ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန လက်အောက်ရှိ မြစ်ဝ
ကျွန်းပေါ်ဌာနခွဲနှင့် ဧရာဝတီဌာနခွဲကို ပုဂ္ဂလိကနှင့် ဖက်စပ်လုပ်ကိုင်ရန်
တင်ဒါခေါ်သွား မည် ဖြစ်ကြောင်း သိရသည်။
အစိုးရလုပ်ငန်းများအား စီးပွားရေးဆန်ဆန် ပြုလုပ်ရန်အတွက် ပုဂ္ဂလိကနှင့်
ပူးပေါင်းခြင်းဖြစ်ပြီး ပုဂ္ဂလိကအခန်းကဏ္ဍ ပါဝင်လာပါက အရှုံးပေါ်နေသော
လုပ်ငန်းများ ၀င်ငွေနှင့် ထွက်ငွေမျှတကာ အမြတ် ရရှိနိုင်လာမည်ဟု
သုံးသပ်ကြောင်း အဆိုပါဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဖေ က ပြောသည်။
“ပုဂ္ဂလိက က ဈေးကွက်ရှာဖွေနိုင်တယ်။ အစိုးရကတော့ အစိုးရပုံစံ အတိုင်းပဲ သွားနေတာ ဆိုတော့ ဈေးကွက်မသိဘူး ဖြစ်နေတာ”ဟု ၄င်းကပြောသည်။
အဆိုပါ ဌာနခွဲနှစ်ခုအား ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းကို
ယခုနှစ်မကုန်မီ အပြီး တင်ဒါခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန လက်အောက်ရှိ မြစ်ဝ
ကျွန်းပေါ်ဌာနခွဲနှင့် ဧရာဝတီဌာနခွဲကို ပုဂ္ဂလိကနှင့် ဖက်စပ်လုပ်ကိုင်ရန်
တင်ဒါခေါ်သွား မည် ဖြစ်ကြောင်း သိရသည်။
အစိုးရလုပ်ငန်းများအား စီးပွားရေးဆန်ဆန် ပြုလုပ်ရန်အတွက် ပုဂ္ဂလိကနှင့်
ပူးပေါင်းခြင်းဖြစ်ပြီး ပုဂ္ဂလိကအခန်းကဏ္ဍ ပါဝင်လာပါက အရှုံးပေါ်နေသော
လုပ်ငန်းများ ၀င်ငွေနှင့် ထွက်ငွေမျှတကာ အမြတ် ရရှိနိုင်လာမည်ဟု
သုံးသပ်ကြောင်း အဆိုပါဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဖေ က ပြောသည်။
“ပုဂ္ဂလိက က ဈေးကွက်ရှာဖွေနိုင်တယ်။ အစိုးရကတော့ အစိုးရပုံစံ အတိုင်းပဲ သွားနေတာ ဆိုတော့ ဈေးကွက်မသိဘူး ဖြစ်နေတာ”ဟု ၄င်းကပြောသည်။
အဆိုပါ ဌာနခွဲနှစ်ခုအား ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းကို ယခုနှစ်မကုန်မီ အပြီး တင်ဒါခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment