လွန်ခဲ့သည့်
(၂)လခန့်က သူငယ်ချင်း ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံဖြစ်၍ ၎င်းထံ သို့
လာရောက်ပြသကုသမှုခံယူကြသည့် လူနာများအနက် သက်ငယ်၊ သက်လတ် ပိုင်းများမှာပင်
ကင်ဆာမျိုးစုံ၊ ဆီးချို၊ သွေးချို၊
နှလုံးစသည့် ကုသရခက်သော ရောဂါများတစ်နှစ်ထက်တစ်နှစ်
တိုးပွားလာ ကြောင်း ပြောပြခဲ့သည်။
တကယ်တော့ ကျွန်တော့်အထင်ပြော ရရင် ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်၌ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်နေ သူတွေ၊ ဆီးချို၊ သွေးချိုသွေးတိုးစွဲကပ်နေသူတွေ ကို တွေ့မြင်ရပါပြီ။ ယင်းကဲ့သို့ဖြစ်ရခြင်း မှာ အစားအသောက်များနှင့်လည်း သက်ဆိုင်သည်။ အထူးသဖြင့် အချိုမှုန့် နှင့် ဆက်နွယ်နေကြောင်း ကျန်းမာရေး ဆိုင်ရာဆေးသုတေသနပညာရှင်များက ထုတ်ဖော်ခဲ့ကြသလိုကျန်းမာရေးဦးစီးဌာန မှလည်း အချိုမှုန့်စားသုံးခြင်းဖြင့်အန္တရာယ် ရှိကြောင်း အတိအလင်းထုတ်ဖော်၍ အသုံးမပြုရန် တားမြစ်သော်လည်း အချို မှုန့်သုံးစွဲမှုက အိမ်ရှင်မအများစုကြားဝယ် ကုသရန်ခက်ခဲသော နာတာရှည်ရောဂါ သဖွယ်အမြစ် တွယ်နေ သည်မှာ တကယ့် စိတ်မကောင်းစရာဖြစ်နေသည်။
ကျွန်တော်တို့ ဘိုးဘွားဘီဘင်များ လက်ထက်က အချိုမှုန့်ကို အသုံးမပြုကြ သေးသည့်အတွက် ဟင်းချက်ရာတွင် နနွင်း၊ ဆား၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကိုသာ အဓိကအားထား ၍ သုံးကြသည်။
ထို့ကြောင့် စားသုံးနေ ကြဖြစ်သော်လည်း ကောင်းနေသည်ပင် ဖြစ်သည်။ ပြီးတော့ မြန်မာ့ရိုးရာဟင်းချက် ရာတွင် ပါဝင်သည့် အရန်ပစ္စည်းတစ်ခုစီ ၏ အာနိသင်ကို ပြန်ကြည့်သောအခါတွင် လည်း ငရုတ်သီးက သင့်တော်ရုံစားလျှင် ခံတွင်းလိုက်သည်။
မျက်စိနှင့် အရေပြား ကို ကောင်းမွန်ချောမွေ့စေသည်။ ဆားက ၀မ်းသန့်ရန် အထောက်အကူပြုပြန်သည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူက သွေးသား သန့်စင်ခြင်း၊ သွေးတွင်းအဆီကျစေခြင်း၊ ခွန်အား တိုးပွားစေခြင်း တို့ကို ဖြစ်စေ သည်။
ယခုတော့ အချိုမှုန့်က၀င်၍ နေရာ ယူလာချေပြီ။ အချိုမှုန့်များကိုလည်း ယခင် က အာဂျီနိုမိုတို၊ ဇွန်း၊ စံပယ်တံဆိပ် တို့ကို အသုံးပြုရာမှ ယခုအခါ တရုတ်နိုင်ငံမှ ၀င်သည့် အချိုမှုန့်ကိုသာ သုံးစွဲမှုများပြား လာပေ သည်။
ထိုအချိန်မှုန့်များကို တင်သွင်း သူများက အချိုမှုန့်ဟုမရေးကြတဲ့ အလွတ်ဆံ၊ ဟင်းခတ်မှုန့်လို့ ခေါ်ဆိုကြပြီးတင်သွင်း သည့်အိတ်များမှာလည်းပေါင်ထုပ်တွေ မလာဘဲ တံဆိပ်မပါ (၂) တင်းဝင်အိတ်၊ (၃) တင်းဝင်အိတ်နှင့် ၀င်လာပြီး ပိဿာချိန်နှင့် ရောင်းချကြသလို တစ်ရာထုပ်၊ နှစ်ရာထုပ် အစားစားရောင်းချ လာကြသည် ကို တွေ့မြင်ရလေသည်။
ကျွန်တော်တို့မြန်မာလူမျိုးများ အချိုမှုန့်မပါရင် မစားတတ်သလိုဖြစ်နေ ကြတာကတော့ ဘယ်သူမှငြင်းပယ် လို့ရ မယ်မထင်ပါဘူး။ မူလကပင် အရသာရှိ ပြီး ဟင်းလျာများဖြစ်သော ကြက်သား၊ ၀က်သားတို့ကိုပင် အချိုမှုန့်နှင့် နှပ်ချက် ရာမှ အရသာရှိသည်ဟု ထင်နေကြသည်။ ထို့အပြင် အသုပ်မျိုးစုံနှင့် ငပိရည်ဖျော် ရာမှပင် အချိုမှုန့်ကမလွတ်၊ ထိုအချိုမှုန့် ကို မည်သည့်နည်းစနစ်ဖြင့်၊ မည်သည်ဓာ တုပစ်္စည်းများ ဖွဲ့စည်းထားသည်ကိုလည်း လေ့လာမှုမရှိကြ၊ သိလည်းမသိကြ။
သို့သော်လည်း ကျွန်တော်တို့ ကောလင်း၊ ၀န်းသို၊ ပင်လည်ဘူးဒေသကလူအချို့သည် အ၀တ်အစားများ ဖားဥစွဲခြင်း၊ ကွမ်းသွေး၊ သံချေးများအစွန်းထင်ပါက ဒီဇယ်၊ ဓာတ် ဆီများနှင့် အချိုမှုန့်ကိုရော၍ အစွန်းချွတ်
ဆေးအဖြစ်သုံးစွဲနေကြသလို အချို့တောင် သူများသည်မြေပဲခင်းများတွင်မြေပဲဥကြီး ထွားပြီး အထွက်နှုန်းတိုးစေရန် မြေပဲဆံ နှင့် ဟင်းချိုမှုန့်ရောနှော၍ မြေပဲခင်းများ ၌ စိုက်ပျိုးကြကြောင်းေ ဒသ ခံများပြော ဆိုနေသံများကို စုံစမ်းသိရှိရသည့်အတွက် အချိုမှုန့်ကိုသုံးစွဲရမှာများစွာ
တုန်လှုပ်ကြောက် ရွံ့မိနေတော့သည်။
မည်သူကနည်းပညာ ပေး၍ သုံးစွဲနေလေသည့်မသိ။အချိန်မှုန့်စားသုံးမှုနှင့်ပတ်သက်၍ သေချာစွာ စစ်တမ်းကောက်ယူသုတေသန ပြုကြည့်ပါကကမ္ဘာပေါ်ရှိအချိုမှုန့်အစား ဆုံးနိုင်ငံထဲတွင် မြန်မာနိုင်ငံသည် ပါနေ မလားမပြောတတ်။ အချိုမှုန့်၏ မူလပိုင် ရှင်မှာ ဂျပန်နိုင်ငံဖြစ်ပြီး ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် အာဂျီနိုမိုတို အချိုမှုန့်မှာ လည်း နာမည်ကြီးလှသည်။ သို့သော် ထိုအချိုမှုန့်ကို ဂျပန်နိုင်ငံတွင် စားသုံးသူ နည်းပါးကြောင်း ယခုလက်ရှိဟင်းချိုမှုန့် အများဆုံးတင်သွင်းထုတ်လုပ်သည့်နိုင်ငံ သည်တရုတ်နိုင်ငံ ပင်ဖြစ်သည်။
တရုတ်နိုင်ငံလူမျိုးအချို့သည် ကျွန်တော်တို့ ကောလင်း၊ ၀န်းသို၊ ပင်လည် ဘူးဒေသသို့ ရွှေလုပ်ငန်းများနှင့် ပတ်သက် ၍ မကြာခဏလာရောက်လေ့လာကြ သည်ဖြစ်ရာ ထိုသို့လာရောက်စဉ်ကျွန်တော် တို့နှင့် မိတ်ဆွေဖြစ်ပြီးကောလင်းမြို့ပေါ် တွင် ဆုံတွေ့တိုင်းစားသောက်ဆိုင်များတွင်ဧည့်ခံကျွေးမွေးခဲ့ရာ စားသောက်မည့် ဟင်းများကို အချိုမှုန့်လုံးဝမထည့်ရန် မှာကြားသည့်အတွက် အဘယ့်ကြောင့် သူတို့နိုင်ငံမှ ထုတ်လုပ်သော အချိုမှုန့်ကို ဘာကြောင့်မစားရသလဲဆိုတာ စားသောက်ရင်းနှင့်ပင်တွေးတော စရာ ဖြစ်နေပြန်သည်။
အချိုမှုန့်စားသုံးမှုလွန်ကဲ လာပါက ယမကာ၊ ဆေးလိပ်သောက်သူများ ကဲ့သို့ကောက်ခါငင်ကာ ချက်ချင်းလက် ငင်းမခံစားရလို့ဘဲ ဆက်လက်သုံးစွဲနေ ဟန်တူပါသည်။ အချိုမှုန့်ကို စီးပွားရေး ဈေးကွက် အမြင်ရှိ သူများက မည်သို့ပင် တင်သွင်းရောင်းချစေကာမူ စားသုံးသူများ ဘက်ကသာ အသိတရားနှင့် ဆင်ခြင်ရ ပေလိမ့်မည်။ အထူးသဖြင့် စားဖိုဆောင် သခင်အိမ်ရှင်မများအနေဖြင့် မိသားစု ကျန်းမာရေး အတွက် အလေးထားပြီး အချိုမှုန့်ကို လျှော့စားဖို့လိုလာပြီဟု ဆို ချင်ပါသည်။
Hot News

No comments:
Post a Comment