မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်
ကြေးနီတူးဖော်ရေးလုပ်ငန်း စီမံကိန်းနယ်မြေအ တွင်း
ပြောင်းရွှေ့ကျေးရွာလေးရွာမှ မြန်မာဝမ်ပေါင်ကုမ္ပဏီ ၀န်ထမ်း ၁၂၀ ကျော်သည်
နိုဝင်ဘာ ၂ ရက်မှစ၍ လုပ်အားခလစာ အပြည့်အ၀ရရှိရေးအတွက် တောင်းဆိုခဲ့ရာ
မပြေလည်သဖြင့် နိုဝင်ဘာ ၆ ရက် ညက ညလုံးပေါက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
"တောင်းဆိုမှုက နိုဝင်ဘာ ၂ ရက်က စတင်ခဲ့တာပါ။ နိုဝင်ဘာ ၅ ရက်မှာ လည်း မြန်မာဝမ်ပေါင် ကုမ္ပဏီ တာဝန်ရှိသူ တွေနဲ့ပြောင်းရွှေ့ကျေးရွာလေးရွာက၀န်ထမ်းကိုယ်စားလှယ်တွေညှိနှိုင်းခဲ့ပါတယ်။ ဒီနေ့ မြန်မာ ၀မ်ပေါင်ကုမ္ပဏီဘက်က နေ့လယ် နှစ်နာရီမှာ ဖြေရှင်းပေးမယ်ဆိုပြီး
မဖြေရှင်းပေးတဲ့အတွက် အခု လို ည လုံးေ ပါက် ဆန္ဒဖော်ထုတ်တာပါ။ အဓိကတောင်းဆိုတာက
လုပ်ခလစာ အပြည့်အ၀ရရှိရေး၊ အလုပ်သမား အခွင့် အရေးတန်းတူရရှိေ ရး၊
မြန်မာဝန်ထမ်းအချင်းချင်း ဖိနှိပ်မှုမရှိရေး စတဲ့အ ချက်တွေ တောင်း ဆိုပါ တယ်။
အခြေခံဝန်ထမ်းလစာကို အက်ဖ်အီးစီ ၁၂၀ တိုးမြင့် တောင်း ဆိုထားပါ တယ်"ဟု
မြန်မာဝမ်ပေါင် ကုမ္ပဏီ ရုံးရှေ့တွ င် ဆန္ဒဖော် ထုတ်နေေ သာ ပြောင်းရွှေ့ကျေးရွာလေးရွာမှ ၀န်ထမ်းတစ်ဦးကပြောသည်။
"ပြောင်းရွှေ့ကျေးရွာလေးရွာကို ဦးစားပေးခန့်ထားခဲ့တာ ရွာသိမ်း၊ မြေသိမ်း
တောင်သူတွေပေါ့။ ဇွန်လကစ ခန့်ခဲ့ တာ ၀န်ထမ်း ၂၄၂ ဦးရှိပြီ။ စောစောပိုင်းက
နေ့စားဝန်ထမ်းအနေနဲ့ ခန့်ခဲ့တာ။ နေ့စား တစ်ရက်ကို ၃၁၀၀ ကျပ်နှုန်း နဲ့
ခံစားခွင့်ပြုခဲ့ရာက အောက်တိုဘာ ၁ ရက်ကစပြီး အခြေခံလစာ အက်ဖ်အီးစီ ၁၁၀
ကနေ စပြီးခံစားခွင့်ပေးခဲ့တာ။ အခုအက်ဖ်အီးစီ ၁၂၀ တိုးတောင်းတာမရလို့
ဆန္ဒထုတ်ဖော်နေကြ တာ ပါ။ မြန်မာ ၀မ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေလည်း
ဒီကိစ္စဖြေရှင်းပေးဖို့ ရန်ကုန်ကရုံးချုပ်ကို ဆင်း သွားကြ တယ်"ဟု
မြန်မာဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။
မြန်မာဝမ်ပေါင်ကုမ္ပဏီရုံးရှေ့ ဆန္ဒထုတ်ဖော်လျက်ရှိသည့် ၀န်ထမ်းများမှာ
သန့်ရှင်းရေး၊ လုံခြုံရေး၊ အထွေထွေ စသော တာဝန်များထမ်းဆောင်သော
အခြေခံဝန်ထမ်းများဖြစ်သည်။ ၄င်းတို့မှာ မြန်မာဝမ်ပေါင် ကုမ္ပဏီ တွင် ယခုနှစ်
ဇွန်လနောက်ပိုင်း နေ့စားဝန်ထမ်းအဖြစ်မှ အောက်တိုဘာ ၁ ရက်မှစ၍
