Wednesday 23 January 2013

ဆက်သွယ်ရေးကဏ္ဍကို တစ်နှစ်လျှင် ၄၆.၂ ရာခိုင်နှုန်း တိုးတက် လာမည်ဟု ခန့်မှန်း

Photo: ဆက်သွယ်ရေးကဏ္ဍကို တစ်နှစ်လျှင် ၄၆.၂ ရာခိုင်နှုန်း တိုးတက်
လာမည်ဟု ခန့်မှန်း
Wednesday, January 23, 2013

၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ရေးဆွဲထားသည့် ငါးနှစ်တာကာလ အမျိုးသားစီမံကိန်းမှုကြမ်း၌ ဆက်သွယ်ရေးကဏ္ဍကို တစ်နှစ်လျှင် ၄၆.၂ ရာခိုင်နှုန်းတိုး တက်လာမည်ဟု ရည်မှန်းထားရှိခဲ့သည်။

အဆိုပါတိုးတက်နှုန်းသည် အခြားသောကဏ္ဍ အသီးသီးနှင့်နှိုင်းယှဉ်ပါက အမြင့်ဆုံးသော ရည်မှန်းချက်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းမှုကြမ်းအရ သိရသည်။ စီမံကိန်းသည် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်မှ စတင်ခြင်းဖြစ်ပြီး ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ် အထိဖြစ်ကြောင်းသိရသည်။

ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာသည့်အတွက် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်သို့ ရောက်ရှိလာသည့်အခါ တယ်လီဖုန်းအလုံးရေသည် 
၂၃ သန်းကျော်အထိသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လူတစ်ထောင်လျှင် တယ်လီဖုန်းအလုံးရေ ၄၀၀ ကျော်အထိအသုံးပြုလာ ကြမည်ဖြစ်ကြောင်း မင်းလှမဲဆန္ဒနယ်မှ ဦးမောင်တိုးက အမျိုးသား
စီမံကိန်းမှုကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ထို့အပြင် ဆက်သွယ်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမည်ဆိုပါက အချိန် ၂ နှစ်ခန့်အတွင်း အရင်းကျေမည်ဟု သိရှိရသည့်အတွက် လက်ကိုင် ဖုန်းသိပ်သည်းဆ တိုးတက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို ယခုထက် ပိုမိုရင်းနှီးမြှုပ်နှံသင့်ပါကြောင်း ဦးမောင်တိုးက
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပွဲတွင် ဆွေးနွေးခဲ့ကြောင်း
နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားသည်။

Internet Journal
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ရေးဆွဲထားသည့် ငါးနှစ်တာ ကာလ အမျိုးသားစီမံကိန်းမှုကြမ်း၌ ဆက်သွယ်ရေးကဏ္ဍကို တစ်နှစ် လျှင် ၄၆.၂ ရာခိုင်နှုန်းတိုး တက်လာမည်ဟု ရည်မှန်းထားရှိခဲ့သည်။

အဆိုပါတိုးတက်နှုန်းသည် အခြားသောကဏ္ဍ အသီးသီးနှင့်နှိုင်းယှဉ် ပါက အမြင့်ဆုံးသောရည်မှန်းချက်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းမှုကြမ်းအရသိရသည်။ စီမံကိန်းသည် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်မှ စတင်ခြင်းဖြစ်ပြီး ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ် အထိဖြစ်ကြောင်း သိရ သည်။

ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာသည့်အတွက် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်သို့ ရောက်ရှိလာသည့် အခါ တယ်လီဖုန်းအလုံးရေသည် ၂၃ သန်းကျော်အထိသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လူ တစ်ထောင်လျှင် တယ်လီဖုန်းအလုံးရေ ၄၀၀ ကျော်အထိအသုံးပြုလာ ကြမည်ဖြစ်ကြောင်း မင်းလှမဲ ဆန္ဒနယ်မှ ဦးမောင်တိုးက အမျိုးသားစီမံကိန်းမှုကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ထို့အပြင် ဆက်သွယ်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမည်ဆိုပါက အချိန် ၂ နှစ်ခန့်အတွင်း အရင်းကျေမည်ဟု သိရှိရသည့်အတွက် လက်ကိုင် ဖုန်းသိပ်သည်းဆ တိုးတက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို ယခုထက် ပိုမိုရင်းနှီးမြှုပ်နှံသင့်ပါကြောင်း ဦးမောင်တိုးကပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပွဲတွင် ဆွေးနွေးခဲ့ကြောင်းနိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားသည်။

Internet Journal

No comments:

Post a Comment