Wednesday 7 November 2012

တော်ဝင်သစ်အချောထည်စက်ရုံမှ အလုပ်သမားများ မရမ်းကုန်း အလုပ်သမားရုံးရှေ့တွင် လာရောက်ဆန္ဒဖော်ထုတ်

ရွှေပြည်သာ ၀ါးတစ်ရာ စက်မှုဇုန်၊ တော်ဝင်သစ်အချောထည်စက်ရုံမှ အစာငတ်ခံ ဆန္ဒပြ၍ ဆေးရုံရောက်နေသူ နှစ်ဦးသည် ယနေ့ မရမ်းကုန်း ရုံးရှေ့တွင် ပြုလုပ်သော ဆန္ဒပြပွဲတွင် ပြန်လည်ပါဝင် လာကြောင်း  သိရသည်။ ယနေ့မွန်းလွဲ (၁)နာရီခန့်မှစ၍ မရမ်းကုန်း အလုပ်သမားရုံးရှေ့တွင် အလုပ်သမား နှစ်ရာခန့် ဆန္ဒပြရာတွင် ၄င်းတို့ နှစ်ဦးက ပါဝင်ဆန္ဒပြနေခြင်းဖြစ်ပြီး စုစုပေါင်း အစာငတ်ခံဆန္ဒပြသူ ၁၀ ဦးရှိကြောင်း၊ ၄င်းတို့အစာငတ်ခံ ဆန္ဒပြနေသည်မှာ (၇) ရက်ရှိပြီဖြစ်ပြီး ၄င်းတို့၏ တောင်းဆိုချက် ငါးချက်ကို အလုပ်ရှင်နှင့် အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူများက အမြန်ဆုံးညှိုနှိုင်းဖြေရှင်းပေးေ စလိုကြောင်း အလုပ်သမား တစ်ဦးဖြစ်သည့် ကိုနေလင်းဦးကပြောသည်။

မရမ်းကုန်းမြို့နယ်မှ ရဲမှူးကျော်ဇင်ဝင်းက အလုပ်သမားများသည် ဆန္ဒဖော်ထုတ်ခွင့် ကို ကြိုတင်တောင်း ခံပြီးမှသာ ဆန္ဒဖော်ထုတ်သင့်ကြောင်း၊ ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မဟုတ်သောကြောင့် အရေးယူနိုင်ကြောင်း ပြောသည်။

တော်ဝင်စက်ရုံမှ အလုပ်သမားများသည် စက်ရုံအတွင်းရှိ အလုပ်သမားများကို အပြင် လုပ်ငန်းခွင် သို့မပို့ရန်၊ အလုပ်သမား၏ သဘောတူညီချက်မရှိဘဲ စည်းကမ်းချက်များကို မထုတ်ပြန်ရန် အပါအ၀င် တောင်းဆိုချက် ၅ ချက်ကို တောင်းဆိုထားခြင်းဖြစ်ပြီး ၄င်းတို့၏ ဆန္ဒပြမှုမှာ ၁၄ ရက်ရှိပြီဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment