Friday 30 November 2012

မိုင်းငေါ့အနီး၌ လက်နက်ကြီးပစ်ခတ်မှုဖြစ်၊ ရွာသားများ မြို့သို့ တိမ်းရှောင်

Photo: မိုင်းငေါ့အနီး၌ လက်နက်ကြီးပစ်ခတ်မှုဖြစ်၊ ရွာသားများ မြို့သို့ တိမ်းရှောင်

Friday, November 30, 2012

နိုဝင်ဘာ (၃၀)ရက် ယနေ့နံနက်ပိုင်းက ကျောက်မဲမြို့နယ် မိုင်းငေါ့

ကျေးရွာအနီး (S.S.A)လက်နက်ကိုင်တပ်များနှင့် အစိုးရ တပ်သားများ

အကြား လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ကျောက်မဲမြို့ရှိ စစ်ဘက်ဆိုင် ရာ အုပ်ချုပ်ရေးဌာနများက သိရသည်။

“တိုက်ပွဲကကြီးကြီးမားမားတော့မဟုတ်ဘူး၊ (S.S.A) တပ်ဘက်က အစိုးရတပ်တွေရှိတဲ့ဘက်ကို လက်နက်ကြီး နဲ့လှမ်းပစ်တာ၊ (၁၀)လုံးလောက်တော့ ရှိမယ်၊ လက်ခံရရှိတဲ့ သတင်းအရဆို အခုချိန်ထိတော့ အစိုးရဘက်က ဒဏ်ရာရတဲ့သူ မရှိသေးပါဘူး” ဟု  မြို့နယ်(စ.အ.ဖ) ရုံးမှ တာဝန်ကျတပ်ကြပ်တစ်ဦးကပြောသည်။

နံနက်(၉)နာရီခွဲခန့်အချိန်မှစ၍ တောတွင်းလက်နက်ကိုင်တပ်နှင့် အစိုးရတပ်များ တွေ့ဆုံပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ တောတွင်း

လက်နက်ကိုင်တပ်မှ လက်နက်ကြီးပစ်ခတ်မှု ဆယ်ကြိမ်ခန့်ရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တယ်ဆိုပေမယ့် ရွာနဲ့ဝေးဝေးမှာဖြစ်တာဆိုတော့စိုးရိမ်စရာတော့

မရှိသေးပါဘူး၊ ရွာထဲကတစ်ချို့ ရွာသူ ရွာသားတွေကတော့ ဒီလ လဆန်း

ပိုင်းလောက်ကတည်းက မြို့ပေါ်တွေကို ခဏရွေ့ပြီးနေ နေကြတာပဲ”ဟု မိုင်းငေါ့ကျေးရွာမှ ရွာသားတစ်ဦးကပြောသည်။

လက်နက်ကိုင်တပ်များ မကြာခဏဖြတ်သန်းသွားလာခြင်း အစိုးရတပ်သား

များနှင့် တိုက်ပွဲငယ်များမကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ရွာသူရွာသား

အချို့မှာ မြို့ပေါ်နေရာများသို့ ခေတ္တရှောင်တိမ်းနေကြောင်း သိရသည်။

ယခုလအတွင်း စ.က.ခ လက်အောက်ခံ အမှတ်(၅၀၃)ဗျူဟာ(၁)မှ

တပ်ဖွဲ့များနှင့် လက်နက်ကိုင် (S.S.A) တပ်ဖွဲ့များအကြား တိုက်ပွဲငယ်များ မကြာခဏဖြစ်ပွားခဲ့သော်လည်း နိုဝင်ဘာ(၂၃) ရက်တွင် ကျောက်မဲမြို့နယ် ပန်ဖြတ်ကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲ၌သာ အစိုးရဘက်မှ တပ်ကြပ်တစ်ဦးကျဆုံး၍ တပ်သားလေးဦး  ဒဏ်ရာရခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ(၂၃)ရက်နေ့ မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သော ပန်ကွမ်ကျေးရွာ၊ ပန်သပြေကျေးရွာ၊(ပန်သပြေရွာသစ်) ပန်ဖြတ် ကျေးရွာများရှိ  အလယ်တန်းကျောင်း(၁) ကျောင်း၊ မူလတန်း ကျောင်း(၁)ကျောင်းနှင့် (ပန်သပြေ ရွာသစ်) ပန်ဖြတ်ကျေးရွာရှိ မူလတန်း /လွန် ကျောင်း(၁)

ကျောင်းတို့ကို ပိတ်ထားခဲ့ပြီး နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ပြန်လည်

ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော(၉)နှစ်တာ ကာလအတွင်းအဆိုပါကျေးရွာအုပ်စုများ၌

တောတွင်းလက်နက်ကိုင်တပ်များ ဖြတ်သန်း သွားလာခြင်းရှိခဲ့သော်လည်း ယခုကဲ့သို့အစိုးရတပ်နှင့် ထိပ်တိုက်တွေ့ဆုံတိုက်ခိုက်ခြင်းများ မရှိခဲ့

