Friday 30 November 2012

မြန်မာအသင်း၏ အုပ်စုနောက်ဆုံး ပွဲစဉ်ကို မြောင်တောင် ကွင်းအစား ဆူပါချလာဆိုင်း ကွင်းသို့ပြောင်းရွှေ့ ကျင်းပမည်


Photo: မြန်မာအသင်း၏ အုပ်စုနောက်ဆုံး ပွဲစဉ်ကို မြောင်တောင် ကွင်းအစား ဆူပါချလာဆိုင်း ကွင်းသို့ပြောင်းရွှေ့ ကျင်းပမည် 
Friday, November 30, 2012 

ဆူဇူကီး ဖလား အုပ်စုပွဲစဉ်များ၏ နောက်ဆုံးပွဲများကို တစ်ပြိုင်ထဲ 
ကျင်းပရန် စီစဉ်ထားရာ မြန်မာအသင်းသည် ဖိလစ်ပိုင် အသင်းနှင့် ယှဉ်ပြိုင် ကစားရမည့် အုပ်စုနောက်ဆုံး ပွဲစဉ်ကို ယခင်ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့သည့် ရာဇမင်္ဂလာ ကွင်းတွင် ယှဉ်ပြိုင်ရမည် မဟုတ်ဘဲ ကွင်းပြောင်း၍ ကစားရမည်
ဖြစ်သည်။

မူလက အဆိုပါ ပွဲစဉ်ကို ထိုင်းပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်သည့် မြောင်တောင် ယူနိုက်တက် အသင်းပိုင် SCG ကွင်းတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ယခုအခါ များပြားစွာ လာရောက် အားပေးနေသည့် မြန်မာအသင်း ပရိသတ်များအတွက် ရည်ရွယ်ကာ ပရိသတ် ပိုမိုဝင်ဆံ့သည့် ဆူပါချလာဆိုင်းကွင်းတွင် ပြောင်းရွှေ့ကျင်းပရန် စီစဉ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုင်းအသင်းနှင့် ဗီယက်နမ် အသင်းတို့၏ ပွဲစဉ်ကိုမူ ရာဇမင်္ဂလာ ကွင်း၌ပင် မြန်မာအသင်း ပွဲစဉ်နှင့် တစ်ပြိုင်နက် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ပွဲစဉ်များကို ထိုင်းနိုင်ငံ၏ ဒေသစံတော်ချိန် (၈း၂၀)နာရီတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် လက်ရှိအချိန်တွင် ရမှတ် (၁)မှတ်သာ ရရှိထားသော်လည်း အုပ်စုနောက်ဆုံး ပွဲဖြစ်သည့် ဖိလစ်ပိုင်နှင့် ပွဲကို အနိုင်ကစား နိုင်ပါက ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ဖွယ် ရှိနေသည်။ မြန်မာအသင်းနှင့် ရမှတ်တူ ပြိုင်ဘက် ဗီယက်နမ်မှာ အိမ်ရှင် ထိုင်းအသင်းနှင့် တွေ့ဆုံနေရာ အနိုင်ရရှိရန် မလွယ်ကူသောကြောင့်
မြန်မာအသင်း အတွက် အခွင့်အလမ်း သာနေခြင်း ဖြစ်သည်။

မြန်မာအသင်းနှင့် ဖိလစ်ပိုင်တို့၏ အုပ်စုနောက်ဆုံး ပွဲကို မြန်မာ့ဘောလုံး ပရိသတ်များစွာ လာရောက်ကြည့်ရှုရန် မြန်မာအသင်း တာဝန်ရှိသူများက
မျှော်လင့်လျှက် ရှိနေသည်။ မြန်မာအသင်းသည် အဆိုပါ ဆူပါချလာဆိုင်း ကွင်းတွင် ၂၀၀၇ ခုနှစ်က တစ်ကြိမ် ကစားခဲ့ဖူးပြီး ထိုစဉ်က ကစားခဲ့သည် ဆူဇူကီး ဖလား အုပ်စုပွဲစဉ်တွင် ထိုင်းအသင်းနှင့် (၁)ဂိုးစီ သရေကျခဲ့သည်။

Soccer Myanmar
ဆူဇူကီး ဖလား အုပ်စုပွဲစဉ်များ၏ နောက်ဆုံးပွဲများကို တစ်ပြိုင်ထဲ
ကျင်းပရန် စီစဉ်ထားရာ မြန်မာအသင်းသည် ဖိလစ်ပိုင် အသင်းနှင့် ယှဉ်ပြိုင် ကစား ရမည့် အုပ်စုနောက်ဆုံး ပွဲစဉ်ကို ယခင်ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့သည့် ရာဇမင်္ဂလာ ကွင်းတွင် ယှဉ်ပြိုင်ရမည် မဟုတ်ဘဲ ကွင်းပြောင်း၍ ကစားရမည်ဖြစ်သည်။

မူလက အဆိုပါ ပွဲစဉ်ကို ထိုင်းပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်သည့် မြောင်တောင် ယူနိုက်တက် အသင်းပိုင် SCG ကွင်းတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ယခုအခါ များပြားစွာ လာရောက် အားပေးနေသည့် မြန်မာအသင်း ပရိသတ်များအတွက် ရည်ရွယ်ကာ ပရိသတ် ပိုမိုဝင်ဆံ့သည့် ဆူပါချလာဆိုင်းကွင်းတွင် ပြောင်းရွှေ့ကျင်းပရန် စီစဉ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုင်းအသင်းနှင့် ဗီယက်နမ် အသင်းတို့၏ ပွဲစဉ်ကိုမူ ရာဇမင်္ဂလာ ကွင်း၌ပင် မြန်မာအသင်း ပွဲစဉ်နှင့် တစ်ပြိုင်နက် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ပွဲစဉ်များကို ထိုင်းနိုင်ငံ၏ ဒေသစံတော်ချိန် (၈း၂၀)နာရီတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် လက်ရှိအချိန်တွင် ရမှတ် (၁)မှတ်သာ ရရှိထားသော်လည်း အုပ်စုနောက်ဆုံး ပွဲဖြစ်သည့် ဖိလစ်ပိုင်နှင့် ပွဲကို အနိုင်ကစား နိုင်ပါက ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ဖွယ် ရှိနေသည်။ မြန်မာအသင်းနှင့် ရမှတ်တူ ပြိုင်ဘက် ဗီယက်နမ်မှာ အိမ်ရှင် ထိုင်းအသင်းနှင့် တွေ့ဆုံနေရာ အနိုင်ရရှိရန် မလွယ်ကူသောကြောင့်မြန်မာအသင်း အတွက် အခွင့်အလမ်း သာနေခြင်း ဖြစ်သည်။

မြန်မာအသင်းနှင့် ဖိလစ်ပိုင်တို့၏ အုပ်စုနောက်ဆုံး ပွဲကို မြန်မာ့ဘောလုံး ပရိသတ်များစွာလာရောက် ကြည့်ရှုရန် မြန်မာအသင်း တာဝန်ရှိသူများကမျှော်လင့်လျှက် ရှိနေသည်။ မြန်မာအသင်းသည် အဆိုပါ ဆူပါချလာဆိုင်း ကွင်းတွင် ၂၀၀၇ ခုနှစ်က တစ်ကြိမ် ကစားခဲ့ဖူးပြီး ထိုစဉ်က ကစားခဲ့သည် ဆူဇူကီး ဖလား အုပ်စုပွဲစဉ်တွင် ထိုင်းအသင်းနှင့် (၁)ဂိုးစီ သရေကျခဲ့သည်။

Soccer Myanmar

No comments:

Post a Comment