Friday 30 November 2012

ကချင်ပြည်နယ်၌ အလုပ်ဖြစ်လာသည့် ပါဂျာရိုး၊ ဆပ်နှင့် လန်ခရူဆာ

Photo: ကချင်ပြည်နယ်၌ အလုပ်ဖြစ်လာသည့် ပါဂျာရိုး၊ ဆပ်နှင့် လန်ခရူဆာ

Friday, November 30, 2012

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ အခြားမြို့နယ်များသို့ ခရီးသည်တင်

ယာဉ်မောင်းနှင်ပြေးဆွဲရာ၌ ကားအမျိုးအစားများမှာ ယခုနှစ်အတွင်း သိသိသာသာပြောင်းလဲလာသည်ကို တွေ့မြင်ရသည်။

ယခင်က ဟိုင်းလက်၊ ဖောဝေး၊ ဗင် စသည့် ကားများကိုသာ ခရီးသည်

တင်ယာဉ်အဖြစ် ပြေးဆွဲ နေသော်လည်း ယခုနောက်ပိုင်းတွင် ပါဂျာရို၊

ဆပ်၊ လန်ခရူဆာ၊ဗင် စသည့်ကားများကိုသာ အဓိကထား၍ ပြေးဆွဲ

နေခြင်းဖြစ်သည်။

ကချင်ပြည်နယ် ကားလမ်းမကြီးတစ်လျှောက်တွင်ချိုင့်ခွက်များနှင့် ပြည့်နက်

နေကာ မိုးတွင်များတွင်မူ ရွှံ့များ၊ ချောင်းရေကြီးခြင်းတို့ကြောင့် အဆိုပါ

ကားများဖြင့်ပြောင်းလဲပြေးဆွဲမှုများလာခြင်းဖြစ်သည်။

ထို့ကြောင့် မြစ်ကြီးနားမှ အခြားမြို့သို့ ပြေးဆွဲနေသည့် ပါဂျာရို ကားအစီး (၁၀၀) နီးပါး၊ ဆပ် (၂၀) စီး၊ ဘင်အစီး(၅၀)ခန့်နှင့် လန်ခရိုဇာကား

များဖြင့် ပြေးဆွဲနေကြောင်း သိရသည်။

“ ဒီကားတွေက သိပ်မခုန်ဘူး။ မောင်းရတာ အဆင်ပြေတယ်။ ချိုင့်တွေ၊ ရွှံ့တွေကိုလည်း ကျော်လွှားနိုင်တယ်။ ဘင်ဆိုရင်တော့ ရွှံ့နစ်ရင် ကားကြီးနှင့် ဆွဲတာပေါ့။” ဟု မြစ်ကြီးနား- ဖားကန့် မော်တော် ယာဉ်မောင်းနှင်သူ ကိုကျော်က ပြောသည်။

ထို့ပြင် အဆိုပါကားများသည် ခရီးသည်များကိုသက်တောင့်သက်သာစွာဖြင့်

စီးနှင်းလိုက်ပါစေနိုင်ပြီး ကားခများကိုလည်းပုံမှန်ဈေးအတိုင်းသာ ကောက်

ခံခြင်းဖြစ်ကြောင်း သိရသည်။

လန်ခရူဆာ ကားတစ်စီးတွင် ခရီးသည်(၈) ဦး လိုက်ပါနိုင်ကြောင်းသိရပြီး ဆပ်(Suff)ကားတစ်စီးတွင် ခရီးသည်(၆) ဦးနှင့် ဗင်တစ်စီးတွင် ခရီးသည် (၄) ဦးဖြင့် စီးနှင်းကြောင်း သိရသည်။ မြစ်ကြီးနား- ဖားကန့်လမ်းပိုင်းတွင်မှု ကားခမှာ တစ်ဦးလျှင် ကျပ်(၃ သောင်း မှ ၃ သောင်းခွဲ)အထိ ရှိသည်။

လန်ခရုဆာ၊ ပါဂျရိုကားများမှာ တရုတ်ပြည်မှ ကချင်ပြည်နယ်သို့လွယ်ကူစွာ တင်သွင်းနိုင်သဖြင့် ကချင်ပြည်နယ်တွင်  ပြေးဆွဲသည့် လိုင်းကားများဖြစ်လာခဲ့သည်။  အဆိုပါကားများမှာ လိုင်စင်မဲ့ ကားများလည်း ဖြစ်သည်။

“ ကားက တရုတ်ပြည်က ဝင်ပေမယ့် ဂျပန်ကားတွေပါ။ လိုင်စင်မဲ့ ကားတွေဆိုတော့ ကားဝယ်ယူ စရိတ်လည်း သက်သာတယ်။ ကျွန်တော်တို့ ကားမှာ တခြားကုန်ပစ္စည်းတွေကိုလည်း တင်၊ ခရီးသည် လည်း တင်ပေါ့။ ဘီးတာယာအခြေအနေကြည့်ပြီးတော့ တခြားကုန်ပစ္စည်းတွေ ကျွန်တော်တို့ တင်ပါတယ်။” ဟု ကိုကျော်က ဆက်ပြောသည်။ ဗင် ကားတစ်စီးလျှင် ပန်းသီး ဖာ (၃၀ မှ ၄၀) တင်နိုင်ကြောင်း သိရသည်။

ယခင်နှစ်များတွင် ဟိုင်းလက်နှင့် ဖော်ဝေးကားများကို ငွေကြေးသက်သာစွာ

စီးနှင်းနိုင်သော်လည်း အသက်အန္တရယ် စိုးရိမ်ခဲ့ကြောင်းကိုလည်းသိရသည်။

“ ဒီကားမှာလူ ၂၀ လောက်တင်တယ်။ကားအပြည့်ကုန်တွေတင်ထားတော့

ကားမှောက်တာတို့ ကားပျက်တာတို့ ခဏခဏဖြစ်တယ်။ ခုတော့ အဲ့ဒီကားတွေ မဆွဲကြတော့ဘူး”ဟု ဗင် ကားဒရိုင်ဘာတစ်ဦးက ပြောသည်။

မြစ်ကြီးနားမှ ဖားကန့်၊ တနိုင်း၊ ကန်ပိုင်တီ၊ ပူတာအို စသည့် ကားလမ်းမကြီး

များတွင် ပါဂျာရို၊ ဆပ်၊ လန်ခရူဆာ၊ ဗင် စသည့်ကားအမျိုးအစားများမှာ ခရီးသည်တင်လိုင်းကားများအဖြစ် ပြေးဆွဲလျှက်ရှိသည်။

Myit Makha Mediagroup

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ အခြားမြို့နယ်များသို့ ခရီးသည်တင် ယာဉ်မောင်းနှင်ပြေးဆွဲရာ၌ ကားအမျိုးအစားများမှာ ယခုနှစ်အတွင်း သိသိသာသာပြောင်းလဲလာသည်ကို တွေ့မြင်ရသည်။
ယခင်က ဟိုင်းလက်၊ ဖောဝေး၊ ဗင် စသည့် ကားများကိုသာ ခရီး သည်တင် ယာဉ်အဖြစ် ပြေးဆွဲ နေသော်လည်း ယခုနောက်ပိုင်းတွင် ပါဂျာရို၊ ဆပ်၊ လန်ခရူဆာ၊ဗင် စသည့်ကားများကိုသာ အဓိကထား၍ ပြေးဆွဲနေခြင်းဖြစ်သည်။
ကချင်ပြည်နယ် ကားလမ်းမကြီးတစ်လျှောက်တွင်ချိုင့်ခွက်များနှင့် ပြည့်နက်နေကာ မိုးတွင်များတွင်မူ ရွှံ့များ၊ ချောင်းရေကြီးခြင်းတို့ကြောင့် အဆိုပါကားများဖြင့်ပြောင်းလဲပြေးဆွဲမှုများလာခြင်းဖြစ်သည်။ ထို့ကြောင့် မြစ်ကြီးနားမှ အခြားမြို့သို့ ပြေးဆွဲနေသည့် ပါဂျာရို ကားအစီး (၁၀၀) နီးပါး၊ ဆပ် (၂၀) စီး၊ ဘင်အစီး(၅၀)ခန့်နှင့် လန်ခရိုဇာကားများဖြင့် ပြေးဆွဲနေကြောင်း သိရသည်။
“ ဒီကားတွေက သိပ်မခုန်ဘူး။ မောင်းရတာ အဆင်ပြေတယ်။ ချိုင့်တွေ၊ ရွှံ့တွေ ကိုလည်း ကျော်လွှားနိုင်တယ်။ ဘင်ဆိုရင်တော့ ရွှံ့နစ်ရင် ကားကြီးနှင့် ဆွဲတာပေါ့။” ဟု မြစ်ကြီးနား- ဖားကန့် မော်တော် ယာဉ်မောင်းနှင်သူ ကိုကျော်က ပြောသည်။
ထို့ပြင် အဆိုပါကားများသည် ခရီးသည်များကိုသက်တောင့်သက်သာစွာဖြင့်စီးနှင်းလိုက်ပါစေနိုင်ပြီး ကားခများ ကိုလည်းပုံမှန်ဈေးအတိုင်းသာ ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
လန်ခရူဆာ ကားတစ်စီးတွင် ခရီးသည်(၈) ဦး လိုက်ပါနိုင်ကြောင်းသိရပြီး ဆပ်(Suff)ကားတစ်စီးတွင် ခရီးသည်(၆) ဦးနှင့် ဗင်တစ်စီးတွင် ခရီးသည် (၄) ဦးဖြင့် စီးနှင်းကြောင်း သိရသည်။ မြစ်ကြီးနား- ဖားကန့်လမ်းပိုင်းတွင်မှု ကားခမှာ တစ်ဦးလျှင် ကျပ်(၃ သောင်း မှ ၃ သောင်းခွဲ)အထိ ရှိသည်။
လန်ခရုဆာ၊ ပါဂျရိုကားများမှာ တရုတ်ပြည်မှ ကချင်ပြည်နယ်သို့လွယ်ကူစွာ တင်သွင်းနိုင်သဖြင့် ကချင်ပြည်နယ်တွင် ပြေးဆွဲသည့် လိုင်းကားများဖြစ်လာခဲ့သည်။ အဆိုပါကားများမှာ လိုင်စင်မဲ့ ကားများလည်း ဖြစ်သည်။
“ ကားက တရုတ်ပြည်က ဝင်ပေမယ့် ဂျပန်ကားတွေပါ။ လိုင်စင်မဲ့ ကားတွေဆိုတော့ ကားဝယ်ယူ စရိတ်လည်း သက်သာတယ်။ ကျွန်တော်တို့ ကားမှာ တခြားကုန်ပစ္စည်းတွေကိုလည်း တင်၊ ခရီးသည် လည်း တင်ပေါ့။ ဘီးတာယာအခြေအနေကြည့်ပြီးတော့ တခြားကုန်ပစ္စည်းတွေ ကျွန်တော်တို့ တင်ပါ တယ်။” ဟု ကိုကျော်က ဆက်ပြောသည်။ ဗင် ကားတစ်စီးလျှင် ပန်းသီး ဖာ (၃၀ မှ ၄၀) တင်နိုင်ကြောင်း သိရသည်။
ယခင်နှစ်များတွင် ဟိုင်းလက်နှင့် ဖော်ဝေးကားများကို ငွေကြေးသက်သာစွာစီးနှင်းနိုင်သော်လည်း အသက်အန္တရယ် စိုးရိမ်ခဲ့ကြောင်းကိုလည်းသိရသည်။
“ ဒီကားမှာလူ ၂၀ လောက်တင်တယ်။ကားအပြည့်ကုန်တွေတင်ထားတော့ကားမှောက်တာတို့ ကားပျက် တာတို့ ခဏခဏဖြစ်တယ်။ ခုတော့ အဲ့ဒီကားတွေ မဆွဲကြတော့ဘူး”ဟု ဗင် ကားဒရိုင်ဘာ တစ်ဦးက ပြောသည်။
မြစ်ကြီးနားမှ ဖားကန့်၊ တနိုင်း၊ ကန်ပိုင်တီ၊ ပူတာအို စသည့် ကားလမ်းမကြီးများတွင် ပါဂျာရို၊ ဆပ်၊ လန်ခရူဆာ၊ ဗင် စသည့်ကားအမျိုးအစားများမှာ ခရီးသည်တင်လိုင်းကားများအဖြစ် ပြေးဆွဲလျှက်ရှိသည်။
Myit Makha Mediagroup

No comments:

Post a Comment