Wednesday 7 November 2012

တောင်ကုတ်တွင် NLD ကျေးရွာ ရုံးများ ဆက်လက် ဖွင့်လှစ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကျေးရွာ အုပ်စုရုံးများကို ဆက်လက် ဖွင့်လှစ်နေသည်ဟု သတင်းရရှိသည်။
 ယမန်နေ့  နိုဝင်္ဘာလ ၆ရက်နေ့က တောင်ကုတ်မြို့မှ ၄ မိုင်ခန့်အကွာတွင် ရှိသည့် မီးချောင်း ထိုး ကျေး ရွာ တွင်လည်း ကျေးရွာရုံးကို ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။

ရုံးဖွင့်ပွဲ အခမ်းအနားသို့ တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် များ ဖြစ်ကြ သည့် ဦးခင်လှ၊ ဦးမင်းအောင်၊ ဦးစိုးချစ်မောင်၊ မခင်မာရီနှင့် မအေးအေးနိုင်တို့ တက်ရောက် ခဲ့သည်။

“ ဟုတ်ပါတယ်။ ဖွင့်ရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ ရပ်ကွက် ကျေးရွာတွေမှာလဲ အလုပ် အမှုေ ဆာင်ေ တွ ဖွဲ့လာမယ်။ ဖွဲ့လာတဲ့အခါမှာ ရပ်ကွက် ကျေးရွာအုပ်စုတွေမှာရှိတဲ့ အောက်ခြေ လူထုလူ တန်း စားတွေ ရဲ့ အခက်အခဲတွေကို တိုက်ရိုက်ဖြေရှင်းနိုင်အောင်လို့ ရှေ့တန်းစခန်းပုံစံမျိုးနဲ့ ဖွင့်လှစ်နေ တာ ဖြစ် ပါ တယ်” ဟု တောင်ကုတ်မြို့နယ်တွင် ကျေးရွာ ရုံးများတိုးချဲ့ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ် သက်ပြီး တောင်ကုတ်မြို့ နယ်စီး ဥက္ကဌ ဦးစိုးချစ်မောင်က နိရဉ္စရာသို့ ပြောသည်။

ယမန်နေ့က ပြုလုပ်ခဲ့သော ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို မီးချောင်းထိုးကျေး ရွာမှ ကျေးရွာ သူကျေး ရွာ သား များ နှင့် အဖွဲ့ဝင် ၅၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

တောင်ကုတ်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးများကို ကျေးရွာအုပ်စုများ တွင် လည်း နောက် ထပ် ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဦးစိုးချစ်မောင်က ပြောသည်။

“ ကျွန်တော်တို့ တောင်ကုတ်မြို့နယ်မှာ ၅၁ အုပ်စုရှိပါတယ်။ နောက်ထပ် ဖွင့်ဖို့ အုပ်စုတွေလဲ ရှိပါ သေး တယ်။ လောလောဆယ် ၃၂ အုပ်စုလောက်ဘဲ ဖွင့်ရသေးတယ်။ နောက်ထပ် ဖွင့်ဖို့ အုပ်စု တွေမှာ အလုပ် သ မားတွေ အားတဲ့အချိန်၊ လယ်သမားတွေ စပါးရိတ်သိမ်းပြီး နားနေတဲ့ အချိန်မှာ  ဖွင့်လှစ် သွားမှာ ဖြစ် ပါ တယ်”  ဟု ဆိုသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စုရှိရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ယခုလက်ရှိ ၃၂  အုပ်စုတွင် ရုံးများ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ရာ အဖွဲ့ဝင် ကဒ်ထုတ်ပေး ထားသူ အဖွဲ့ ၀င်ပေါင်းမှာ ၃၀၀၀ ကျော်ရှိသည်ဟု ဦးစိုးချစ်မောင်က ပြောသည်။

ref:narinjara

No comments:

Post a Comment