Friday 30 November 2012

ကချင်ပြည်နယ်မှ လူ့အခွင့်အရေးချိုးဖောက်ခံရသူများစာရင်း ထွက်ပေါ်လာတော့မည်

Photo: ကချင်ပြည်နယ်မှ လူ့အခွင့်အရေးချိုးဖောက်ခံရသူများစာရင်း ထွက်ပေါ်လာတော့မည်

Friday, November 30, 2012

ကချင်ပြည်နယ်မှ လူ့အခွင့်အရးဆိုင်ရာ ချိုးဖောက်ခံရသူများစာရင်းအား H.I (Humanity institute)အဖွဲ့မှလာမည့်နှစ်ဆန်းပိုင်း၌  မြန်မာ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာအုပ်ထုတ်ဝေသွားမည် ဖြစ်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အေ) နှင့် အစိုးရစစ်တပ်များ တိုက်ပွဲဖြစ်ပွားရာနေရာ ဒေသ များဖြစ်သည့် ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် တာလောကြီးကျေးရွာများတွင် လူ့အခွင့်အရေး

ချိုးဖောက်ခံမှု အများဆုံးတွေ့ရကြောင်း H.I ၏ စာရင်းအရ သိရသည်။

“ ပြည်သူတစ်ဦးက ပျောက်သွားတာ ဘယ်သူမှ မသိကြဘူး၊ စစ်သားပျောက်ရင် သူ့နံပါတ်နဲ့ ရှာလို့ရတယ်၊ ၀န်ထမ်းပျောက်ရင် သူ့ဌာနက သိတယ်၊ ဒါကြောင့် ဒီလူ့အခွင့်အရေးချိုး ဖောက်ခံရတာကို

ဖော်ထုတ်ရမယ်။”ဟု တာဝန်ခံဦး အိုင်ဇက် ကပြောသည်။

ကချင်ပြည်နယ်တွင်တွေ့ရသော မတရားနှိပ်စက်မှု၊ ပေါ်တာဆွဲမှု၊ လူသေစေမှု၊ သြဇာသုံး အစဖျောက်မှု၊ အမျိုးသမီး အဓမ္မမှု၊ အဓမ္မခိုင်းစေမှု၊ ပရမ်းပတာဖမ်းဆီးမှု၊ နိုင်ငံရေးအကျဉ်းသား (နိုင်ငံတော်ပုန်ကန်မှု) မှာ KIA နှင့် အစိုးရစစ်တပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပိုမိုများပြာ လာသည်ဟု ၎င်းအဖွဲ့က သုံးသပ်ထားသည်။

KIA နှင့် အစိုးရစစ်တပ်များ တိုက်ပွဲထပ်မံဖြစ်ပွားနေသော ကာလ

တစ်နှစ်ကျော်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရသူ စုစုပေါင်းမှာ (၇၇) ဦး စာရင်းရှိကြောင်း သိရပြီး၊ စာရင်းမရရှိသည့် တွက်ချက်မှုများအရ ခန့်မှန်းခြေ (၁၀၀)  ကျော်ရှိကြောင်း သိရသည်။

´ အရင်ကတော့ဒီလိုအဖွဲ့အစည်းတွေက မြန်မာနိုင်ငံထဲမှာ မရှိသေးဘူး၊ နယ်စပ် ထိုင်းတို့လို နေရာ ကနေပဲ အချက်အလက် ရယူခဲ့တယ်။ တိုက်ပွဲဖြစ်ပွားတဲ့ အချိန်ကစပြီး လူမှုအဖွဲ့အစည်းအနေနဲ့ ဖွင့်ဖြစ်တာပါ´ ဟု H.I အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Myit Makha Mediagroup
ကချင်ပြည်နယ်မှ လူ့အခွင့်အရးဆိုင်ရာ ချိုးဖောက်ခံရသူများ စာရင်းအား H.I (Humanityinstitute) အဖွဲ့မှလာမည့်နှစ်ဆန်း ပိုင်း၌ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာအုပ် ထုတ်ဝေ သွားမည် ဖြစ်သည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အေ) နှင့် အစိုးရစစ်တပ်များ တိုက်ပွဲဖြစ်ပွားရာနေရာ ဒေသ များဖြစ်သည့် ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် တာလောကြီးကျေးရွာများတွင် လူ့အခွင့်အရေးချိုးဖောက်ခံမှု အများ ဆုံးတွေ့ရကြောင်း H.I ၏ စာရင်းအရ သိရသည်။ “ ပြည်သူတစ်ဦးက ပျောက်သွားတာ ဘယ်သူမှ မသိကြဘူး၊ စစ်သားပျောက်ရင် သူ့နံပါတ်နဲ့ ရှာလို့ရတယ်၊ ၀န်ထမ်းပျောက်ရင် သူ့ဌာနက သိတယ်၊ ဒါကြောင့် ဒီလူ့အခွင့်အရေးချိုး ဖောက်ခံရတာကို
ဖော်ထုတ် ရမယ်။”ဟု တာဝန်ခံဦး အိုင်ဇက် ကပြောသည်။
ကချင်ပြည်နယ်တွင်တွေ့ရသော မတရားနှိပ်စက်မှု၊ ပေါ်တာဆွဲမှု၊ လူသေစေမှု၊ သြဇာသုံး အစဖျောက်မှု၊ အမျိုးသမီး အဓမ္မမှု၊ အဓမ္မခိုင်းစေမှု၊ ပရမ်းပတာဖမ်းဆီးမှု၊ နိုင်ငံရေးအကျဉ်းသား (နိုင်ငံတော်ပုန်ကန်မှု) မှာ KIA နှင့် အစိုးရစစ်တပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပိုမိုများပြာ လာသည်ဟု ၎င်းအဖွဲ့က သုံးသပ်ထားသည်။
KIA နှင့် အစိုးရစစ်တပ်များ တိုက်ပွဲထပ်မံဖြစ်ပွားနေသော ကာလတစ်နှစ်ကျော်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရသူ စုစုပေါင်းမှာ (၇၇) ဦး စာရင်းရှိကြောင်း သိရပြီး၊ စာရင်းမရရှိသည့် တွက်ချက်မှုများအရ ခန့်မှန်းခြေ (၁၀၀) ကျော်ရှိကြောင်း သိရသည်။
´ အရင်ကတော့ဒီလိုအဖွဲ့အစည်းတွေက မြန်မာနိုင်ငံထဲမှာ မရှိသေးဘူး၊ နယ်စပ် ထိုင်းတို့လို နေရာ ကနေပဲ အချက်အလက် ရယူခဲ့တယ်။ တိုက်ပွဲဖြစ်ပွားတဲ့ အချိန်ကစပြီး လူမှုအဖွဲ့အစည်းအနေနဲ့ ဖွင့်ဖြစ်တာပါ´ ဟု H.I အဖွဲ့ဝင်တစ်ဦးက ပြောသည်။
Myit Makha Mediagroup

No comments:

Post a Comment