Wednesday 23 January 2013

နိုင်ငံတော်နှင့် တပ်မတော်၏ သဘောထား အမှန်ကို သိမြင်၍ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ဝင် တစ်ဦး အလင်း ဝင်ရောက်ခဲ့

နိုင်ငံတော်နှင့် တပ်မတော်၏ သဘောထား အမှန်ကို သိမြင်၍ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ဝင် တစ်ဦး အလင်း ဝင်ရောက်ခဲ့
Wednesday, January 23, 2013


ကချင် ပြည်နယ်၏ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို
နှောင့်ယှက် ဖျက်ဆီးလျက် ရှိသည့် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ အဓမ္မ လုပ် ရပ် များကို လက်မခံလိုသည် KIA တပ်ဖွဲ့ဝင်များသည် တပ်မတော် စစ်ကြောင်း များသို့ အဆက်မပြတ် အလင်း ဝင်ရောက်လျက် ရှိသည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် ညနေ ၃ နာရီခွဲတွင် မြစ်ကြီးနား မြို့နယ်၊ တာလောကြီး ကျေးရွာရှိ တပ်မတော် စစ်ကြောင်း တစ်ခုသို့ KIA တပ်မဟာ ၅ မှ ကိုယ်ပိုင် အမှတ်၊ အေ-၅ဝ၁၃၄ တပ်သား နိုင်ဝင်း (၃၂)နှစ် (ဘ) ဦးလော့လီ (ရှမ်း/ဗုဒ္ဓ) သည် လက်နက်မဲ့ အလင်း ဝင်ရောက် ခဲ့ကြောင်း သိရှိ ရသည်။

အဆိုပါ KIA တပ်သား နိုင်ဝင်းသည် တာလောကြီး ရွာတွင် မိဘများနှင့် အတူ တောင်ယာ လုပ်ကိုင် နေစဉ်၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းမှ KIA အဖွဲ့ ၏ အဓမ္မ ဖမ်းဆီး ခြင်းကို ခံခဲ့ရပြီး KIA အဖွဲ့ အနေဖြင့် တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွား ရာတွင် ရွှေမှော်များ၊ ကျောက်စိမ်း တွင်းများမှ လူသစ်စု ခံရသူ များနှင့် ကျပန်း လုပ်ကိုင် သူများအား ရှေ့တန်းမှ အသေခံ ခိုင်းခြင်း၊ လူမျိုးရေး ခွဲခြား ဆက်ဆံခြင်း၊ ရိက္ခာ လုံလောက်စွာ မရခြင်းနှင့် လစာ မရရှိခြင်း တို့ကြောင့် စိတ်ရှုပ်ထွေး ကျပ်တည်းပြီး ယခုကဲ့သို့ အလင်းဝင် ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ် ရရှိသည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၂၂ ရက်နေ့အထိ KIA အလင်းဝင် ၆၃ ဦးရှိပြီး ထပ်မံ၍ အလင်း ဝင်ရောက်ရန်လည်း ရှိသေးကြောင်း သိရှိရသည်။ အလင်းဝင် KIA တပ်ဖွဲ့ဝင်အား တပ်မတော် စစ်ကြောင်းနှင့် ဒေသခံ ပြည်သူ များမှ Geneva Conventions of August 12th, 1949, Conflicts not of an international character Article 3(I) and (II) နှင့် အညီကောင်းမွန်စွာ
စောင့်ရှောက် ထားကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/local/item/5120-2013-01-23-10-14-46#.UP-TlO72usc

မြ၀တီ ကချင် ပြည်နယ်၏ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကို နှောင့်ယှက်ဖျက်ဆီးလျက် ရှိသည့် KIA အကြမ်းဖက် သောင်း ကျန်းသူ အဖွဲ့၏ အဓမ္မလုပ်ရပ်များကို လက်မခံလိုသည် KIA တပ်ဖွဲ့ဝင် များသည် တပ်မတော်စစ်ကြောင်းများသို့ အဆက်မပြတ်အလင်း ဝင်ရောက်လျက် ရှိသည်။


၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် ညနေ ၃ နာရီခွဲတွင် မြစ်ကြီးနား မြို့နယ်၊ တာလောကြီး ကျေးရွာရှိ တပ်မတော် စစ်ကြောင်း တစ်ခုသို့ KIA တပ်မဟာ ၅ မှ ကိုယ်ပိုင် အမှတ်၊ အေ-၅ဝ၁၃၄ တပ်သား နိုင်ဝင်း (၃၂)နှစ် (ဘ) ဦးလော့လီ (ရှမ်း/ဗုဒ္ဓ) သည် လက်နက်မဲ့ အလင်း ဝင်ရောက် ခဲ့ကြောင်း သိရှိ ရသည်။


အဆိုပါ KIA တပ်သား နိုင်ဝင်းသည် တာလောကြီးရွာတွင် မိဘများနှင့်အတူ တောင်ယာ လုပ်ကိုင်နေစဉ်၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှ KIA အဖွဲ့ ၏ အဓမ္မဖမ်းဆီး ခြင်းကိုခံခဲ့ရပြီး KIA အဖွဲ့ အနေဖြင့် တပ်မတော်နှင့်တိုက်ပွဲ ဖြစ်ပွားရာတွင် ရွှေမှော်များ၊ ကျောက်စိမ်းတွင်းများမှ လူသစ်စုခံရသူ များနှင့် ကျပန်းလုပ်ကိုင်သူများအား ရှေ့တန်းမှ အသေခံခိုင်းခြင်း၊ လူမျိုးရေးခွဲခြားဆက်ဆံခြင်း၊ ရိက္ခာ လုံလောက်စွာမရခြင်းနှင့် လစာမရရှိခြင်းတို့ကြောင့် စိတ်ရှုပ်ထွေးကျပ်တည်းပြီး ယခုကဲ့သို့အလင်းဝင် ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်ရရှိသည်။


၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၂၂ ရက်နေ့အထိ KIA အလင်းဝင် ၆၃ ဦးရှိပြီးထပ်မံ၍ အလင်း ဝင်ရောက်ရန်လည်းရှိသေးကြောင်း သိရှိရသည်။ အလင်းဝင် KIA တပ်ဖွဲ့ဝင်အား တပ်မတော် စစ်ကြောင်းနှင့် ဒေသခံ ပြည်သူများမှ Geneva Conventions of August 12th, 1949, Conflicts not of an international character Article 3(I) and (II) နှင့် အညီကောင်းမွန်စွာစောင့်ရှောက် ထားကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment