Wednesday 7 November 2012

"ကိုယ်စားလှယ်ရာထူးဖြင့်တင်ခဲ့သော အဆိုကို ၀န်ကြီးဖြစ်မှ ပြန်ဖြေရမည့်ကိန်းဆိုက်"


ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ နတ်ရွာစံ သီပေါမင်း တရားကြီးနှင့် မိဖုရားတို့ ရုပ်အလောင်းများမှ အရိုးများကို မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင် ပေးပါရန် အဆိုအား လွှတ်တော် ကိုယ်စားလှယ် (၁၄) ဦးက ဆွေးနွေးပြီး။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ၀င် က ပြန် လည်ဖြေရှင်း ဆွေးနွေးခြင်းပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူမည်ဖြစ်သည်။
ယင်းအဆို ကိုတင်သွင်းသူဦးသန်းဆွေသည်ယခင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန် ထမ်းေ ဆာင်နေစဉ် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယခု အခါ ယဉ်ကျေးမှု ဒုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေရပြီဖြစ်သောကြောင့် မိမိ တင်ခဲ့သော အဆိုကို မိမိ ဆုံးဖြတ်ရမည့် အခြေ အနေရောက်နေေ ကြာင်းသိ ရသည်။
"ကျွန်တော်တင်ခဲ့တဲ့ အဆိုပါဒါပေမဲ့ ကျွန်တော် အနေနဲ့ တော့ မဖြေတော့ပါဘူး ၊သမ္မရုံး ၀န်ကြီးဦးစိုးမောင် လာဖြေပေးမှာပါ၊ကျွန်တော်ကို့ သဘောထားမေးဖို့အတွက် လာရောက်ခြင်းဖြစ်ပါတယ်၊ဒါက သမ္မတကြီးရဲ့ သဘော ဆန္ဒဖြစ်ပါတယ်၊" ဟု ဒုဝန်ကြီး ဦးသန်းဆွေက ပေါ်ပြူလာနယူးစ် သို့ပြောကြားခဲ့သည်။
 
ref:popular

No comments:

Post a Comment