Friday 30 November 2012

စပိန် နိုင်ငံ၏ ဆိုးရွားသည့် စီးပွားရေး အခြေ အနေ များကြောင့် အလုပ် လက်မဲ့နှုန်း မြှင့်တက်မည်

http://sphotos-h.ak.fbcdn.net/hphotos-ak-ash4/958_498433653530611_1987644581_n.png

စပိန် နိုင်ငံ၏ အလုပ်လက်မဲ့ နှုန်းသည် လာမည့် ၂ဝ၁၃ ခု နှစ်တွင် ၂၆ ဒသမ ၉ ရာခိုင်နှုန်း အထိ မြင့်တက် လာနိုင်ကြောင်း နိုဝင်ဘာလ ၂၇
ရက် နေ့တွင် ထုတ်ပြန် ခဲ့သည့် ''စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့'' (OECD) ၏ အစီရင် ခံစာအရ သိရှိရပါ သည်။

အဆိုပါ ခန့်မှန်းချက် အရ စပိန် နိုင်ငံ၏ ဆိုးရွားသည့် စီးပွားရေး အခြေအနေ များကြောင့် လူဦးရေ ၆ သန်း ကျော်သည် လုပ်ငန်းခွင် များမှ ထွက်ခွာ ရမည် ဖြစ်ပါသည်။ စပိန် နိုင်ငံ၏ အသားတင် ထုတ်လုပ်မှု တန်ဖိုး (ဂျီဒီပီ) သည် ၂ဝ၁၂ ခု နှစ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း လျော့ကျ နိုင်ဖွယ် ရှိပြီး လာမည့် ၂ဝ၁၃ ခု နှစ်တွင်မူ ၁ ဒသမ ၄ ရာခိုင်နှုန်း အထိ လျော့ကျ သွားဖွယ် ရှိနေ ပါသည်။ ယခု ၂ဝ၁၂ ခု နှစ်အတွက် အလုပ်လက်မဲ့ နှုန်းမှာ ၂၅ ရာခိုင်နှုန်း ရှိနေလိမ့် မည်ဟု အစီရင် ခံစာတွင် ဖော်ပြ ထားပါသည်။

မေလအတွင်း ထုတ်ပြန် ခဲ့သည့် ၂ဝ၁၂ ခု နှစ်အတွက် ခန့်မှန်းချက် များမှာ အကောင်းဘက်မှ ရှိနေ ခဲ့သော်လည်း ၂ဝ၁၃ ခု နှစ်အတွက် ခန့်မှန်းချက် များမှာမူ လွန်စွာပင် ဆိုးရွားလျက် ရှိကြောင်း သိရှိ ရပါသည်။

မြ၀တီ

No comments:

Post a Comment