Wednesday 7 November 2012

တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၄၀၀၀ ပြားနှင့် စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

ccdac6

      ၄-၁၁-၂၀၁၂ ရက်နေ့ ၁၄၃၀ အချိန် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အုန်းကျော် ဦးစီး အဖွဲ့၊ ခမရ (၃၅၉)မှ ဗိုလ်မှူး ညီညီနိုင် ဦးစီးအဖွဲ့ တာချီလိတ်(မူးယစ်)မှ ရဲအုပ် ဝင်းနိုင် ဦးစီးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ဆန်ဆိုင်း(က)ရပ်ကွက်၊ ခေတ္တာလမ်း၊ အိမ်အမှတ် (၄/၉၃) နေ စိုင်းဝန်းတစ် ၏နေအိမ်အား ရှာဖွေရာ WY စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၄၀၀၀ ပြား ၊ အလေးချိန် ၅၈.၄ ကီလို (တစ်ပြားလျှင် ၂၈၀၀ ကျပ်နှုန်းဖြင့် ဒေသတန်ဖိုးငွေကျပ် ၁၆၃၅၂ သိန်း) နှင့်အတူ အောက်ပါ စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါသည် -


(က)    Hino တံဆိပ်ပါ မော်တာတပ်လျက် စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက် ၁ လုံး၊
( ခ)    Champ တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား အခြောက်ခံ လေမှုတ်ပန်ကာတပ် ဗန်းစင်  တစ်ခု၊
(ဃ)    WY စာတမ်းပါ မှို  (၃) ချောင်းတပ် ရိုက်ခေါင်း (၁)ခု၊ WY စာတမ်းပါ ရိုက်ခေါင်းမှို ဆိုဒ်စုံ (၁၁) ခု၊
( င)    မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် အဖြူရောင်ကော်မှုန့် ၂၅ ကီလိုပါတစ်အိတ်၊
( စ)    မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် Food Colour တံဆိပ်ပါ ဆိုးဆေး အမှုန့်တစ်ဗူးလျှင် ၄၅၀ ဂရမ်စီပါ အပြာရောင်ကော်ဗူး ၁၅ ဗူး၊ ၁၀၀ ဂရမ်စီပါ ၇ ဗူး၊ စုစုပေါင်းအလေးချိန် ၇.၄၅ ကီလို၊
(ဆ)    ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၆၂၀ သိန်း၊
( ဇ)    အမေရိကန်နိုင်ငံသုံး ဒေါ်လာငွေ ၇၇၀၀ ဒေါ်လာ၊
( ဈ)    နဂါးတံဆိပ်ပါရွှေချောင်း ၃၇ ချောင်း စုစုပေါင်း အလေးချိန် ၄ ပိဿာ ၁၄ ကျပ်သား၊
(ည)    ရွှေထည်ပစ္စည်းမျိုးစုံ ၁၂ မျိုး၊ စုစုပေါင်းအလေးချိန် ၃၆ ကျပ်သား ၇ ပဲ
( ဋ)    မော်တော်ယာဉ်  ၉ စီး၊
( ဌ)    သုံးဘီးဆိုင်ကယ်  တစ်စီး၊
( ဍ)    မော်တော်ဆိုင်ကယ် ၇ စီး၊
( ဎ)    ဘရာဇီးနိုင်ငံလုပ် မိန်းမကိုင် ပစ္စတို .၂၅ ပစ္စတိုတစ်လက်၊ ၄င်းကျည် ၅၀ တောင့်၊
      စိုင်းဝန်းတစ်၊ ၃၈ နှစ်၊ (ဘ) ဦးနန်းကွမ်းစိန်၊ ရှမ်း/ဗုဒ္ဒ၊ အမှတ်(၄/၉၃)၊ ခေတ္တာလမ်း၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့နေသူအား တာချီလိတ်ရဲစခန်း မယ(ပ)၆၆/၂၀၁၂၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/  ၂၀(က)/၂၂(ခ) အရ  အမှုဖွင့်အရေးယူထားရှိပါသည်။

ref:http://myanmarpoliceforce.org

No comments:

Post a Comment