Thursday 13 December 2012

Gangnam Style အကကို အပြင်းအထန် ကခုန်ရင်း ဗြိတိန်သားတစ်ဦး သေဆုံး


Gangnam Style အကကို အပြင်းအထန် ကခုန်ရင်း ဗြိတိန်သားတစ်ဦး သေဆုံး

Posted on Dec 13 12 - 03:51 AM

နာမည်ကျော် Gangnam Styleအကကို ခရစ္စမတ် ပါတီတွင် အပြင်းအထန် ကခုန်ရင်း ဗြိတိန်၌ လူတစ်ဦး နှလုံးရောဂါဖောက်ကာ သေဆုံးသွားကြောင်း သိရှိရသည်။ တောင်ကိုရီးယား Rapဂီတ ကြယ်ပွင့် PSY၏ ကမ္ဘာကျော် သီချင်းမှ အကအတိုင်း လိုက်ကရင်း ကလေး(၃)ဦး၏ ဖခင်ဖြစ်သူ အာမွန်း ကီလ်ဘရိုက် သေဆုံးသွားခြင်း ဖြစ်သည်။ လန်ကက်ရှိုင်းယားရှိ ဘလက်ဘန်း အရပ်တွင် နေထိုင်သော ကီလ်ဘရိုက်သည် အသက်(၄၆)နှစ် ရှိနေပြီဖြစ်ပြီး ယခင်ကတည်းက နှလုံးရောဂါ အခံရှိနှင့်သူဟု ဆိုသည်။ ၎င်းသည် Gangnam Style ကဟန်အတိုင်း မြင်းစီးနေပုံ ခုန်ပေါက် ကခုန်နေရင်း ရုတ်တရက် နှလုံးဖောက်ပြန်မှုနှင့် ကြုံသွားခြင်းဟု The Sun သတင်းစာက ဖော်ပြခဲ့သည်။

ITမန်နေဂျာ တစ်ဦးဖြစ်သော ကီလ်ဘရိုက်သည် ဇနီးဖြစ်သူ ဂျူလီယာနှင့်အတူ ခရစ္စမတ် ပါတီပွဲ တစ်ခုအား ဒါဝမ်ရှိ ဝှိုဟောလ်ကလပ်တွင် ကျင်းပနေသည်။ ယင်းကြေကွဲစရာ အဖြစ်မျိုး ပေါ်ပေါက်ခဲ့သည့် စနေနေ့သည် ဂျူလီယာ၏ မွေးနေ့လည်း ဖြစ်သည်။ ကီလ်ဘရိုက် အနေဖြင့် ရင်ဘတ် နာကျင်လာကြောင်း ပြောဆိုပြီးနောက် လဲကျသွားရာ ဂျူလီယာက ရှေးဦးသူနာပြုနည်းနှင့် ပြုစုခဲ့သေးသည်။ (၅)မိနစ်အတွင်း ကယ်ဆယ်ရေး ဝန်ထမ်းများ ရောက်ရှိလာကာ တော်ဝင်ဘလက်ဘန်း ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ကီလ်ဘရိုက်၏ အသက်ကို မမီတော့ချေ။

(၂၃)နှစ်ကြာ ပေါင်းသင်းခဲ့သည့် ခင်ပွန်းနှင့် ပတ်သက်ပြီး ဂျူလီယာက "သူဟာ ခင်ပွန်းကောင်း တစ်ယောက် ဖြစ်တဲ့အပြင် ဘဝမှာ အကောင်းဆုံး မိတ်ဆွေ တစ်ယောက်ပါ။ ကျွန်မတို့နှစ်ယောက်ဟာ ခက်ခဲတဲ့ အချိန်တွေမှာတောင် ကောင်းမွန်တဲ့ မိသားစု ဘဝကို တည်ထောင်နိုင်ခဲ့တယ်။ သူက ကရတာကို သဘောကျတယ်။ ခရစ္စမတ် ပါတီမှာ Gangnam Styleအကကို သူကပြနေတဲ့ထိ ကျွန်မတို့ နှစ်ယောက်ရဲ့ အချိန်တွေဟာ ပျော်ဖို့ ကောင်းခဲ့ပါတယ်။ သူက စင်ပေါ်မှာ တက်ကရင်း လူတိုင်းကို ဖျော်ဖြေနေတာပါ။ ပြီးတော့ ရင်ဘတ်နာတယ်ဆိုပြီး လဲသွားပါတယ်"ဟု ကြေကြေကွဲကွဲ ပြောကြားခဲ့သည်။

သူမက "ဆေးရုံကား ရောက်လာတဲ့ထိ သူအသက်ရှင်ဖို့ ကျွန်မ ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့ ဆေးရုံရောက်တော့ သူထွက်သွားပြီဆိုတာ သိခဲ့ရပါတယ်။ ကျွန်မရဲ့ အမျိုးသားက ဉာဏ်ရည် ထက်မြက်ပြီး ကလေးတွေကို ချစ်တတ်သူပါ။ သူတို့ကို ပညာတတ်လေးတွေ ဖြစ်လာအောင် ပျိုးထောင်ပေးခဲ့တယ်။ သူကွယ်လွန်တဲ့ထိ ကျွန်မတို့ရဲ့ ကမ္ဘာလေးကို တွေးနေမယ်ဆိုတာ ကျွန်မ သေချာသိနေတယ်"ဟုလည်း ဆိုသည်။ ကီလ်ဘရိုက်တွင် အသက်(၂၂)နှစ်၊ (၂၁)နှစ်နှင့် အသက်(၁၈)နှစ်ရှိ ကလေး(၃)ဦး ကျန်ခဲ့ပြီး အားလုံး တက္ကသိုလ် တက်နေကြောင်း သိရှိရသည်။

Source: TheSun

အေးချမ်းမွန်မှ  Planet Myanmar Network  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Planet Myanmar Network
နာမည်ကျော် Gangnam Styleအကကို ခရစ္စမတ် ပါတီတွင် အပြင်းအထန် ကခုန်ရင်း ဗြိတိန်၌ လူတစ်ဦး နှလုံးရောဂါဖောက်ကာ သေဆုံးသွားကြောင်း သိရှိရသည်။ တောင်ကိုရီးယား Rapဂီတ ကြယ်ပွင့် PSY၏ ကမ္ဘာကျော် သီချင်းမှ အကအတိုင်း လိုက်ကရင်း ကလေး(၃)ဦး၏ ဖခင်ဖြစ်သူ အာမွန်း ကီလ်ဘရိုက် သေဆုံးသွားခြင်း ဖြစ်သည်။ လန်ကက်ရှိုင်းယားရှိ ဘလက်ဘန်း အရပ်တွင် နေထိုင်သော ကီလ်ဘရိုက်သည် အသက်(၄၆)နှစ် ရှိနေပြီဖြစ်ပြီး ယခင်ကတည်းက နှလုံးရောဂါ အခံရှိနှင့်သူဟု ဆိုသည်။ ၎င်းသည် Gangnam Style ကဟန်အတိုင်း မြင်းစီးနေပုံ ခုန်ပေါက်ကခုန်နေရင်း ရုတ်တရက် နှလုံးဖောက်ပြန်မှုနှင့် ကြုံသွားခြင်းဟု The Sun သတင်းစာက ဖော်ပြခဲ့သည်။

ITမန်နေဂျာ တစ်ဦးဖြစ်သော ကီလ်ဘရိုက်သည် ဇနီးဖြစ်သူဂျူလီယာနှင့်အတူ ခရစ္စမတ် ပါတီပွဲ တစ်ခုအား ဒါဝမ်ရှိ ဝှိုဟောလ်ကလပ်တွင်ကျင်းပနေသည်။ ယင်းကြေကွဲစရာအဖြစ်မျိုး ပေါ်ပေါက်ခဲ့သည့် စနေနေ့သည် ဂျူလီယာ၏ မွေးနေ့လည်း ဖြစ်သည်။ ကီလ်ဘရိုက်အနေဖြင့် ရင်ဘတ်နာကျင် လာကြောင်း ပြောဆို ပြီးနောက်လဲကျသွားရာ ဂျူလီယာက ရှေးဦးသူနာပြုနည်းနှင့် ပြုစုခဲ့သေးသည်။ (၅)မိနစ်အတွင်း ကယ်ဆယ်ရေးဝန်ထမ်းများ ရောက်ရှိလာကာ တော်ဝင်ဘလက်ဘန်း ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ကီလ်ဘရိုက်၏ အသက်ကို မမီတော့ချေ။

(၂၃)နှစ်ကြာ ပေါင်းသင်းခဲ့သည့် ခင်ပွန်းနှင့် ပတ်သက်ပြီး ဂျူလီယာက "သူဟာ ခင်ပွန်းကောင်း တစ်ယောက် ဖြစ်တဲ့အပြင် ဘဝမှာ အကောင်းဆုံး မိတ်ဆွေ တစ်ယောက်ပါ။ ကျွန်မတို့နှစ်ယောက်ဟာ ခက်ခဲတဲ့ အချိန်တွေမှာတောင် ကောင်းမွန်တဲ့ မိသားစု ဘဝကို တည်ထောင်နိုင်ခဲ့တယ်။ သူက ကရတာကို သဘောကျတယ်။ ခရစ္စမတ် ပါတီမှာ Gangnam Styleအကကို သူကပြနေတဲ့ထိ ကျွန်မတို့ နှစ်ယောက်ရဲ့ အချိန်တွေဟာ ပျော်ဖို့ ကောင်းခဲ့ပါတယ်။ သူက စင်ပေါ်မှာ တက်ကရင်း လူတိုင်းကို ဖျော်ဖြေနေတာပါ။ ပြီးတော့ ရင်ဘတ်နာတယ်ဆိုပြီး လဲသွားပါတယ်"ဟု ကြေကြေကွဲကွဲ ပြောကြားခဲ့သည်။

သူမက "ဆေးရုံကား ရောက်လာတဲ့ထိ သူအသက်ရှင်ဖို့ ကျွန်မ ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့ ဆေးရုံရောက်တော့ သူထွက်သွားပြီဆိုတာ သိခဲ့ရပါတယ်။ ကျွန်မရဲ့ အမျိုးသားက ဉာဏ်ရည် ထက်မြက်ပြီး ကလေးတွေကိုချစ်တတ်သူပါ။ သူတို့ကို ပညာတတ်လေးတွေ ဖြစ်လာအောင် ပျိုးထောင်ပေး ခဲ့တယ်။ သူကွယ်လွန်တဲ့ထိ ကျွန်မတို့ရဲ့ ကမ္ဘာလေးကို တွေးနေမယ်ဆိုတာ ကျွန်မ သေချာ သိနေတယ်" ဟုလည်း ဆိုသည်။ ကီလ်ဘရိုက်တွင် အသက်(၂၂)နှစ်၊ (၂၁)နှစ်နှင့် အသက်(၁၈)နှစ်ရှိ ကလေး(၃)ဦး ကျန်ခဲ့ပြီး အားလုံး တက္ကသိုလ် တက်နေကြောင်း သိရှိရသည်။

Source: TheSun

No comments:

Post a Comment