Thursday 13 December 2012

စစ်ကိုင်းငလျင် တလပြည့် နောက်ဆက်တွဲ

DVB TV News
စစ်ကိုင်းငလျင် တလပြည့် နောက်ဆက်တွဲ 

ရွှေအောင် DVB ၁၃ ဒီဇင်ဘာ ၂၀၁၂

- စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်က ရစ်ခ်ျတာစကေး ၆ ဒ သ မ ၈ အ ဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက် ဒီနေ့ထိ နောက်ဆက်တွဲငလျင် ၉၂ကြိမ်ထိ လှုပ်ခဲ့တယ်လို့ စုံစမ်းသိ ရှိ ရပါတယ်။

- ငလျင်ဒဏ်ခံစားခဲ့၇တဲ့ ဒေသတွေဘက်က ပြည်သူတွေ အခြေအနေမေးကြည့်တော့ စစ်ကိုင်းတိုင်း၊ ရွှေဘို ခ၇ိုင်ထဲက စဥ့်ကူးမြို့မှာတော့ မြို့ခံတွေဟာ အခုအချိန်ထိ အိမ်တွေထဲ မအိပ်ရဲကြသေးလို့ အိမ်ပြင်ကွက်လပ် တွေမှာ ထွက်အိပ်နေကြတုန်းပဲဖြစ်တယ်လို့ မြို့ခံ တဦးဖြစ်တဲ့ မဂွိုက်က ပြောပြပါတယ်။

- အလားတူ ဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့ သပိတ်ကျဉ်းမြို့နယ်မှာလဲ ပျက်စီးသွားတဲ့ သာသနိက အဆောက်အအုံ တွေ၊ လူနေအိမ်ခြေအဆောက်အဦတွေရဲ့ ၁၀ ရာခိုင်နှုန်း လောက်တောင်မပြင်ရသေးဘူးလို့ မြို့ခံ ဦးတိုးတိုးက ပြောပြပါတယ်။

- သပိတ်ကျဉ်းမြို့နယ် အုပ်ချုပ်ရေးမှုး ဦးမျိုးဟန်ကတော့ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီး သွား ပြီမို့ အခု ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေပြီ ဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။

- ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁၇က်မှာ လှုပ်ခဲ့တဲ့ ငလျင်ကြီးနောက် နောက်ဆက်တွဲ ငလျင်တွေဟာ တလကျော်ကြာ တဲ့ထိ ဆက်လှုပ်နေပြီး အများဆုံး ၂လလောက်ထိ ဆက်လှုပ်နိုင်တယ်လို့ မြန်မာနိုင်မြေငလျင်အသင်းက ဦးစိုး သူရထွန်းက ပြောပါတယ်။

-နိုဝင်ဘာငလျင်နဲ့ ပတ်သက်လို့ နောက်ထပ် နှစ်အတန်ကြာတဲ့အထိ ထပ်လှုပ်နိုင် စရာ အကြောင်း မရှိ တော့ ပါ ဘူး လို့လဲ သူက ဆက်ပြောပြသွားပါတယ်။

- စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင် အတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင် ဒဏ်ကြောင့် သေဆုံးသူ ၂ ဦး၊ ပျောက်ဆုံး သူ ၅ ဦး၊ ဒဏ်ရာရသူ ၂၆ ဦးနှင့် ပြိုကျ ပျက်စီးတဲ့ အဆောက်အဦးပေါင်း ၁၁၈ ခု ရှိပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၂၆၉၂. ၅ သိန်းခန့် ရှိနိုင်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

- အစိုးရက ငလျင်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက် ငွေကျပ်သန်းပေါင်း ၁၀၀ သုံးစွဲသွား မယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
- စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ဒီနေ့ ထိ နောက် ဆက်တွဲ ငလျင် ၉၂ကြိမ်ထိ လှုပ်ခဲ့တယ်လို့ စုံစမ်းသိ ရှိ ရပါ တယ်။
- ငလျင်ဒဏ်ခံစားခဲ့၇တဲ့ ဒေသတွေဘက်က ပြည်သူတွေ အခြေ အနေမေးကြည့်တော့ စစ်ကိုင်းတိုင်း၊ ရွှေဘို ခ၇ိုင်ထဲက စဥ့်ကူးမြို့ မှာတော့ မြို့ခံတွေဟာ အခုအချိန်ထိ အိမ်တွေထဲ မအိပ်ရဲကြသေးလို့ အိမ်ပြင်ကွက်လပ် တွေမှာ ထွက် အိပ်နေကြ တုန်းပဲဖြစ်တယ်လို့ မြို့ခံ တဦးဖြစ်တဲ့ မဂွိုက်က ပြောပြပါတယ်။

- အလားတူ ဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့ သပိတ်ကျဉ်းမြို့နယ်မှာလဲ ပျက်စီးသွားတဲ့ သာသနိက အဆောက် အအုံ တွေ၊ လူနေအိမ်ခြေအဆောက်အဦတွေရဲ့ ၁၀ ရာခိုင်နှုန်း လောက်တောင် မပြင်ရသေး ဘူးလို့ မြို့ခံ ဦးတိုးတိုးက ပြောပြပါတယ်။

- သပိတ်ကျဉ်းမြို့နယ် အုပ်ချုပ်ရေးမှုး ဦးမျိုးဟန်ကတော့ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီး သွား ပြီမို့ အခု ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေပြီ ဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။

- ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁၇က်မှာ လှုပ်ခဲ့တဲ့ ငလျင်ကြီးနောက် နောက်ဆက်တွဲ ငလျင်တွေဟာ တလကျော်ကြာ တဲ့ထိ ဆက်လှုပ်နေပြီး အများဆုံး ၂လလောက်ထိ ဆက်လှုပ်နိုင် တယ်လို့ မြန်မာနိုင်မြေ ငလျင်အသင်းက ဦးစိုး သူရထွန်းက ပြောပါတယ်။

-နိုဝင်ဘာငလျင်နဲ့ ပတ်သက်လို့ နောက်ထပ် နှစ်အတန်ကြာတဲ့အထိ ထပ်လှုပ်နိုင်စရာ အကြောင်း မရှိ တော့ ပါ ဘူး လို့လဲ သူက ဆက်ပြောပြသွားပါတယ်။

- စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂ ဦး၊ ပျောက်ဆုံး သူ ၅ ဦး၊ ဒဏ်ရာရသူ ၂၆ ဦးနှင့် ပြိုကျ ပျက်စီးတဲ့ အဆောက်အဦးပေါင်း ၁၁၈ ခု ရှိပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၂၆၉၂. ၅ သိန်းခန့် ရှိနိုင်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

- အစိုးရက ငလျင်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက် ငွေကျပ်သန်းပေါင်း ၁၀၀ သုံးစွဲသွား မယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
DVB TV News

No comments:

Post a Comment