အခြေခံလုပ်ခ လစာ အက်ဖ်အီးစီ ၁၁၀ ဖြင့် လခစားဝန်ထမ်းအဖြစ်
လုပ်ကိုင်နေသူများဖြစ်သည်။
ညလုံးပေါက်ဆန္ဒပြသော အလုပ်သမားများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ ယနေ့ မွန်းလွဲ နှစ်နာ ရီဝန်းကျင် တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ref:7daynews
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေးလုပ်ငန်း စီမံကိန်းနယ်မြေအ တွင်း ပြောင်းရွှေ့ကျေးရွာလေးရွာမှ မြန်မာဝမ်ပေါင်ကုမ္ပဏီ ၀န်ထမ်း ၁၂၀ ကျော်သည် နိုဝင်ဘာ ၂ ရက်မှစ၍ လုပ်အားခလစာ အပြည့်အ၀ရရှိရေးအတွက် တောင်းဆိုခဲ့ရာ မပြေလည်သဖြင့် နိုဝင်ဘာ ၆ ရက် ညက ညလုံးပေါက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
"တောင်းဆိုမှုက နိုဝင်ဘာ ၂ ရက်က စတင်ခဲ့တာပါ။ နိုဝင်ဘာ ၅ ရက်မှာ လည်း မြန်မာဝမ်ပေါင် ကုမ္ပဏီ တာဝန်ရှိသူ
"ပြောင်းရွှေ့ကျေးရွာလေးရွာကို ဦးစားပေးခန့်ထားခဲ့တာ ရွာသိမ်း၊ မြေသိမ်း တောင်သူတွေပေါ့။ ဇွန်လကစ ခန့်ခဲ့ တာ ၀န်ထမ်း ၂၄၂ ဦးရှိပြီ။ စောစောပိုင်းက နေ့စားဝန်ထမ်းအနေနဲ့ ခန့်ခဲ့တာ။ နေ့စား တစ်ရက်ကို ၃၁၀၀ ကျပ်နှုန်း နဲ့ ခံစားခွင့်ပြုခဲ့ရာက အောက်တိုဘာ ၁ ရက်ကစပြီး အခြေခံလစာ အက်ဖ်အီးစီ ၁၁၀ ကနေ စပြီးခံစားခွင့်ပေးခဲ့တာ။ အခုအက်ဖ်အီးစီ ၁၂၀ တိုးတောင်းတာမရလို့ ဆန္ဒထုတ်ဖော်နေကြ တာ ပါ။ မြန်မာ ၀မ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေလည်း ဒီကိစ္စဖြေရှင်းပေးဖို့ ရန်ကုန်ကရုံးချုပ်ကို ဆင်း သွားကြ တယ်"ဟု မြန်မာဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။
မြန်မာဝမ်ပေါင်ကုမ္ပဏီရုံးရှေ့ ဆန္ဒထုတ်ဖော်လျက်ရှိသည့် ၀န်ထမ်းများမှာ သန့်ရှင်းရေး၊ လုံခြုံရေး၊ အထွေထွေ စသော တာဝန်များထမ်းဆောင်သော အခြေခံဝန်ထမ်းများဖြစ်သည်။ ၄င်းတို့မှာ မြန်မာဝမ်ပေါင် ကုမ္ပဏီ တွင် ယခုနှစ် ဇွန်လနောက်ပိုင်း နေ့စားဝန်ထမ်းအဖြစ်မှ အောက်တိုဘာ ၁ ရက်မှစ၍ အခြေခံလုပ်ခ လစာ အက်ဖ်အီးစီ ၁၁၀ ဖြင့် လခစားဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူများဖြစ်သည်။
ညလုံးပေါက်ဆန္ဒပြသော အလုပ်သမားများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ ယနေ့ မွန်းလွဲ နှစ်နာ ရီဝန်းကျင် တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ref:7daynews
No comments:
Post a Comment