Wednesday 23 January 2013

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံရှိ ပြည်တွင်း အထည်ချုပ် လုပ်ငန်းများသို့ အော်ဒါစတင်မှာယူ

Photo: အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံရှိ ပြည်တွင်း အထည်ချုပ် လုပ်ငန်းများသို့ အော်ဒါစတင်မှာယူ
Wednesday, January 23, 2013

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံရှိ ပြည်တွင်း အထည်ချုပ် လုပ်ငန်းများသို့ အထည်အော်ဒါများ စတင် မှာယူနေပြီ ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ အော်ဒါ မှာယူခဲ့သော်လည်း
ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း၊ သို့သော်
ဆွေးနွေးနေဆဲသာဖြစ်ပြီး စာချုပ်ချုပ်ဆိုသည့် အဆင့်အထိ မရောက်သေးကြောင်း အထည်ချုပ် လုပ်ငန်းရှင်များက ဆိုပါသည်။

“အမေရိကန်က အော်ဒါ မှာတယ်ဆိုပေမယ့် Contract ထိုးတဲ့ အဆင့်ကို မရောက်သေးပါဘူး။ အမြန်ဆုံး ဆိုရင်တောင် ငါးလပိုင်းလောက်မှ စ နိုင်မယ် ထင်တယ်။ သူတို့တွေက ဒီမှာ စက်ရုံထောင်ချင်တယ်။ လက်ရှိ ဒီမှာက စက်ရုံ ၁၀၀ ကျော်ပဲ ရှိသေးတယ်။ လုပ်သား ဦးရေက တစ်သိန်းခွဲ လောက်ပဲ ရှိသေးတယ်” ဟု ရွှေပြည်သာ စက်မှုဇုန်ရှိ အထည်ချုပ် လုပ်ငန်းရှင် တစ်ဦးက ပြောကြားပါသည်။

ဂျပန်နိုင်ငံသို့ အဓိက တင်ပို့နေသည့် အထည်ချုပ် လုပ်ငန်းရှင် တစ်ဦးကလည်း လက်ရှိစက်ရုံများတွင် လျှပ်စစ်မီးမှာ နံနက် ၈ နာရီမှ ညနေ ၅ နာရီ အထိသာ ရရှိကြောင်း၊ ထို့အတွက် နေ့ဆိုင်းသာ လုပ်ခွင့်ရပြီး ညပိုင်း လုပ်ခွင့်မရကြောင်း၊ လက်ရှိ အချိန်အထိ အထည်ချုပ် လုပ်ငန်းများသည် ရုန်းကန်နေရဆဲ အခြေအနေ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်နိုင်ရန် အမေရိကန် နိုင်ငံအပြင် ဥရောပ နိုင်ငံအချို့ စိတ်ဝင်စားနေကြပြီး အလုပ်သမားများ၏ ကျွမ်းကျင်မှု၊ လုပ်အားခ နှုန်းထားများအပြင် စက်ရုံများ၏ လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေများကို အဓိက လေ့လာလျက်ရှိကြောင်း အထည်ချုပ် လုပ်ငန်းရှင်များထံမှ သိရသည်။

အစိုးရသစ် လက်ထက် မူဝါဒ ပြုပြင်ပြောင်းလဲ လာမှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ လိုသူများသည် မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ရန် စုံစမ်းလေ့လာမှုများ ရှိလာကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဗဟို အလုပ်အမှုဆောင်
ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

အလားတူ လက်ဝါး အထည်ချုပ်စက်ရုံမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာခင်မောင်အေးကလည်း “ပြည်တွင်း အထည်ချုပ် လုပ်ငန်းတွေမှာ အမေရိကန် အပါအ၀င် ဥရောပ နိုင်ငံအချို့ ၀င်ရောက်လုပ်ကိုင်ချင် တယ်ဆိုပြီး စုံစမ်းနေကြပါတယ်။ သူတို့ အဓိက သိချင်နေတာက အလုပ်သမား ဈေးကွက်နဲ့ လျှပ်စစ်မီး ရရှိမှုကိုပဲ။ အလုပ်သမားတွေရဲ့ လစာ၊ ကျွမ်းကျင်မှု၊ ပြီးတော့ စက်ရုံတွေရဲ့ ဓာတ်အားရရှိမှု အခြေအနေကို သူတို့ အဓိကထား စုံစမ်းကြတာ
တွေ့ရပါတယ်။ အခုပြည်တွင်းမှာ နိုင်ငံသား အမည်ခံ နိုင်ငံခြား ကုမ္ပဏီတွေလည်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှာ အမည်ပြောင်း လျှောက်ထားမှုတွေ ပြုလုပ်နေကြတယ်လို့ သိရတယ်။ အသစ်လျှောက်တာဆိုလို့ တရုတ်တိုင်ပေနဲ့ တရုတ်ကုမ္ပဏီတွေ များနေတယ်” ဟု ရှင်းပြခဲ့ပါသည်။

