Thursday 13 December 2012

မိုဘိုင်းအင်တာနက်အသုံးပြုမှု ပိုမိုလျင်မြန်စွာ မြင့်တက်လာ


မိုဘိုင်းအင်တာနက်အသုံးပြုမှု ပိုမိုလျင်မြန်စွာ မြင့်တက်လာ

http://www.myawady.com.mm/tech/localtechnews/item/1692

စမတ်ဖုန်းနှင့် app များကဲ့သို့သော မည်သည့် နေရာမှ မဆို အလွယ်တကူ အသုံးပြု နိုင်သည့် မိုဘိုင်း ပစ္စည်းနှင့် နည်းစနစ်များ ပိုမို များပြား လာခြင်းနှင့် အတူ မိုဘိုင်းဖြင့် အင်တာနက် အသုံးပြု မှုသည်လည်း ပိုမို လျင်မြန်စွာ တိုးတက် လာကြောင်း ကွန်ရက်ပိုင်း ဆိုင်ရာ ကျွမ်းကျင် ပညာရှင် တစ်ဦးဖြစ်သူ VC Mary Meeker ၏နှစ်ကုန် အင်တာနက် အသုံးပြုမှု အစီ ရင်ခံ စာတွင် ဖော်ပြ ထားကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း မိုဘိုင်းအင်တာနက် အသုံးပြုမှုသည် ပိုမိုလျင်မြန်စွာ တိုးတက်လာ နေပြီဖြစ်ပြီး အချို့သော နေရာများတွင် desktop အင်တာနက် အသုံးပြုမှုထက် ပိုမိုများပြား နေ သည်။ အင်တာနက် အသုံးပြုမှုများ အားလုံး၏ ၁၃ ရာခိုင်နှုန်းသည် မိုဘိုင်း ပစ္စည်းများမှ ဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်က မိုဘိုင်း အင်တာနက် အသုံးပြုမှုသည် ၄ ရာခိုင်နှုန်းသာ ရှိကြောင်း Meeker ၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။ အိန္ဒိယ နည်းပညာ လောကတွင်မူ မိုဘိုင်း အင်တာနက် အသုံးပြုမှုသည် desktop အင်တာနက် အသုံးပြုမှု ကို ကျော်လွန်ကာ ၆၀ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ မိုဘိုင်း ကဏ္ဍသည်လည်း ပိုမို လျင်မြန်စွာ တိုးတက်လျက် ရှိကာ လာမည့် ၃ နှစ်တာ ကာလအတွင်း စမတ်ဖုန်းနှင့် tablet ကဲ့သို့သော  မိုဘိုင်း ပစ္စည်းများ၏ ရောင်းအားသည် ဆက်လက် မြင့်တက် လာမည် ဖြစ်ကြောင်း Meeker ကဆိုသည်။  ၂၀၁၅ ခုနှစ် မိုဘိုင်းပစ္စည်းများ ၏ ရောင်းအားသည် ၁.၇ ဘီလီယံကျော် ရှိလာနိုင်ပြီး တစ်ချိန်တည်းမှာပင် PC နှင့် Laptop များ၏ ရောင်းအားမှာမူ သန်း ၄၀၀ ခန့်သာ ဆက်လက် ရှိနိုင်တော့ကြောင်း အစီရင်ခံစာ ၏ အဆိုအရ သိရသည်။ ထို့ပြင် နည်းပညာပိုင်း ဆိုင်ရာ ပြောင်းလဲ တိုးတက် လာမှုများကိုလည်း အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားပြီး နှစ်အနည်းငယ် အတွင်း တီထွင် ဖန် တီး နိုင်လာသည့် နည်းပညာဆိုင်ရာ ထုတ်ကုန်များနှင့် နည်းပညာသစ်များ၊ နည်းစနစ်သစ်များ ကိုလည်း ဖော်ပြ ပေးထားသည်။

ရေးသားသူ -ဟေမာ

Ref : Yadanarponစမတ်ဖုန်းနှင့် app များကဲ့သို့သော မည်သည့် နေရာမှ မဆို အလွယ်တကူ အသုံးပြု နိုင်သည့် မိုဘိုင်း ပစ္စည်းနှင့် နည်းစနစ်များ ပိုမို များပြားလာခြင်းနှင့် အတူမိုဘိုင်းဖြင့် အင်တာနက်အသုံးပြုမှုသည် လည်း ပိုမိုလျင်မြန်စွာ တိုးတက်လာကြောင်း ကွန်ရက်ပိုင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်တစ်ဦးဖြစ်သူ VC Mary Meeker ၏နှစ်ကုန် အင်တာနက် အသုံးပြုမှု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရ သည်။
ကမ္ဘာတစ်ဝန်း မိုဘိုင်းအင်တာနက် အသုံးပြုမှုသည် ပိုမိုလျင်မြန်စွာတိုးတက်လာ နေပြီဖြစ်ပြီး အချို့သော နေရာများတွင် desktop အင်တာနက် အသုံးပြုမှုထက် ပိုမိုများပြား နေသည်။ အင်တာနက် အသုံးပြုမှုများ အားလုံး၏ ၁၃ ရာခိုင်နှုန်းသည် မိုဘိုင်း ပစ္စည်းများမှ ဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်က မိုဘိုင်း အင်တာနက် အသုံးပြုမှုသည် ၄ ရာခိုင်နှုန်းသာ ရှိကြောင်း Meeker ၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။ အိန္ဒိယ နည်းပညာ လောကတွင်မူ မိုဘိုင်း အင်တာနက် အသုံးပြုမှုသည် desktop အင်တာနက် အသုံးပြုမှု ကို ကျော်လွန်ကာ ၆၀ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ မိုဘိုင်း ကဏ္ဍသည်လည်း ပိုမို လျင်မြန်စွာ တိုးတက်လျက် ရှိကာ လာမည့် ၃ နှစ်တာ ကာလအတွင်း စမတ်ဖုန်းနှင့် tablet ကဲ့သို့သော မိုဘိုင်း ပစ္စည်းများ၏ ရောင်းအားသည် ဆက်လက် မြင့်တက် လာမည် ဖြစ်ကြောင်း Meeker ကဆိုသည်။ ၂၀၁၅ ခုနှစ် မိုဘိုင်းပစ္စည်းများ ၏ ရောင်းအားသည် ၁.၇ ဘီလီယံကျော် ရှိလာနိုင်ပြီး တစ်ချိန်တည်းမှာပင် PC နှင့် Laptop များ၏ ရောင်းအားမှာမူ သန်း ၄၀၀ ခန့်သာ ဆက်လက် ရှိနိုင်တော့ကြောင်း အစီရင်ခံစာ ၏ အဆိုအရ သိရသည်။ ထို့ပြင် နည်းပညာပိုင်း ဆိုင်ရာ ပြောင်းလဲ တိုးတက် လာမှုများကိုလည်း အစီရင် ခံစာတွင် ထည့်သွင်း ဖော်ပြထားပြီး နှစ်အနည်းငယ် အတွင်း တီထွင် ဖန် တီး နိုင်လာသည့် နည်းပညာ ဆိုင်ရာ ထုတ်ကုန်များနှင့် နည်းပညာသစ်များ၊ နည်းစနစ်သစ်များ ကိုလည်း ဖော်ပြ ပေးထားသည်။

No comments:

Post a Comment