Thursday 13 December 2012

တရုတ်၏ တိုက်ရိုက် အထောက်အပံ့ကို ကေအိုင်အေ ရရှိနေပြီလား..

Dec 13, 2012

ဦးအောင်မင်းပြောသည့် တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့ စကားအတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်အေသည် ၈၈ မတိုင်ခင်က ဗကပ ဆီမှ အကူအညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ တရုတ်မှ အကူ အညီများ ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင်လည်း ကေအိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည် ဆိုတာကလည်း ငြင်းစရာမရှိ။

ကေအိုင်အေ စိုးမိုးသည့် နယ်နိမိတ်အတွင်း အံ့သြသင့်ဖွယ် တရုတ်ဖုန်းများ လွယ်ကူစွာ အသုံးပြု၍ ရနေကြောင်း၊ ကေအိုင်အေတို့၏ ဆက်သွယ်ရေး စနစ် အရမ်းမြင့်ကြောင်း ရှေ့တန်းမှ ပြန်လာသည့် အရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။ အစက ကျွန်တော်တို့ ထင်ထားတာ ကေအိုင်အေက တောထဲက သူပုန်လို့ပဲ ထင်ထားတာ၊ အခုမှ ဒီကောင်တွေက FM တွေ၊ အင်တာနက် နည်းပညာတွေနဲ့၊ နောက်ဆုံး တိုက်ပွဲမှာ ထိခိုက် ဆုံးရှုံးမှုတွေ ရှိရင်တောင် ချက်ချင်း ရိုက်ပြီး ဌာနချုပ်ကို ပို့ပေးနိုင်တယ်လို့ ပြောကြ တယ်။ ဒီလို နည်းပညာတွေက တရုတ်ကလွဲပြိး ဘယ်သူမှ ထောက်ပံ့မှာ မဟုတ်ဘူး ဟု ၄င်းက ဆက်ပြောခဲ့သည်။

သူတို့မှာ လက်နက်သစ်တွေလည်း အများကြီးပဲ။ အထူးသဖြင့် တရုတ်က လက်နက်တွေကို ပိုပြီး အသုံးပြု တယ် ထင်တယ်။ ပြီးခဲ့တဲ့ အခေါက် ကျွန်တော်တို့ သိမ်းမိတုန်းက ရတဲ့  ကေအိုင်အေရဲ့ ရိက္ခာခြောက်ေ တွက သေချာထုပ်ပိုးထားတာ၊ ရေးထားတဲ့ စာတွေကလည်း တရုတ်စာတွေနဲ့။ ကျွန်တော့်အထင်တော့ တရုတ် က တိုက်ရိုက်ထောက်ပံ့နေပြီလို့ ထင်တာပဲ ဟု အဆိုပါ အရာရှိနှင့် ပါလာသည့် အဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ သည်။

ကေအိုင်အေအဖွဲ့သည် တစ်ပတ်အတွင်း လူသစ် ၃၀၀ ကျော်ကို ဖမ်းဆီးစုဆောင်းကာ တပ်သားသစ် အဖြစ် သိမ်းသွင်းခဲ့ကြောင်း၊ ယခင်ကျေးရွာများမှသာ စုဆောင်းခဲ့သော်လည်း ယခုအခါ ကားလမ်းများနှင့် လုပ်ငန်း များအထိ တိုးချဲ့စုဆောင်းနေသဖြင့် ကချင်ပြည်နယ်အတွင်း အထိတ်တလန့် ဖြင့် နေထိုင်နေ ရသည်။

ပိုမိုယုတ်မာသော အကြံအစည်ကား ကေအိုင်အေမှ စုစည်းဖွဲ့စည်းထားသည့် ဂေါ်ရခါးတပ်ရင်း ခေါ် ဘင်္ဂလီ တပ်ရင်း အား ဒုက္ခသည်များ  အဖြစ် ၄င်းတို့မှ စောင့်ရှောက်ထားရကြောင်း မှတ်တမ်း ရိုက်ကူး မည်ဖြစ်ပြီး အထောက် အပံ့များ တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။

