Wednesday 23 January 2013

Samsung Galaxy Note 8 လာတော့မယ်

Photo: Samsung Galaxy Note 8 လာတော့မယ်
Tuesday, January 22, 2013

ဆမ်ဆောင်းကုမ္မဏီမှ အမှုဆောင်အရာရှိတဦးက  Samsung Galaxy Note – 10 ထက် သေးငယ်တဲ့  ပစ္စည်းသစ်တွေ  ထုတ်လုပ်ဖို့ အစီအစဉ် ရှိတယ်လို့ ကြေညာလိုက်ပါပြီ။

အသစ်ထွက်လာမယ့် ပစ္စည်းသစ်ထဲက  Galaxy Note-8 ဟာ အိုင်ပက်မီနီနဲ့ အပြိုင် ဈေးကွက် ၀င်လုဖို့  ရှိနေပါတယ်။

    လကုန်ပိုင်းမှာ ထွက်လာမယ်


ဆမ်ဆောင်းမိုဘိုင်း၏ရဲ့ဥက္ကဋ္ဌ ဂျွန် ချုန်ရှင်းက သတင်းထောက်တွေကိုပြောကြားခဲ့ရာမှာ Samsung Galaxy Note 8  ကို ဖေဖော်ဝါရီ လကုန်ပိုင်း စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ မှာ  ကမ္ဘာ့မိုဘိုင်း အရောင်းပြပွဲမှ စတင် မိတ်ဆက်ပေးပါမယ်  တဲ့။

Galaxy Note-8 ဆိုတာကြောင့် သူ့ ရဲ့ဆိုဒ်ဟာ ၈ လက်မ အရွယ်ရှိပြီး  အိုင်ပက်မီနီ (Ipad mini) ရဲ့ (၇.၉) လက်မ ဆိုဒ် နဲ့ သိပ်မကွာပါဘူး။ Samsung Galaxy Tab 7 ထက်လည်း ကြီးနေပါတယ်။

အခုထွက်လာမယ့် ပစ္စည်းသစ်တွေမှာ အရင်ကနဲ့ မတူတဲ့ နည်းပညာသစ် ၊ စွမ်းဆောင်ရည် အသစ်တွေ ပါဝင်လာဖွယ်ရှိပါတယ်။  Samsung  ကတော့ နည်းပညာသစ်တွေနဲ့ ပတ်သက်ပြီး ဖွင့်ဟခြင်း မရှိသေးပါဘူး။

လက်ရှိအချိန်မှာတော့ ၁၀.၁ လက်မအရွယ်  Galaxy Note 10.1 tablet လို့ ခေါ်တဲ့ သင်ပုန်းကွန်ပြူတာ၊  ၅.၆ လက်မ အရွယ်  Samsung Galaxy Note – 2 စမတ်ဖုန်းတို့ ကို ထုတ်လုပ်ထားပါတယ်။

Samsung Galaxy Note-10 ဟာ အခုဆိုရင် ဂျယ်လီဘင်း ( Andriod OS version) ကို အဆင့်မြှင့်တင်နိုင်ပါပြီ။  ကြေညာခဲ့တဲ့ ရက်ထက့်တော့ အနည်းငယ် နောက်ကျခဲ့ပါတယ်။

    အရောင်းသွက်စမတ်ဖုန်း


လွန်ခဲ့တဲ့လပိုင်းအနည်းငယ်ကမှ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy Note – 2  ကတော့ နောက်ဆုံး ထွက်ရှိထားတဲ့  အန်းဒရိုက် (Andriod OS) ဂျယ်လီဘင်း ( Jelly Beam) နဲ့ သာ ထွက်ရှိလာခဲ့တာဖြစ်ပြီး ရောင်းကောင်းနေတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး ဖုန်း ပရိသတ်တွေစိတ်ဝင်စားနေတဲ့  Samsung Galaxy S IV ဘယ်တော့ ထွက်မလဲ ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီးတော့လည်း Samsung  က ခပ်မဆိတ် နေခဲ့တာကိုလည်း တွေ့ ရပါတယ်။

Samsung ရဲ့ အဓိက ဖုန်းတွေဟာ Samsung  အတွက် သီးသန့် ကျင်းပတဲ့ အရောင်းပြပွဲတွေမှာသာ ကြေညာလေ့ရှိတာကြောင့် ဒီ သတင်းနဲ့ ပတ်သတ်ပြီး စောင့်ကြည့်ရအုံးမယ်လို့ လည်း ဖုန်းကျွမ်းကျင်သူတွေက သုံးသပ်လျက်ရှိပါတယ်။

Samsung Galaxy S III ကို  ၂၀၁၂ ၊ မေလမှာ   စတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၂ ရဲ့ တကမ္ဘာလုံးမှာ အရောင်းရဆုံး စံချိန် တင်ထားပါတယ်။
ဒါကြောင့်  Samsung Galaxy S IV  ဟာ ဖုန်းချစ်သူများကို ဘယ်လို နည်းပညာသစ်တွေနဲ့  ဆွဲဆောင်အုံးမလဲ ဆိုတာ စိတ်ဝင်စားနေကြပါတယ်။

