အမေရိကန်အထက်လွှတ်တော်မှ
ရီပက်ဘလီကန်အမတ် ရစ်ချက်လူဂါသည် ဂျပန်နိုင်ငံတွင် မကြာသေးမီက
ဖမ်းဆီးရမိခဲ့သော ယူရေနီယမ် သန့်စင်ရေး (သို့မဟုတ်) ဒုံးကျည်ထုတ်လုပ်ရာတွင်
အသုံးပြုဖွယ်ရှိသည့် ပစ္စည်းများနှင့် ပတ်သက်၍ ဖြေရှင်းပေး ပါရန်
မြန်မာသမ္မတဦးသိန်းစိန်ထံသို့ နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့က
စာရေးသားပေးပို့ခဲ့ကြောင်း ဂျပန်အဆာဟိရှင်ဘွန်း သတင်း စာက ဖော်ပြသည်။
အဆိုပါပစ္စည်းများမှာ သတ္တုပေါက်များနှင့် အလူမီနီယမ် သတ္တုများဖြစ်ပြီး
ယင်းတို့ကို အမေရိကန် ဘက်မှ တောင်းဆိုချက်အရ ပြီးခဲ့သည့် သြဂုတ်လက
ကမ်းကပ်ထားသောသင်္ဘောတစ်စီးကို ရှာဖွေစစ်ဆေးရာမှ ဂျပန် အာဏာ ပိုင် များက
တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆာဟိရှင်ဘွန်းသတင်းစာက အဆိုပါမြောက်ကိုရီးယားသင်္ဘောသည် မြန်မာနှင့်တရုတ်နိုင်ငံများသို့  ယင်းပစ္စည်းများအား တင်ပို့ဖွယ်ရှိသည်ဟု ခန့်မှန်းဖော်ပြသည်။
အမေရိကန် အထက်လွှတ်တော်အမတ်လူဂါက မြန်မာသမ္မတသည် မကြာသေးမီကပင် နိုင်ငံတကာနျူကလီးယား သဘောတူစာချုပ်
တစ်ရပ်လက်မှတ်ရေးထိုးထားသဖြင့် နိုင်ငံတွင်း၌ ပြုလုပ်သည့် မည်သည့်
နျူစွမ်းအင်ဆိုင်ရာ ကိစ္စရပ်မျိုးကိုမဆို ကုလသမဂ္ဂ၏ စစ်ဆေးမှုကို
ခံယူရမည်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
၎င်း၏စာထဲတွင် လူဂါက
“အာဆီယံအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဟာ ဒီသင်္ဘောရဲ့
ရည်ရွယ်ချက်ရှိရှိ သယ်ဆောင် လာတဲ့ ကုန်စည်တွေကြောင့် ထိခိုက်နိုင်ပါတယ်” ဟု
ရေးသားထားသည်။
ရီပက်ဘလီကန်ပါတီ၏ အထက်လွှတ်တော်အမတ် ရစ်ချက်လူဂါသည်
အမေရိကန် ကွန်ကရက်တွင် နျူလက်နက် မပြန့်ပွားရေး ဆိုင်ရာ ကိစ္စရပ်များ၌
ဦးဆောင်သူတစ်ဦးလည်းဖြစ်သည်။
်
ကိုးကား -Facebook
အဆာဟိရှင်ဘွန်းသတင်းစာက အဆိုပါမြောက်ကိုရီးယားသင်္ဘောသည် မြန်မာနှင့်တရုတ်နိုင်ငံများသို
အမေရိကန် အထက်လွှတ်တော်အမတ်လူဂါက မြန်မာသမ္မတသည် မကြာသေးမီကပင် နိုင်ငံတကာနျူကလီးယား သဘောတူစာချ
၎င်း၏စာထဲတွင် လူဂါက “အာဆီယံအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဟာ ဒီသင်္ဘောရဲ့ ရည်ရွယ်ချက်ရှိရှိ သယ်ဆောင် လာတဲ့ ကုန်စည်တွေကြောင့် ထိခိုက်နိုင်ပါတယ်” ဟု ရေးသားထားသည်။
ရီပက်ဘလီကန်ပါတီ၏ အထက်လွှတ်တော်အမတ် ရစ်ချက်လူဂါသည် အမေရိကန် ကွန်ကရက်တွင် နျူလက်နက် မပြန့်ပွားရေး ဆိုင်ရာ ကိစ္စရပ်များ၌ ဦးဆောင်သူတစ်ဦးလည်းဖြစ်သည်။
်
ကိုးကား -Facebook
No comments:
Post a Comment