(Oppositeye)
ဦးအောင်မင်းပြောသည့် တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့ စကား အတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်အေသည် ၈၈ မတိုင် ခင်က ဗကပ ဆီမှ အကူ အညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ တရုတ်မှ အကူအညီများ ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင် လည်း ကေ အိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည် ဆိုတာကလည်း ငြင်းစရာမရှိ။

ကေအိုင်အေ စိုးမိုးသည့် နယ်နိမိတ်အတွင်း အံ့သြသင့်ဖွယ် တရုတ်ဖုန်းများ လွယ်ကူစွာ အသုံးပြု၍ ရနေကြောင်း၊ ကေအိုင်အေတို့၏ ဆက်သွယ်ရေး စနစ် အရမ်းမြင့်ကြောင်း ရှေ့တန်းမှ ပြန်လာသည့် အရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။ အစက ကျွန်တော်တို့ ထင်ထားတာ ကေအိုင်အေက တောထဲက သူပုန်လို့ပဲ ထင်ထားတာ၊ အခုမှ ဒီကောင်တွေက FM တွေ၊ အင်တာနက် နည်းပညာတွေနဲ့၊ နောက်ဆုံး တိုက်ပွဲမှာ ထိခိုက် ဆုံးရှုံးမှုတွေ ရှိရင်တောင် ချက်ချင်း ရိုက်ပြီး ဌာနချုပ်ကို ပို့ပေးနိုင်တယ်လို့ ပြောကြ တယ်။ ဒီလို နည်းပညာတွေက တရုတ်ကလွဲပြိး ဘယ်သူမှ ထောက်ပံ့မှာ မဟုတ်ဘူး ဟု ၄င်းက ဆက်ပြောခဲ့သည်။

သူတို့မှာ လက်နက်သစ်တွေလည်း အများကြီးပဲ။ အထူးသဖြင့် တရုတ်က လက်နက်တွေကို ပိုပြီး အသုံးပြု တယ် ထင်တယ်။ ပြီးခဲ့တဲ့ အခေါက် ကျွန်တော်တို့ သိမ်းမိတုန်းက ရတဲ့ ကေအိုင်အေရဲ့ ရိက္ခာခြောက်ေ တွက သေချာထုပ်ပိုးထားတာ၊ ရေးထားတဲ့ စာတွေကလည်း တရုတ်စာတွေနဲ့။ ကျွန်တော့်အထင်တော့ တရုတ် က တိုက်ရိုက်ထောက်ပံ့နေပြီလို့ ထင်တာပဲ ဟု အဆိုပါ အရာရှိနှင့် ပါလာသည့် အဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ သည်။

ကေအိုင်အေအဖွဲ့သည် တစ်ပတ်အတွင်း လူသစ် ၃၀၀ ကျော်ကို ဖမ်းဆီးစုဆောင်းကာ တပ်သားသစ် အဖြစ် သိမ်းသွင်းခဲ့ကြောင်း၊ ယခင်ကျေးရွာများမှသာ စုဆောင်းခဲ့သော်လည်း ယခုအခါ ကားလမ်းများနှင့် လုပ်ငန်း များအထိ တိုးချဲ့စုဆောင်းနေသဖြင့် ကချင်ပြည်နယ်အတွင်း အထိတ်တလန့် ဖြင့် နေထိုင်နေ ရသည်။

ပိုမိုယုတ်မာသော အကြံအစည်ကား ကေအိုင်အေမှ စုစည်းဖွဲ့စည်းထားသည့် ဂေါ်ရခါးတပ်ရင်း ခေါ် ဘင်္ဂလီ တပ်ရင်း အား ဒုက္ခသည်များ အဖြစ် ၄င်းတို့မှ စောင့်ရှောက်ထားရကြောင်း မှတ်တမ်း ရိုက်ကူး မည်ဖြစ်ပြီး အထောက် အပံ့များ တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။

Kachin Daily News

No comments:

Post a Comment