
ပညာရေး ဆိုင်ရာ စာအုပ်တွေကို ဒေါင်းလော့ လုပ်မယ် သူတွေ အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို လျော့ချရာ မှာလည်း 5GB ဒေါင်းလော့ လုပ်သူ အတွက်ကို 5GB ထက်လျော့တဲ့ နှုန်းထားမျိုးသာ ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ မှာတော့ မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခ နှုန်းထားများကို Time rate နဲ့သာ ဆက်လက် ကောက်ခံ လျက်ရှိပြီး Volume rate သို့ ပြောင်းလဲရန် အတွက်လည်း နှုန်းထား စတာတွေကို ထပ်မံစိစစ် လျက်ရှိတာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
ဒီလို ပြင်ဆင် ကောက်ခံ သွားမယ့် နှုန်းထား များနဲ့ ပတ်သက် လို့လည်း ဒီဇင်ဘာလ အတွင်းမှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ ထပ်မံပြီး ညှိနှိုင်း သွားဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
From : MRTV 4
No comments:
Post a Comment