Wednesday 7 November 2012

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဆက်သွယ်ရေး ဥပဒေကြမ်းအား ဖော်ပြထား

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသော ဆက်သွယ်ရေး ဥပဒေကြမ်း၌ အင်တာနက်၊ ဖုန်းစ သည့်ဆက်သွယ်မှုများတွင် နှောင့်ယှက်မှုများအား ထောင်ဒဏ်ချမှတ်အရေးယူမည်ဟုထည့် သွင်း ဖော်ပြ ထား သည် ကို အောက်ပါအတိုင်း တွေ့ရှိရသည်။

ဆက်သွယ်ရေး ကွန်ရက်အတွင်းသို့ ယင်းပိုင်ရှင် (သို့) စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက် (သို့) သဘော တူညီ ချက် မရှိဘဲ ဝင်ရောက်ခြင်း ၊ ကြည့်ရှုခြင်း ၊ နှောင့်ယှက်ခြင်း ၊ စံချိန်စံညွှန်း သတ်မှတ်ချက်များကို ဖြစ်စေ မူလ အနေအထားကိုဖြစ်စေ ပြောင်းလဲခြင်း (သို့) ဖျက်ဆီးခြင်း ၊ဆက်သွယ်ရေး ကွန်ယက်ကို ထိခိုက် ပျက်စီးစေနိုင်ရန် ရည်ရွယ်၍ မရိုးဖြောင့်သော သဘောဖြင့် ဗိုင်းရပ်စ် သို့ အခြားနည်းလမ်း တစ်ခုခုဖြင့် ဝင်ရောက်ဖျက်ဆီးခြင်း ၊ဆက်သွယ်ရေး ကွန်ရက် တစ်ခုခု ကို အသုံးပြု၍ ငွေကြေးနှင့် ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း ၊ အလွဲသုံးစားပြုခြင်း သို့ ပျက်စီးစေခြင်း ၊ဆက်သွယ်ရေး ကွန်ရက်တစ်ခုခု ကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း ၊ အနိုင်အထက်ပြုခြင်း ၊ အသရေဖျက်ခြင်း ၊နှောင့်ယှက်ခြင်း ၊ မလျော်သြဇာသုံးခြင်း သို့ ခြိမ်းခြောက်ခြင်း ၊တို့အတွက် ပြစ်မှုထင်ရှားကြောင်းတွေ့ရှိ ရပါက ( ၅ )နှစ် ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် မည်ဖြစ်ကြောင်းပါရှိသည် ။
 
ref:thevoice

No comments:

Post a Comment