Source: Mashable
http://mashable.com/2013/01/21/samsung-galaxy-note-8-confirmed/


ဆောင်းဦးလင်း 
ဧရာဝတီ
ဆမ်ဆောင်းကုမ္မဏီမှ အမှုဆောင်အရာရှိတဦးက Samsung Galaxy Note – 10 ထက် သေးငယ်တဲ့ပစ္စည်းသစ်တွေ ထုတ်လုပ်ဖို့ အစီအစဉ် ရှိတယ်လို့ ကြေညာလိုက်ပါပြီ။
အသစ်ထွက်လာမယ့် ပစ္စည်းသစ်ထဲက Galaxy Note-8 ဟာ အိုင်ပက်မီနီနဲ့ အပြိုင် ဈေးကွက် ၀င်လုဖို့  ရှိနေပါတယ်။
လကုန်ပိုင်းမှာ ထွက်လာမယ်

ဆမ်ဆောင်းမိုဘိုင်း၏ ရဲ့ဥက္ကဋ္ဌ ဂျွန်ချုန်ရှင်းက သတင်းထောက်တွေကိုပြောကြားခဲ့ရာမှာ Samsung Galaxy Note 8 ကို ဖေဖော်ဝါရီ လကုန်ပိုင်း စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ မှာ ကမ္ဘာ့မိုဘိုင်း အရောင်းပြပွဲမှ စတင် မိတ်ဆက်ပေးပါမယ်တဲ့။

Galaxy Note-8 ဆိုတာကြောင့် သူ့ ရဲ့ဆိုဒ်ဟာ ၈ လက်မ အရွယ်ရှိပြီး အိုင်ပက်မီနီ (Ipad mini) ရဲ့ (၇.၉) လက်မဆိုဒ် နဲ့ သိပ်မကွာပါဘူး။ Samsung Galaxy Tab 7 ထက်လည်း ကြီးနေပါတယ်။

အခုထွက်လာမယ့်ပစ္စည်းသစ်တွေမှာ အရင်ကနဲ့ မတူတဲ့ နည်းပညာသစ် ၊ စွမ်းဆောင်ရည်အသစ်တွေ ပါဝင်လာဖွယ်ရှိပါတယ်။ Samsung ကတော့ နည်းပညာသစ်တွေနဲ့ ပတ်သက်ပြီး ဖွင့်ဟခြင်းမရှိသေးပါဘူး။

လက်ရှိအချိန်မှာတော့ ၁၀.၁ လက်မအရွယ် Galaxy Note 10.1 tablet လို့ ခေါ်တဲ့ သင်ပုန်းကွန်ပြူတာ၊ ၅.၆ လက်မ အရွယ် Samsung Galaxy Note – 2 စမတ်ဖုန်းတို့ ကို ထုတ်လုပ်ထားပါတယ်။

Samsung Galaxy Note-10 ဟာ အခုဆိုရင်ဂျယ်လီဘင်း ( Andriod OS version) ကို အဆင့်မြှင့် တင်နိုင်ပါပြီ။ ကြေညာခဲ့တဲ့ ရက်ထက့်တော့ အနည်းငယ် နောက်ကျခဲ့ပါတယ်။

အရောင်းသွက်စမတ်ဖုန်း


လွန်ခဲ့တဲ့လပိုင်းအနည်းငယ်ကမှ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy Note – 2 ကတော့ နောက်ဆုံး ထွက်ရှိထားတဲ့ အန်းဒရိုက် (Andriod OS) ဂျယ်လီဘင်း ( Jelly Beam) နဲ့ သာ ထွက်ရှိလာခဲ့တာဖြစ် ပြီး ရောင်းကောင်းနေတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး ဖုန်းပရိသတ်တွေစိတ်ဝင်စားနေတဲ့ Samsung Galaxy S IV ဘယ်တော့ ထွက်မလဲ ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီးတော့လည်း Samsung က ခပ်မဆိတ် နေခဲ့တာကိုလည်း တွေ့ ရပါတယ်။

Samsung ရဲ့ အဓိကဖုန်းတွေဟာ Samsung အတွက် သီးသန့် ကျင်းပတဲ့အရောင်းပြပွဲတွေမှာ သာ ကြေ ညာလေ့ရှိတာကြောင့် ဒီသတင်းနဲ့ ပတ်သတ်ပြီး စောင့်ကြည့်ရအုံးမယ်လို့ လည်း ဖုန်းကျွမ်းကျင်သူတွေက သုံးသပ်လျက်ရှိပါတယ်။

Samsung Galaxy S III ကို ၂၀၁၂ ၊ မေလမှာ စတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၂ ရဲ့ တကမ္ဘာလုံးမှာ အရောင်း ရဆုံး စံချိန်တင်ထားပါတယ်။
ဒါကြောင့် Samsung Galaxy S IV ဟာ ဖုန်းချစ်သူများကို ဘယ်လိုနည်းပညာသစ်တွေနဲ့  ဆွဲဆောင်အုံး မလဲ ဆိုတာ စိတ်ဝင်စားနေကြပါတယ်။

Source: Mashable
ဧရာဝတီ

No comments:

Post a Comment