Thursday 13 December 2012

ကလေး မြို့နယ်၌ ဘိန်းစိမ်းများ ဖမ်းဆီး ရမိ


ကလေးမြို့နယ် စခန်းကြီး ရဲစခန်းမှ ဒုတိယ ရဲအုပ် ဆန်းဦးနှင့် အဖွဲ့သည် သတင်းအရ ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီခွဲက ကလေးမြို့နယ် မြေလင်းကျေးရွာ အနီး၌ ဘိန်းစိမ်းများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ တာဝန် ရှိသူများနှင့် အဖွဲ့သည် မြေလင်းကျေးရွာ အနီး လယ်တဲ၌ စောင့်ဆိုင်း နေစဉ် ဝင်းလှိုင် ၄၆ နှစ် (ဘ)ဦးလှမောင် (မြေလင်း ကျေးရွာ၊ ကလေးမြို့နယ်) စီးနင်းပြီး မျိုးမြင့်ဦး ၄၃ နှစ် (ဘ)ဦးညီပု (နေပူကုန်း ကျေးရွာ၊ မြောင်မြို့နယ်) နောက်မှ လိုက်ပါသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေး ရှာဖွေရာ မျိုးမြင့်ဦး၏ ဘေးလွယ်အိတ် အတွင်းမှ ပလတ်စတစ်ဖြင့် ထုပ်ထားသည့် ဘိန်းစိမ်း ၄၆၅ ဒသမ ၄၁ ဂရမ် ခန့်မှန်း တန်ဖိုး ၆ဝ၅ဝဝဝ နှင့် ဘိန်းရောင်းရငွေ ကျပ် ၅၉ဝဝဝ အား သိမ်းဆည်း ရမိ ခဲ့သဖြင့် ကလေးမြို့ ရဲစခန်းမှ ဝင်းလှိုင်နှင့် မျိုးမြင့်ဦးတို့ နှစ်ဦးအား မူးယစ်(ပ)အမှတ်၈၆/၂ဝ၁၂၊ မူး/စိတ် ဥပဒေပုဒ်မ ၁၅/၁၉(က)/၂ဝ(က)၂၁ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။ 

No comments:

Post a Comment