
၎င်းအစည်းဝေးမှာ ရခိုင်ပြည်လုံးဆိုင်ရာ လူမှုကွန်ယက်အစည်းဝေးတစ်ရပ် ဖြစ်ပြီး အစည်းဝေးသို့ ရခိုင်ပြည်ရှိ မြို့နယ်အားလုံးမှ
“အခုလို အစည်းအဝေးပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်ပြည် ဒေသအသီးသီးမှာ ရှိနေကြတဲ့ မြို့နယ်တွေ အားလုံး ချိတ်ဆက်မိလာစေဖို့၊ သတင်းအချက်အလက်တွေကို အလွယ်တကူ မျှဝေရရှိစေဖို့ စတဲ့ အချက်တွေကို အခြေခံ ရည်ရွယ်ပြီးတော့ လုပ်ရတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အစည်းအဝေးက ချမှတ်လာမယ့် ဆုံးဖြတ်ချက်တွေကို လက်တွေ့အကောင်အ ထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ရခိုင်တပြည်လုံးအရေးကို လိုက်ပါဆောင်ရွက်နိုင်ဖို့ ရခိုင်လူမှုကွန်ယက်အသင်း တသင်းကို မြို့နယ်ပေါင်းစုံ ကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက်အရ တရားဝင်ဖွဲ့စည်းသွားဖို့ထိ ရည်ရွယ်ပါတယ်” ဟု အစည်းဝေးဖြစ်မြောက်ရေး ကော်မတီနှင့်နီးစပ်သူ ကိုဦးကျော်သိန်းက Arakan Review သို့ ပြောသည်။
နိုဝင်ဘာလ (၂၄-၂၅) ရက်နေ့ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်လူငယ် ဖိုရင်တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ ၄င်းဖိုရင်ကို ဝံလက် ဒေသဖွံ့ဖြိုးရေ ဖောင်ဒေးရှင်းက ဦးဆောင်ကျင်းပ ပြု လုပ်သွားကြောင်းလည်းသိရသည်။
Arakan Review
No comments:
Post a Comment