Friday 30 November 2012

မြန်မာနိုင်ငံလုံး ဆိုင်ရာ သင်းလုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီးကို ၄ ရက်တာ ကျင်းပပြုလုပ် သွားမည်

Photo: မြန်မာနိုင်ငံလုံး ဆိုင်ရာ သင်းလုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီးကို ၄ ရက်တာ ကျင်းပပြုလုပ် သွားမည်
Friday, November 30, 2012 

မြန်မာနိုင်ငံလုံး ဆိုင်ရာ သင်းလုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီးကို လာမယ့် ၂၀၁၃ ခုနှစ်မှာ ဇန်န၀ါရီလ ၄ ရက်နေ့မှ ၇ ရက်နေ့ အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမမှာ ကျင်းပပြုလုပ်
သွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာလ ၂၉ ရက်နေ့က Central Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ အဲ့ဒီ ပြပွဲကြီးမှာ ပန်းချီ၊ ပန်းပု အပါအ၀င် ပန်း ၁၀ မျိုး ပညာရှင်များမှ ပညာရပ် ၁ ခုချင်းစီ အလိုက် ပြခန်းများ ပြသမှုတွေ အပြင် လာရောက် ကြည့်ရှုသူများမှ သိရှိလိုတဲ့ အချက်တွေ ကိုလည်း ရှင်းပြပေးမှာ ဖြစ်ပါတယ်။

ပြပွဲမှာ ပန်း ၁၀ မျိုး ပညာရှင်တွေရဲ့ အနုပညာ လက်ရာများ သာမက မူလတန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များရဲ့ ပန်းချီလက်ရာ များကိုပါ ထည့်သွင်းပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မြန်မာနိုင်ငံလုံး ဆိုင်ရာ သင်းလုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီးကို ဒုတိယ အကြိမ် ကျင်းပ ပြုလုပ်မှာ ဖြစ်ပြီး ပထမအကြိမ် ကျင်းပမှု ကိုတော့ ၂၀၀၆ ခုနှစ်က မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့ တယ်လို့လည်း သတင်း ရရှိပါတယ်။

MRTV - 4
 မြန်မာနိုင်ငံလုံး ဆိုင်ရာ သင်းလုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီးကို လာမယ့် ၂၀၁၃ ခုနှစ်မှာ ဇန်န၀ါရီ
လ ၄ ရက်နေ့ မှ ၇ ရက်နေ့ အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမမှာ ကျင်းပပြုလုပ်
သွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာလ ၂၉ ရက်နေ့က Central Hotel မှာ ကျင်းပပြုလုပ် ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ အဲ့ဒီ ပြပွဲကြီးမှာ ပန်းချီ၊ ပန်းပု အပါအ၀င် ပန်း ၁၀ မျိုး ပညာရှင်များမှ ပညာရပ် ၁ ခုချင်းစီ အလိုက် ပြခန်းများ ပြသမှုတွေ အပြင် လာရောက် ကြည့်ရှုသူများမှ သိရှိလိုတဲ့ အချက်တွေ ကိုလည်း ရှင်းပြပေးမှာ ဖြစ်ပါတယ်။


ပြပွဲမှာ ပန်း ၁၀ မျိုး ပညာရှင်တွေရဲ့ အနုပညာ လက်ရာများ သာမက မူလတန်း ကျောင်း များမှ ကျောင်းသား၊ ကျောင်းသူ များရဲ့ ပန်းချီလက်ရာ များကိုပါ ထည့်သွင်းပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မြန်မာနိုင်ငံလုံး ဆိုင်ရာ သင်းလုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီးကို ဒုတိယ အကြိမ် ကျင်းပ ပြုလုပ်မှာ ဖြစ်ပြီး ပထမအကြိမ် ကျင်းပမှု ကိုတော့ ၂၀၀၆ ခုနှစ်က မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့ တယ်လို့လည်း သတင်း ရရှိပါတယ်။


MRTV - 4

No comments:

Post a Comment