Thursday 13 December 2012

ဘုရားများဖျက်ဆီးခိုးယူမှု




၁၁-၁၂-၂၀၁၂ ရက်နေ့ ၂၀၄၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြိုနယ်၊ ဟံသာဝတီ ကျေးရွာ အုပ်စု၊ တောင်ဈေးကြီးရပ်ကွက်နေအောင်မြင့်ထွန်းနှင့် မြင့်သန်းတို့သည် ကျေးရွာရှိ စန္ဒာမုနိဘုရားတွင် ဘုရားဝင်းညစောင့်တာဝန်ဆောင်ရွက်နေစဉ် ဘုရားတောင်ဘက်ရှိ အဆောက်အဦ အတွင်းမှ ထုရိုက် သံများကြားရ၍ ဓါတ်မီးဖြင့်ထိုးကြည့်ရာ ကိုရင်(၃)ပါး(စိစစ်ဆဲ)သည် အုတ်တံတိုင်းအား ကျော် ကာ တောင်
်တွင်းကြီးဘုန်းကြီးကျောင်းထဲသို့ ပြေးဝင်သွားသည်ကို တွေ့ရှိရသဖြင့် တစ်ရပ်ကွက်တည်းနေ ဦးမြင့်လှိုင် (၄၃)နှစ်ထံအကြောင်းကြားပြီးကျေးရွာအုပ်ချုပ်ရေးမှူး၊ ဘုရားဂေါပက ဦးစိုးတို့နှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာ ဘုရားများထားသည့် ဘုရားလှိုဏ်ဂူအဆောက်အဦအား ခတ်ထားသော တံခါးသော့အားမတွေ့ရှိသဖြင့် မီးခလုတ်ဖွင့်ကြည့်ရာကျောက်ဆင်းတုဘုရား(၃)ဆူအနက် ဉဏ်တော် (၃)ပေကျော်ခန့်ရှိ ဘုရား(၂)ဆူ၏ ဦးခေါင်းတော်များမှာ ပြတ်နေပြီး အလယ်ရှိဘုရားဦးခေါင်းတော်တွင် သင်းကျစ်တော်ပဲ့နေပြီး၊ ဉဏ်တော်(၂)ပေခန့်ရှိ ဘုရား၏ ဦးခေါင်းတော်မှာ ပြတ်နေ သည်ကို တွေ့ရှိခဲ့ ရသည်။

ထို့ပြင် အဆိုပါနေရာအနီးရှိ စေတီနားတွင် သင်္ကန်း(၁)ထည်၊ ပီနံအိတ်(၁)လုံး၊ခြေအိတ်(၁)ဖက်၊ အုတ်တံတိုင်းအနီး ဘုရားဦးခေါင်းပြတ်(၁)ခုအား ရှာဖွေတွေ့ရှိခဲ့ရပြီး ကျန်ဘုရားဦးခေါင်းတော်(၂)ခု မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသောကြောင့် ၁၂-၁၂-၂၀၁၂ ရက်နေ့ ၀၁၄၅ အချိန် ဦးမြင့်လှိုင်မှ အရေးယူ စုံစမ်းဖော်ထုတ်ပေးရန်တိုင်တန်းခဲ့သောကြောင့် တံတားဦးရဲစခန်း(ပ)၁၆၅/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးခဲ့သည်။

ထိုသို့စုံစမ်းစစ်ဆေးနေစဉ် ၁၂-၁၂-၂၀၁၂ ရက်နေ့ ၀၉၀၀ အချိန်မှ ၀၉၂၅ အချိန်ထိ တောင်တွင်း ကြီးကျောင်း အနောက်ဘက်မုခ်ဦးဝသို့တောင်ဘီလူ၊ တောင်ဈေးကြီး၊ ယွန်းတန်း၊ ကိုင်းမာ၊ ဟံသာ ၀တီ ကျေးရွာ များမှရွာသား(၁၀၀)ဦးခန့်ကို သာယာဝတီကျေးရွာနေ ရန်နိုင်စိုး(စိစစ်ဆဲ)က ဦးဆောင်ရောက် ရှိလာပြီး ဘုရားဦးခေါင်းတော် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ တောင်းတွင်းကြီးကျောင်းရှိ ကိုရင်နှင့်သံဃာများ ပါဝင်ကျူးလွန်သည်ဟု သံသယရှိသဖြင့် ကျောင်းထိုင်ဆရာတော် ဥူးဝိစာရ(၄၉)နှစ် (၂၉)၀ါအား လူဝတ်လဲပေးပြီး ဘုရားခိုး/ ဦးခေါင်းဖြတ်မှုအား အမြန်ဆုံးဖော်ထုတ် အရေးယူပေး ရန် ပြောဆို၍ အဆိုပါနေရာ၌ပင်နေထိုင်စေခဲ့ကြောင်း၊ ၁၀၃၀ ချိန် အခင်းဖြစ်အရပ်သို့ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်/မြို့နယ် သာသနာရေး ဦးစီးမှူးတို့ သွားရောက် ခဲ့ပြီး ဥပဒေနှင့် အညီ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ဖြေရှင်းပေးခဲ့သဖြင့် ၁၃၀၀ အချိန် လူစုကွဲ၍ နေအိမ်အသီးသီးသို့ ပြန်လည် ထွက်ခွာသွားကြောင်းသတင်းရရှိသည်။

No comments:

Post a Comment