Wednesday 23 January 2013

သမိုင်းသစ် ရေးထိုးသွားသည့် ဘရက်ဖို့ဒ် အသင်း ကပ်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲသို့ တက်ရောက်။

သမိုင်းသစ် ရေးထိုးသွားသည့် ဘရက်ဖို့ဒ် အသင်း ကပ်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲသို့ တက်ရောက်။ 




ကပ်ပီတယ်ဝမ်းဖလား အကြိုဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ကစားခဲ့ရာမှာ အက်စ်တွန်ဗီလာအသင်းက ဘရက်ဖို့ဒ်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း နှစ်ကျော့ပေါင်း ရလာဒ် ၄-၃ ဖြင့် ဘရက်ဖို့ဒ်အသင်းက ဗိုလ်လုပွဲစဉ်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ဘရက်ဖို့ဒ်အသင်းဟာ ဝင်ဘလေမှာ ကျင်းပမည့် ဗိုလ်လုပွဲမှာ ဆွမ်ဆီး သို့မဟုတ် ချယ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဘရက်ဖို့ဒ်အသင်းဟာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် ၅၁ နှစ်အတွင်းမှာ ပထမဆုံး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်သည့် လိဂ် ၂ မှ အသင်းတစ်သင်းအဖြစ် မှတ်တမ်း တင်နိုင်ခဲ့သည်။ ဘရက်ဖို့ဒ်အသင်းအတွက် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် လမ်းကြောင်းဟာ လွယ်ကူခဲ့သည် မဟုတ်ပဲ သူ့ထက် အဆင့်မြင့် လိဂ်ပြိုင်ပွဲများဖြစ်သည့် လိဂ် ၁၊ ချန်ပီယံရှစ်၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှားမှာ ဝင်ရောက်ယှဉ်ပြိုင်နေသည့် အသင်းများကို ကျော်ဖြတ်ခဲ့ရသည်။ ပရီးမီးယားလိဂ် အသင်းကြီးများ ဖြစ်ကြသည့် ဝီဂန်၊ အာဆင်နယ်၊ အက်စ်တွန်ဗီလာအသင်းတို့ကို ကျော်ဖြတ်ပြီးမှ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲတစ်ခုအတွင်းမှာ ပရီးမီးယားလိဂ် ၃ သင်းကို ကျော်ဖြတ်နိုင်ခဲ့သည့် ပထမဆုံး လိဂ် ၂ အသင်းတစ်သင်းအဖြစ်လည်း မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။

ကပ်ပီတယ်ဝမ်း ဖလားကို ဆွတ်ခူးနိုင်သည့် အသင်းအနေနှင့် ယူရိုပါလိဂ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်ရာ ဘရက်ဖို့ဒ်အသင်းအတွက်တော့ မျှော်လင့်မထားရဲသည့် အောင်မြင်မှုမျိုး ရလာနိုင်သည့် နှစ်တစ်နှစ် ဖြစ်သည်။
Written by အောင်စိုးမိုး


Ref: Football Cafe
ကပ်ပီတယ်ဝမ်းဖလား အကြိုဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ကစားခဲ့ ရာမှာ အက်စ်တွန်ဗီလာအသင်းက ဘရက်ဖို့ဒ်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း နှစ်ကျော့ပေါင်း ရလာဒ် ၄-၃ ဖြင့် ဘရက်ဖို့ဒ် အသင်းက ဗိုလ်လုပွဲစဉ်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ဘရက်ဖို့ဒ်အသင်းဟာ ဝင်ဘလေမှာ ကျင်းပမည့် ဗိုလ်လုပွဲမှာ ဆွမ်ဆီး သို့မဟုတ် ချယ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဘရက်ဖို့ဒ်အသင်းဟာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် ၅၁ နှစ်အတွင်းမှာ ပထမဆုံး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်သည့် လိဂ် ၂ မှ အသင်းတစ်သင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ဘရက်ဖို့ဒ်အသင်းအတွက် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် လမ်းကြောင်းဟာ လွယ်ကူခဲ့သည် မဟုတ်ပဲ သူ့ထက် အဆင့်မြင့် လိဂ်ပြိုင်ပွဲများဖြစ်သည့် လိဂ် ၁၊ ချန်ပီယံရှစ်၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှားမှာ ဝင်ရောက် ယှဉ်ပြိုင်နေသည့် အသင်းများကို ကျော်ဖြတ်ခဲ့ရသည်။ ပရီးမီးယားလိဂ် အသင်းကြီးများ ဖြစ်ကြသည့် ဝီဂန်၊ အာဆင်နယ်၊ အက်စ်တွန်ဗီလာအသင်းတို့ကို ကျော်ဖြတ်ပြီးမှ တက်ရောက်နိုင် ခဲ့ခြင်း ဖြစ် သည်။ ပြိုင်ပွဲ တစ်ခုအတွင်းမှာ ပရီးမီးယားလိဂ် ၃ သင်းကို ကျော်ဖြတ်နိုင်ခဲ့သည့် ပထမဆုံး လိဂ် ၂ အသင်း တစ်သင်း အဖြစ်လည်း မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။

ကပ်ပီတယ်ဝမ်း ဖလားကို ဆွတ်ခူးနိုင်သည့် အသင်းအနေနှင့် ယူရိုပါလိဂ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်ရာ ဘရက်ဖို့ဒ်အသင်းအတွက်တော့ မျှော်လင့်မထားရဲသည့် အောင်မြင်မှုမျိုး ရလာနိုင် သည့် နှစ် တစ်နှစ် ဖြစ်သည်။

Ref: Football Cafe


No comments:

Post a Comment