ဆက်လက်ပြီး “အစိုးရသစ် လက်ထက်မှာ မူဝါဒ ပြောင်းလဲလာလို့ အထည်ချုပ် ကဏ္ဍမှာ လာရောက် ရင်းနှီးမြှုပ်နှံ ချင်တယ်ဆိုပြီး
ဆွေးနွေးနေကြတယ်။ မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်ကစပြီး GSP အခွင့်အရေး မရခဲ့တော့ မြန်မာပို့ကုန်တွေ ဥရောပကို သွားရင် အခွန်သက်သာခွင့် မရခဲ့ဘူး။ အခု နော်ဝေက GSP ပေးလိုက်ပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းတွေ ကောင်းမွန်တဲ့ အနေအထား
ရောက်ရှိလာပြီလို့ ပြောနိုင်ပါတယ်” သုံးသပ်သည်။

နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံသို့ GSP ပေးအပ်သည့်အတွက် မြန်မာပို့ကုန် လုပ်ငန်းရှင်များ နော်ဝေနိုင်ငံသို့ ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ရေးနှင့် မြန်မာပို့ကုန်များ နော်ဝေနိုင်ငံသို့ လွတ်လပ်စွာ တင်ပို့နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက အလုပ်အကိုင် အခွင့်အလမ်း များပြားလာမှုနှင့်အတူ ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿနာများလည်း ကြုံတွေ့ရလာ နိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပါသည်။

အမေရိကန်နိုင်ငံနှင့် ဥရောပ သမဂ္ဂနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုများကို ၂၀၁၂ ခုနှစ်အတွင်းက ဖြေလျှော့ပေးခဲ့ပြီး ဥရောပ သမဂ္ဂက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအား နည်းပညာ အကူအညီနှင့် အထောက်အပံ့ပေးခြင်း၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။ အထူးသဖြင့် မြန်မာပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းအများ ဆုံးရရှိစေမည့် အထည်ချုပ်လုပ်ငန်း အတွက် ပူးပေါင်းဆောင်ရွက်မှုများ၊ နည်းပညာ အကူအညီ ပေးမှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင် အသင်းမှ ဒေါ်ခိုင်ခိုင်နွယ်က “အရင်တုန်းက မြန်မာနိုင်ငံရဲ့ ပို့ကုန် တင်ပို့ခွင့်ကို အမေရိကန်က ကန့်သတ်ထားတယ်။ အခု မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်ပို့ခွင့်ကို အမေရိကန်က ဖြေလျှော့လိုက်ပြီဆိုတော့ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း အလားအလာ အရမ်းကောင်းမွန်တဲ့ အနေအထားကို ရောက်လာပါပြီ။ နောက်ပြီး အထည်ချုပ် ကဏ္ဍမှာ လာရောက်ရင်းနှီး မြှုပ်နှံချင်တယ်ဆိုပြီး ဆွေးနွေးနေကြတယ်” ဟုလည်း ပြောကြားခဲ့သည်။

ဘဏ္ဍာနှစ်အလိုက် အထည်ချုပ်လုပ်ငန်းများ အခြေအနေ
စဉ်  ဘဏ္ဍာနှစ်  ပို့ကုန်  သွင်းကုန်  ကုန်သွယ်မှု
၁။  ၂၀၀၈-၂၀၀၉  ၃၈၉ ဒသမ ၀၉၀  ၂၈၁ ဒသမ ၇၁၉  ၆၇၀ ဒသမ ၈၀၉
၂။  ၂၀၀၉-၂၀၁၀  ၃၄၈ ဒသမ ၂၀၀  ၂၈၀ ဒသမ ၆၄၁  ၆၂၈ ဒသမ ၈၄၁
၃။  ၂၀၁၀-၂၀၁၁  ၄၅၄ ဒသမ ၁၈၁  ၃၈၂ ဒသမ ၄၀၉  ၈၃၆ ဒသမ ၅၉၀
၎။  ၂၀၁၁-၂၀၁၂  ၅၇၀ ဒသမ ၉၉၂  ၄၃၄ ဒသမ ၈၉၇  ၁၀၀၅ ဒသမ ၈၈၉
၅။  ၂၀၁၂-၂၀၁၃ (သြဂုတ်လအထိ)  ၂၇၂ ဒသမ ၇၈၁  ၂၂၃ ဒသမ ၆၇၉  ၄၉၆ ဒသမ ၄၆၀

Eleven Media Group
အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံရှိ ပြည်တွင်း အထည်ချုပ် လုပ်ငန်းများသို့ အထည်အော်ဒါများ စတင်မှာယူနေပြီ ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ အော်ဒါ မှာယူခဲ့သော် လည်း ဆွေးနွေးမှုများ ဆက်လက်ပုလုပ်လျက်ရှိကြောင်း၊ သို့သော်ဆွေးနွေးနေဆဲသာဖြစ်ပြီး စာချုပ်ချုပ်ဆိုသည့် အဆင့်အထိ မရောက်သေးကြောင်း အထည်ချုပ် လုပ်ငန်းရှင်များက ဆိုပါသည်။

“အမေရိကန်က အော်ဒါ မှာတယ်ဆိုပေမယ့် Contract ထိုးတဲ့ အဆင့်ကို မရောက်သေးပါဘူး။ အမြန်ဆုံး ဆိုရင်တောင် ငါးလပိုင်းလောက်မှ စ နိုင်မယ် ထင်တယ်။ သူတို့တွေက ဒီမှာ စက်ရုံထောင်ချင်တယ်။ လက်ရှိ ဒီမှာက စက်ရုံ ၁၀၀ ကျော်ပဲ ရှိသေးတယ်။ လုပ်သား ဦးရေက တစ်သိန်းခွဲ လောက်ပဲ ရှိသေးတယ်” ဟု ရွှေပြည်သာ စက်မှုဇုန်ရှိ အထည်ချုပ် လုပ်ငန်းရှင် တစ်ဦးက ပြောကြားပါသည်။

ဂျပန်နိုင်ငံသို့ အဓိကတင်ပို့နေသည့် အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးကလည်း လက်ရှိစက်ရုံများတွင် လျှပ်စစ်မီးမှာ နံနက် ၈ နာရီမှ ညနေ ၅ နာရီ အထိသာ ရရှိကြောင်း၊ ထို့အတွက် နေ့ဆိုင်းသာ လုပ်ခွင့်ရပြီး ညပိုင်း လုပ်ခွင့်မရကြောင်း၊ လက်ရှိအချိန်အထိ အထည်ချုပ်လုပ်ငန်းများသည် ရုန်းကန်နေရဆဲ အခြေ အနေ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နိုင်ရန် အမေရိကန် နိုင်ငံအပြင် ဥရောပ နိုင်ငံအချို့ စိတ်ဝင်စားနေကြပြီး အလုပ်သမားများ၏ ကျွမ်းကျင်မှု၊ လုပ်အားခ နှုန်းထားများအပြင် စက်ရုံများ၏ လျှပ်စစ်ဓာတ်အားရရှိမှုအခြေအနေများကို အဓိက လေ့လာလျက်ရှိကြောင်း အထည်ချုပ် လုပ်ငန်းရှင်များထံမှ သိရသည်။

အစိုးရသစ်လက်ထက် မူဝါဒပြုပြင်ပြောင်းလဲ လာမှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူများ သည် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ရန် စုံစမ်းလေ့လာမှုများရှိ လာကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဗဟို အလုပ်အမှုဆောင်ဒေါ်ခိုင်ခိုင်နွယ် က ပြောသည်။

အလားတူ လက်ဝါးအထည်ချုပ်စက်ရုံမှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာခင်မောင်အေးကလည်း “ပြည်တွင်း အထည်ချုပ်လုပ်ငန်းတွေမှာ အမေရိကန်အပါအ၀င် ဥရောပ နိုင်ငံအချို့ ၀င်ရောက်လုပ်ကိုင်ချင် တယ်ဆိုပြီး စုံစမ်းနေကြပါတယ်။ သူတို့အဓိက သိချင်နေတာကအလုပ်သမား ဈေးကွက်နဲ့လျှပ်စစ်မီး ရရှိမှု ကိုပဲ။ အလုပ်သမားတွေရဲ့ လစာ၊ ကျွမ်းကျင်မှု၊ ပြီးတော့ စက်ရုံတွေရဲ့ ဓာတ်အားရရှိမှု အခြေအနေကို သူတို့ အဓိကထားစုံစမ်းကြတာတွေ့ရပါတယ်။ အခုပြည်တွင်းမှာ နိုင်ငံသားအမည်ခံ နိုင်ငံခြား ကုမ္ပဏီတွေ လည်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှာအမည်ပြောင်း လျှောက်ထားမှုတွေ ပြု လုပ်နေ ကြတယ်လို့ သိရတယ်။ အသစ်လျှောက်တာဆိုလို့ တရုတ်တိုင်ပေနဲ့ တရုတ်ကုမ္ပဏီတွေ များနေ တယ်” ဟု ရှင်းပြခဲ့ပါသည်။

ဆက်လက်ပြီး “အစိုးရသစ်လက်ထက်မှာ မူဝါဒ ပြောင်းလဲလာလို့ အထည်ချုပ်ကဏ္ဍမှာ လာရောက် ရင်းနှီးမြှုပ်နှံ ချင်တယ်ဆိုပြီးဆွေးနွေးနေကြတယ်။ မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်ကစပြီး GSP အခွင့်အရေး မရခဲ့တော့ မြန်မာပို့ကုန်တွေ ဥရောပကိုသွားရင် အခွန်သက်သာခွင့်မရခဲ့ဘူး။ အခု နော်ဝေက GSP ပေး လိုက်ပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းတွေ ကောင်းမွန်တဲ့ အနေ အထားရောက်ရှိလာပြီလို့ ပြောနိုင်ပါတယ်” သုံးသပ်သည်။

နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံသို့ GSP ပေးအပ်သည့်အတွက် မြန်မာပို့ကုန် လုပ်ငန်းရှင် များ နော်ဝေနိုင်ငံ သို့ ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ရေးနှင့် မြန်မာပို့ကုန်များ နော်ဝေနိုင်ငံသို့ လွတ်လပ်စွာတင်ပို့ နိုင် မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏အထည်ချုပ်လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါ က အလုပ်အကိုင်အခွင့်အလမ်းများပြားလာမှုနှင့်အတူ ကျွမ်းကျင်လုပ်သားရှားပါးမှု ပြဿနာများလည်း ကြုံတွေ့ရလာ နိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက သုံး သပ်ပါသည်။

အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှုများကို ၂၀၁၂ ခုနှစ်အတွင်းက ဖြေလျှော့ပေးခဲ့ပြီး ဥရောပသမဂ္ဂက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအား နည်းပညာ အကူအညီနှင့် အထောက်အပံ့ပေးခြင်း၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင် သွားရန်စီစဉ်လျက်ရှိကြောင်း သိရပါသည်။ အထူးသဖြင့် မြန်မာပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းအများ ဆုံးရရှိစေမည့် အထည်ချုပ်လုပ်ငန်းအတွက် ပူးပေါင်းဆောင်ရွက်မှုများ၊ နည်းပညာ အကူ အညီပေးမှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်အသင်းမှ ဒေါ်ခိုင်ခိုင်နွယ်က “အရင်တုန်းက မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်ပို့ ခွင့်ကို အမေရိကန်က ကန့်သတ်ထားတယ်။ အခု မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်ပို့ခွင့်ကို အမေရိကန် က ဖြေလျှော့လိုက်ပြီဆိုတော့ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း အလားအလာအရမ်းကောင်းမွန်တဲ့ အနေအထားကို ရောက်လာပါပြီ။ နောက်ပြီး အထည်ချုပ် ကဏ္ဍမှာလာရောက်ရင်းနှီး မြှုပ်နှံချင်တယ် ဆိုပြီး ဆွေးနွေးနေကြတယ်” ဟုလည်း ပြောကြားခဲ့သည်။

ဘဏ္ဍာနှစ်အလိုက် အထည်ချုပ်လုပ်ငန်းများ အခြေအနေစဉ် ဘဏ္ဍာနှစ် ပို့ကုန် သွင်းကုန် ကုန်သွယ်မှု
၁။ ၂၀၀၈-၂၀၀၉ ၃၈၉ ဒသမ ၀၉၀ ၂၈၁ ဒသမ ၇၁၉ ၆၇၀ ဒသမ ၈၀၉
၂။ ၂၀၀၉-၂၀၁၀ ၃၄၈ ဒသမ ၂၀၀ ၂၈၀ ဒသမ ၆၄၁ ၆၂၈ ဒသမ ၈၄၁
၃။ ၂၀၁၀-၂၀၁၁ ၄၅၄ ဒသမ ၁၈၁ ၃၈၂ ဒသမ ၄၀၉ ၈၃၆ ဒသမ ၅၉၀
၎။ ၂၀၁၁-၂၀၁၂ ၅၇၀ ဒသမ ၉၉၂ ၄၃၄ ဒသမ ၈၉၇ ၁၀၀၅ ဒသမ ၈၈၉
၅။ ၂၀၁၂-၂၀၁၃ (သြဂုတ်လအထိ) ၂၇၂ ဒသမ ၇၈၁ ၂၂၃ ဒသမ ၆၇၉ ၄၉၆ ဒသမ ၄၆၀

Eleven Media Group

No comments:

Post a Comment