နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ဝင်းတဲကူးအုပ်စု သစ် တောရွာ၏
အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ချောင်းမ ငယ် ချောင်း၌ ရှေးဟောင်း
သစ်ထွင်း လှေတစ်စင်း တွေ့ရှိကြောင်း သိရသည်။
ယခု တွေ့ရှိရသောသစ်ထွင်းလှေကြီးသည် လယ်ဝေးမြို့နယ် အနောက်ဘက် ၉ မိုင်ခန့်အကွာရှိ ဝင်းတဲကူး
ကျေးရွာအုပ်စုသစ်တော ကျေးရွာ၏ မြောက်ဘက်တစ်မိုင်ခန့်အကွာ အနောက်မြောက် ဘက် ရှိ ချောင်းမငယ် ချောင်းစပ် တောင်သူ ဦးမောင်ဌေး၏ ယာခင်းစပ် နေရာ၌
သဲများဖုံးလွှမ်းလျက်ရှိသည်ကို ဇန်နဝါရီ ၁၅ ရက် နံနက် ၇ နာရီက တောင်သူဦးမောင်ဌေးမှ သဲသောင်ခုံ ပေါ်တွင် ဆောင်းမြေပဲ စိုက်ပျိုး ရန် မြေပြုပြင်ရာမှ တွေ့ရှိခြင်း ဖြစ်သည်။
အဆိုပါ လှေကြီးကိုဝင်းတဲကူး ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးဦးစန်းဝင်းနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ လယ်ဝေးမြို့နယ်
အုပ်ချုပ်ရေးမှူးရုံးသို့ သတင်း ပေးပို့ချက်အရ လယ်ဝေးမြို့နယ်
အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
စစ်ဆေးရာသစ်ထွင်းလှေကြီး၏ အလျားမှာ ၆၄ ပေ၊ လုံး ပတ် ၈ ပေ ၃ လက်မ၊ အကျယ် ၁
ပေ ၈
လက်မရှိပြီး သင်္ကန်းနက် သစ်အမျိုး အစားဖြစ်ကြောင်း သိရသည်။
မြ၀တီ
နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ဝင်းတဲကူးအုပ်စု သစ် တောရွာ၏ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ချောင်းမ ငယ် ချောင်း၌ ရှေးဟောင်း သစ်ထွင်း လှေတစ်စင်း တွေ့ရှိကြောင်း သိရသည်။
ယခု တွေ့ရှိရသောသစ်ထွင်းလှေကြီးသည် လယ်ဝေးမြို့နယ် အနောက်ဘက် ၉ မိုင်ခန့်အကွာရှိ ဝင်းတဲကူး ကျေးရွာအုပ်စုသစ်တော ကျေးရွာ၏ မြောက်ဘက်တစ်မိုင်ခန့်အကွာ အနောက်မြောက် ဘက် ရှိ ချောင်းမငယ် ချောင်းစပ် တောင်သူ ဦးမောင်ဌေး၏ ယာခင်းစပ် နေရာ၌ သဲများဖုံးလွှမ်းလျက်ရှိသည်ကို ဇန်နဝါရီ ၁၅ ရက် နံနက် ၇ နာရီက တောင်သူဦးမောင်ဌေးမှ သဲသောင်ခုံ ပေါ်တွင် ဆောင်းမြေပဲ စိုက်ပျိုး ရန် မြေပြုပြင်ရာမှ တွေ့ရှိခြင်း ဖြစ်သည်။
အဆိုပါ လှေကြီးကိုဝင်းတဲကူး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစန်းဝင်းနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သတင်း ပေးပို့ချက်အရ လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာသစ်ထွင်းလှေကြီး၏ အလျားမှာ ၆၄ ပေ၊ လုံး ပတ် ၈ ပေ ၃ လက်မ၊ အကျယ် ၁ ပေ ၈ လက်မရှိပြီး သင်္ကန်းနက် သစ်အမျိုး အစားဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment