောက်မှုကို သုတေသီ များက “အဆာပြေလူမှုရေးအာနိသင် (Social
snacking)” ဟု အမည်ပေး ထားသည်။
““သရေစာမုန့်တစ်ခု စားလိုက်
ခြင်းအားဖြင့် နောက်တစ်ကြိမ် အနပ် ကြီးမစားမီ ခဏတာဗိုက်ဆာသက်
သာသွားသလိုပါပဲ။ လူမှုရေးသရေစာကလည်း လက်တွေ့ဘ၀လူမှုရေး
ထိတွေ့ဆက်ဆံမှုကင်းမဲ့နေ တဲ့အချိန်ကို အတိုင်းအတာတစ်ခုအထိ ခံနိုင် ရည်ရှိစေပါတယ်”” ဟု သုတေသနစာ တမ်းတွင် ဖော်ပြ ထားသည်။
လေ့လာမှုကို လူမှုရေး စိတ်ကျန်း မာပညာနှင့် ကိုယ်ရည်ကိုယ်သွေး
သိပ္ပံပညာဂျာနယ် (Journal Social Psychological and Personality Science)
တွင် ဖော်ပြထားသည်။
Source: MDI
Health Updates Journal
Myanmar Online News

No comments:
Post a Comment