Thursday 13 December 2012

NOKIA မှ ၆၂ ဒေါ်လာတန် FACEBOOK ဖုန်း မိတ်ဆက်


NOKIA မှ ၆၂ ဒေါ်လာတန် FACEBOOK ဖုန်း မိတ်ဆက်

http://www.myawady.com.mm/tech/globaltechnews/item/1642

Facebook သုံးရန် သီးခြား ထုတ်လုပ် လိုက်သည့် Asha 205 နှင့် Asha 206 စမတ်ဖုန်း တို့ကို ဖင်လန်နိုင်ငံ အခြေစိုက် Nokia ကုမ္ပဏီမှ ထုတ်လုပ် မိတ်ဆက် လိုက်ကြောင်း သိရှိ ရပါသည်။  ခလုတ် တစ်ချက် နှိပ်ရုံဖြင့် Facebook အသုံးပြုနိုင်အောင် စီစဉ်ပေး ထားကြောင်းနှင့် ဈေးနှုန်း ကိုလည်း မျှတအောင် စီစဉ်ပေး ထားကြောင်းလည်း
သိရှိရသည်။ မျက်နှာပြင် အကျယ် ၂ ဒသမ ၄ လက်မရှိပြီး  Querty Keyboard ပါဝင်တဲ့ ၎င်းဖုန်းသည် အသုံးပြုရန်အတွက် မျက်နှာပြင် ကျဉ်းလွန်းနေသော်လည်း သိမ်းဆည်းနိုင်မှု ပမာဏမှာ 32 GB ပါဝင်ပြီး ဘက်ထရီ သက်တမ်းမှာ ၁၁ နာရီကြာ အသုံးပြုနိုင်ခြင်းကြောင့် ဆွဲဆောင်မှုတစ်ခု ရှိနေနိုင်ပါသည်။ ၎င်းဖုန်းတွင် ထူးခြားချက်အနေဖြင့် Facebook ခလုတ် တစ်ခုတည်း သာမက Slam လို့ခေါ်တဲ့ Feature တစ်ခုကိုလည်း ထည့်သွင်း မိတ်ဆက်ထားပါသည်။ ၎င်းသည် ဓာတ်ပုံရိုက်ပြီးနောက် Send ကို ရွေးချယ်ပြီး Slam ဆိုတဲ့ List ထဲမှာ အနီးဆုံး Bluetooth ပါဝင်တဲ့ ပစ္စည်းများကို ရှာဖွေပေးနိုင်ခြင်းပဲ ဖြစ်ပါသည်။ အရောင်ကိုတော့ ပန်းရောင်၊ အပြာ၊ အဝါ၊ အနက်နဲ့ အဖြူဆိုပြီး ငါးမျိုးထုတ်လုပ်မည်ဟု ဆိုသည်။ ဈေးနှုန်းကို ၆၂ ဒေါ်လာဖြင့် နှစ်မကုန်ခင် ရောင်းချနိုင်ရန် စီစဉ်နေကြောင်းကို သိရှိရပါသည်။
Facebook သုံးရန် သီးခြား ထုတ်လုပ် လိုက်သည့် Asha 205 နှင့်Asha 206 စမတ်ဖုန်း တို့ကို ဖင်လန်နိုင်ငံ အခြေစိုက် Nokia ကုမ္ပဏီမှ ထုတ်လုပ် မိတ်ဆက် လိုက်ကြောင်း သိရှိ ရပါသည်။ ခလုတ် တစ်ချက် နှိပ်ရုံဖြင့် Facebook အသုံးပြုနိုင်အောင် စီစဉ်ပေး ထားကြောင်းနှင့် ဈေးနှုန်းကိုလည်း မျှတအောင် စီစဉ်ပေး ထားကြောင်းလည်းသိရှိရသည်။ မျက်နှာပြင် အကျယ် ၂ ဒသမ ၄ လက်မ ရှိပြီး Querty Keyboard ပါဝင်တဲ့ ၎င်းဖုန်းသည် အသုံးပြုရန်အတွက် မျက်နှာပြင် ကျဉ်းလွန်းနေသော်လည်း သိမ်းဆည်းနိုင်မှု ပမာဏမှာ 32 GB ပါဝင်ပြီး ဘက်ထရီ သက်တမ်းမှာ ၁၁ နာရီကြာ အသုံးပြုနိုင်ခြင်းကြောင့် ဆွဲဆောင်မှုတစ်ခု ရှိနေနိုင်ပါသည်။ ၎င်းဖုန်းတွင် ထူးခြားချက်အနေဖြင့် Facebook ခလုတ် တစ်ခုတည်း သာမက Slam လို့ခေါ်တဲ့ Feature တစ်ခုကိုလည်း ထည့်သွင်း မိတ်ဆက်ထားပါသည်။ ၎င်းသည် ဓာတ်ပုံရိုက်ပြီးနောက် Send ကို ရွေးချယ်ပြီး Slam ဆိုတဲ့ List ထဲမှာ အနီးဆုံး Bluetooth ပါဝင်တဲ့ ပစ္စည်းများကို ရှာဖွေပေးနိုင်ခြင်းပဲ ဖြစ်ပါသည်။ အရောင်ကိုတော့ ပန်းရောင်၊ အပြာ၊ အဝါ၊ အနက်နဲ့ အဖြူဆိုပြီး ငါးမျိုးထုတ်လုပ်မည်ဟု ဆို သည်။ ဈေးနှုန်းကို ၆၂ ဒေါ်လာဖြင့် နှစ်မကုန်ခင် ရောင်းချနိုင်ရန် စီစဉ်နေကြောင်းကို သိရှိရပါသည်။

1 comment:

  1. ကျတော် ကတော့မယုံပါဘူး ဘာလို့ လဲဆိုတော့ ဖင်လန် မှာနေတာ 10 နှစ်ရှိပြီး ...62 ဒေါ်လာ နဲ့ ဆိုကို ...ဒီမှာက 62ဒေါ်လာ ဆိုဖုန်းအစုတ်တောင် မရလို့ ပါ...ကြည့် ယုံကြပါ...

    ReplyDelete