ဖူးကြောင်း ဒေသခံများထံမှ သိရသည်။

Myit Makha Mediagroup
နိုဝင်ဘာ (၃၀)ရက် ယနေ့နံနက်ပိုင်းက ကျောက်မဲမြို့နယ် မိုင်းငေါ့ကျေးရွာအနီး (S.S.A)လက်နက်ကိုင် တပ်များနှင့် အစိုးရ တပ်သားများအကြား လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ကျောက်မဲမြို့ရှိ စစ်ဘက် ဆိုင် ရာ အုပ်ချုပ်ရေးဌာနများက သိရသည်။
“တိုက်ပွဲကကြီးကြီးမားမားတော့မဟုတ်ဘူး၊ (S.S.A) တပ်ဘက်က အစိုးရတပ်တွေရှိတဲ့ဘက်ကို လက်နက်ကြီး နဲ့လှမ်းပစ်တာ၊ (၁၀)လုံးလောက်တော့ ရှိမယ်၊ လက်ခံရရှိတဲ့ သတင်းအရဆို အခုချိန် ထိတော့ အစိုးရဘက်က ဒဏ်ရာရတဲ့သူ မရှိသေးပါဘူး” ဟု မြို့နယ်(စ.အ.ဖ) ရုံးမှ တာဝန်ကျ တပ်ကြပ် တစ်ဦးကပြောသည်။ နံနက်(၉)နာရီ ခွဲခန့်အချိန်မှစ၍ တောတွင်းလက်နက်ကိုင်တပ်နှင့်အစိုးရ တပ်များ တွေ့ဆုံပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ တောတွင်းလက်နက်ကိုင်တပ်မှ လက်နက်ကြီးပစ်ခတ်မှု ဆယ်ကြိမ်ခန့်ရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တယ်ဆိုပေမယ့် ရွာနဲ့ဝေးဝေးမှာဖြစ်တာဆိုတော့စိုးရိမ်စရာတော့မရှိသေးပါဘူး၊ ရွာထဲကတစ်ချို့ ရွာသူ ရွာသားတွေကတော့ ဒီလ လဆန်းပိုင်းလောက်ကတည်းက မြို့ပေါ်တွေကို ခဏရွေ့ပြီးနေ  နေကြ တာပဲ”ဟု မိုင်းငေါ့ကျေးရွာမှ ရွာသားတစ်ဦးကပြောသည်။
လက်နက်ကိုင်တပ်များ မကြာခဏဖြတ်သန်းသွားလာခြင်း အစိုးရတပ်သားများနှင့် တိုက်ပွဲငယ်များမကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ရွာသူရွာသားအချို့မှာ မြို့ပေါ်နေရာများသို့ ခေတ္တရှောင်တိမ်းနေကြောင်း သိရ သည်။
ယခုလအတွင်း စ.က.ခ လက်အောက်ခံ အမှတ်(၅၀၃)ဗျူဟာ(၁)မှ တပ်ဖွဲ့များနှင့် လက်နက်ကိုင် (S.S.A) တပ်ဖွဲ့များအကြား တိုက်ပွဲငယ်များ မကြာခဏဖြစ်ပွားခဲ့သော်လည်း နိုဝင်ဘာ(၂၃) ရက်တွင် ကျောက်မဲ မြို့နယ် ပန်ဖြတ်ကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲ၌သာ အစိုးရဘက်မှ တပ်ကြပ်တစ်ဦးကျဆုံး၍ တပ်သားလေးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ(၂၃)ရက်နေ့ မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သော ပန်ကွမ်ကျေးရွာ၊ ပန်သပြေကျေးရွာ၊(ပန်သပြေရွာသစ်) ပန်ဖြတ် ကျေးရွာများရှိ အလယ်တန်းကျောင်း(၁) ကျောင်း၊ မူလတန်း ကျောင်း(၁)ကျောင်းနှင့် (ပန်သပြေ ရွာသစ်) ပန်ဖြတ်ကျေးရွာရှိ မူလတန်း /လွန် ကျောင်း(၁)ကျောင်းတို့ကို ပိတ်ထားခဲ့ပြီး နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော(၉)နှစ်တာ ကာလအတွင်းအဆိုပါကျေးရွာအုပ်စုများ၌တောတွင်းလက်နက်ကိုင်တပ်များ ဖြတ်သန်း သွားလာခြင်းရှိခဲ့သော်လည်း ယခုကဲ့သို့အစိုးရတပ်နှင့် ထိပ်တိုက်တွေ့ဆုံတိုက်ခိုက်ခြင်းများ မရှိခဲ့
ဖူးကြောင်း ဒေသခံများထံမှ သိရသည်။
Myit Makha Mediagroup

No comments:

Post a Comment