Wednesday 23 January 2013

အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် သာတူညီမျှ ရှိရေး ဘားရက် အိုဘားမား လှိုက်လှိုက်လှဲလှဲ တောင်းဆို

အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် သာတူညီမျှ ရှိရေး ဘားရက် အိုဘားမား လှိုက်လှိုက်လှဲလှဲ တောင်းဆို

အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် ဇန်နဝါရီ ၂၁ ရက်တွင် ၎င်း၏ သမ္မတ ဒုတိယ သက်တမ်း အား ဆက်လက် တာဝန်ယူ ဆောင်ရွက်ရန် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် သာတူညီမျှ ရှိရေးအတွက် လှိုက်လှဲသော တောင်းဆိုမှု တစ်ရပ်ကို ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရ သည်။

ထို့အပြင် အိုဘားမားသည် နိုင်ငံရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများနှင့် ပြန်လည် ဖော်ဆောင်ရေး လုပ်ငန်းများ တွင်လည်း အဖျက်အမှောင့် ပြုလုပ်ခြင်းကို လုံးဝ လက်ခံမည် မဟုတ်ဟု သတိပေး ပြောကြားခဲ့ သည်။ အိုဘားမားသည် ထပ်မံ တာဝန်ယူ ဆောင်ရွက်ရမည့် သမ္မတ သက်တမ်း လေးနှစ် အတွက် တရားဝင် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပြီးနောက် ဝါရှင်တန် အမျိုးသား အဆောက် အအုံတွင် ပြည်သူ ထောင်ပေါင်း များစွာကို နှုတ်ဆက် စကားများ ပြောကြား ခဲ့သည်။ ထို့နောက် ၎င်း၏ ရှေ့လုပ်ငန်းစဉ် သစ်များ နှင့် ပတ်သက်သည် များကိုလည်း အရိပ်အမြွက် ပြောကြား ထားခဲ့သည်။

ထို့ပြင် အမေရိကန် နိုင်ငံ အမှန်တရားများ အပေါ် အခြေပြု ထားမှု၊ လက်ရှိ သဘောထား ကွဲလွဲမှု များနှင့် ပတ်သက်ပြီး နိုင်ငံရေး ဆိုင်ရာ နည်းစနစ် များအား မည်သို့ ပြန်လည် ညှိနှိုင်း စေ့စပ် ရမည်ကို အကြံပြု ပြောကြား ရာ၌လည်း အမေရိကန်၏ ၄၄ ယောက်မြောက် ဖြစ်သော သမ္မတ အိုဘားမားက ''We The People" ဟူသော စကားလုံးကို ထပ်တလဲလဲ ပြောကြား သွားခဲ့ကြောင်း သိရသည်။

အိုဘားမား မိန့်ခွန်း ပြောကြားသည့် အခမ်း အနားသို့ ယခင် သမ္မတ ဟောင်းများ ဖြစ်သော ဘီလ်ကလင်တန် နှင့် ဂျင်စ်မီကာတာ တို့သည် အထက်လွှတ်တော် အမတ်များ၊ လွှတ်တော်ဆိုင်ရာ ခေါင်းဆောင် များနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်း များနှင့်အတူ တက်ရောက် ခဲ့ကြသည်။

ထို့ပြင် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာကြီး ပူနွေးမှု ဆိုင်ရာ ခြိမ်းခြောက်မှုများ၊ နိုင်ငံ ရေးနှင့် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များတွင် အဓိပ္ပာယ် ပြည့်ဝသော တာဝန်ယူ ဆောင်ရွက်မှု များကိုလည်း ပြုလုပ် သွားမည်ဟု အိုဘားမားက ကတိပြု ပြောကြား ခဲ့ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/5086-2013-01-23-09-32-40#.UP98H-72usc

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အမေရိကန် သမ္မတဘားရက်အိုဘားမားသည် ဇန်နဝါရီ ၂၁ ရက်တွင် ၎င်း၏ သမ္မတဒုတိယ သက်တမ်းအားဆက်လက်တာဝန်ယူ ဆောင် ရွက်ရန်ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် အမျိုးသား စည်လုံး  ညီညွတ်ရေး နှင့်သာတူညီမျှရှိရေးအတွက် လှိုက်လှဲသော တောင်းဆိုမှု တစ်ရပ်ကိုထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

ထို့အပြင် အိုဘားမားသည် နိုင်ငံရေးဆိုင်ရာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများနှင့် ပြန် လည် ဖော်ဆောင်ရေးလုပ်ငန်းများတွင်လည်း အဖျက်အမှောင့် ပြုလုပ်ခြင်းကိုလုံးဝလက်ခံမည်မဟုတ်ဟု သတိပေး ပြောကြားခဲ့သည်။ အိုဘားမားသည်ထပ်မံတာဝန်ယူ ဆောင်ရွက်ရမည့် သမ္မတသက် တမ်း လေးနှစ်အတွက်တရားဝင်ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် ဝါရှင်တန်အမျိုးသားအဆောက်အအုံ တွင် ပြည်သူ ထောင်ပေါင်းများစွာကို နှုတ်ဆက်စကားများ ပြောကြားခဲ့သည်။ထို့နောက် ၎င်း၏ ရှေ့ လုပ်ငန်းစဉ်သစ်များ နှင့် ပတ်သက်သည်များကိုလည်း အရိပ်အမြွက် ပြောကြားထားခဲ့သည်။

ထို့ပြင် အမေရိကန် နိုင်ငံအမှန်တရားများအပေါ် အခြေပြုထားမှု၊ လက်ရှိသဘောထား ကွဲလွဲမှုများနှင့် ပတ်သက်ပြီး နိုင်ငံရေးဆိုင်ရာ နည်းစနစ်များအားမည်သို့ ပြန်လည်ညှိနှိုင်း စေ့စပ်ရမည်ကို အကြံပြု ပြော ကြားရာ၌လည်း အမေရိကန်၏ ၄၄ ယောက်မြောက် ဖြစ်သော သမ္မတအိုဘားမားက ''We The People" ဟူသော စကားလုံးကို ထပ်တလဲလဲ ပြောကြားသွားခဲ့ကြောင်း သိရသည်။

အိုဘားမားမိန့်ခွန်း ပြောကြားသည့် အခမ်းအနားသို့ ယခင် သမ္မတ ဟောင်းများဖြစ်သော ဘီလ်က လင်တန် နှင့် ဂျင်စ်မီကာတာတို့သည် အထက်လွှတ်တော်အမတ်များ၊ လွှတ်တော်ဆိုင်ရာ ခေါင်းဆောင် များနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့်အတူ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာကြီး ပူနွေးမှု ဆိုင်ရာ ခြိမ်းခြောက် မှုများ ၊ နိုင်ငံ ရေးနှင့် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များတွင် အဓိပ္ပာယ် ပြည့်ဝသော တာဝန်ယူ ဆောင်ရွက်မှု များကို လည်း ပြုလုပ်သွားမည်ဟု အိုဘားမားက ကတိပြု ပြောကြား ခဲ့ကြောင်း သိရသည်။

  မြ၀တီ

No comments:

Post a Comment