Wednesday 24 October 2012

ကမ္ဘာတစ်ဝန်း အလုပ်ခွင် အဆင့်အတန်းပိုင်းတွင် အမျိုးသားများကသာ အသာစီးရနေဆဲဖြစ်ပြီး အမျိုးသမီးများ နှိမ့်ချဆက်ဆံခံရမှုများ ရှိနေဆဲဟု စစ်တမ်းက ဆို

ဂျနီဗာ၊ အောက်တိုဘာ ၂၄

ကမ္ဘာ့အမျိုးသမီးထုကြီးသည် ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍများတွင် ပျမ်းမျှအားဖြင့် အမျိုးသား များနှင့် တန်းတူနီးပါး အခွင့်အရေးများ၊ ရပိုင်ခွင့်များ ရလာပြီဟု ဆိုနိုင်ပြီဖြစ်သော်လည်း အလုပ်အကိုင်၊ ရာထူး၊ လစာ စသည့် လူမှုဘ၀ အဆင့်အတန်းပိုင်းတွင်မူ အမျိုးသားများအောက် များစွာ နိမ့်ကျနေ ဆဲဖြ စ်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်က ထုတ်ပြန်သော စစ်တမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှ အမျိုးသမီးများ၏ အလုပ်ခွင် အဆင့်အတန်းဆိုင်ရာ ကောက်ယူထားသော စာရင်းများကို အခြေခံ၍ စစ်တမ်းကို ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။ လုပ်ငန်းခွင်များထဲတွင် အထူး သဖြင့် ရာ ထူးကြီးပိုင်းနေရာများ၌ အမျိုးသမီးများကို နေရာပေးခြင်းသည် ကမ္ဘာတစ်ဝန်းတွင် နည်းပါးနေ ဆဲဖြစ်ကြောင်း၊ ရာထူးကြီးပိုင်းနေရာများတွင် အမျိုးသားတွေသာ ကြီးစိုးထားဆဲဖြစ်ကြောင်းဖြင့် ကမ္ဘာ့ စီးပွားရေး ဖိုရမ် (World Economic Forum) က နှစ်စဉ်ထုတ်ပြန်သော ကမ္ဘာ့တစ်ဝန်း အမျိုးသား အမျိုး သမီး အဆင့်အတန်း ကွာဟချက်ဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်း၌ အလုပ်ခွင်တွင်း ရာထူးကြီးပိုင်းများတွင် အမျိုးသမီး ၄၀ ရာခိုင်နှုန်းထက် မနည်းစေဘဲ ခန့်ထားစေမည့် ဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ရန် ဥရောပသမဂ္ဂက ကြိုးပမ်းလျက်ရှိသော်လည်း လုံလောက်သော ထောက်ခံမှုမရရှိသဖြင့် အောင်မြင်မှု မရသေးသည်ကိုလည်း တွေ့ရသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်က ပြုလုပ်ထားသော စစ်တမ်းသည် ကမ္ဘာ့လူဦးရေ၏ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ခြုံငုံမိသော စစ်တမ်းဖြစ်ကြောင်းလည်း သိရသည်။ ယောက်ျား မိန်းမ အဆင့်အတန်း ကွာခြားမှု အနည်း ဆုံးနိုင်ငံ သုံးနိုင်ငံမှာ အိုက်စလန်၊ ဖင်လန်နှင့် နော်ဝေနိုင်ငံတို့ဖြစ်ပြီး အဆင့်အတန်း လွန်စွာ ကွာခြားကာ အမျိုး သမီးများ လွန်စွာနိမ့်ကျနေသော သုံးနိုင်ငံမှာ တောင်အာဖရိကရှိ ချတ်ဒ်နိုင်ငံ၊ ယီမင်နှင့် အာရှရှိ ပါကစ္စတန်နိုင်ငံတို့ဖြစ်ကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံအားလုံးနီးပါး ကျန်းမာရေးစောင့်ရှောက်မှုပိုင်း၊ ပညာရေး ပံ့ပိုးပေးမှုပိုင်းများတွင် အမျိုးသားနှင့် အမျိုးသမီး အခွင့်အရေးရရှိမှုချင်း ကွာဟမှု နည်းသထက် နည်းအောင် ကြိုးပမ်းနိုင်လာကြပြီဖြစ်သော်လည်း လူမှု ဘ၀ လုပ်ငန်းခွင်ထဲတွင် ရပိုင်ခွင့်ချင်း ကွာဟချက် နည်းသထက် နည်းအောင် ဖန်တီးပေးနိုင် သည့်နိုင်ငံေ ပါင်း က ကမ္ဘာ့နိုင်ငံ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းသာ ရှိကြောင်း စစ်တမ်းအရ သိရ သည်။ နိုင်ငံရေးပိုင်းတွင် အမျိုးသားနှင့် အမျိုးသမီးများ တန်းတူညီမျှ ယှဉ်ပြိုင်လုပ်ကိုင်နိုင်အောင် လမ်း ဖွင့်ပေးနိုင် သည့် နိုင်ငံပေါင်းကလည်း ၂၀ ရာခိုင်နှုန်းခန့်သာရှိသေးကြောင်း စစ်တမ်း က ဖော်ထုတ်ထား သည်။

ကမ္ဘာ့ထိပ်သီး စီးပွားရေးအင်အားကြီး လေးနိုင်ငံအနက် အမေရိကန်၊ ဂျပန်နှင့် ဂျာမနီတို့သည် ၂၀၁၂ တွင် အလုပ်ခွင်တွင်း အမျိုးသမီးများ နှိမ့်ချဆက်ဆံခံရခြင်း နည်းသထက် နည်းအောင် ကြိုးပမ်းရာတွင် တိုးတက်မှုရှိလာကြောင်းလည်း စစ်တမ်းက ချီးကျူးရေးသားသည်။ တရုတ်နိုင်ငံကား အားရလောက်အောင် တိုးတက်မှုမရှိသေးကြောင်းလည်း စစ်တမ်းက ဝေဖန်ထားသည်။

အလုပ်ခွင်တွင်း အမျိုးသားနှင့် အမျိုးသမီး လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်များ တန်းတူရရှိ လာေ အာင် ဖော်ဆောင်ေ ပးခြင်းဖြင့် ကမ္ဘာ့လူသားထု၏ ထက်ဝက်နီးပါးရှိသော အမျိုးသမီးတို့၏ အားကိုလည်း အသုံးချနိုင်လာမည်ဖြစ်ကာ ကမ္ဘာ့စီးပွားရေးအဟုန်သည်လည်း ပိုကောင်းလာမည်ဖြစ်ကြောင်း စစ်တမ်းက တိုက်တွန်းရေးသားထားသည်။

အမျိုးသမီးနှင့် အမျိုးသား အဆင့်အတန်းချင်း ကွာဟမှုအနည်းဆုံး ထိပ်ဆုံးနိုင်ငံ တစ်ရာစာရင်းတွင် အရှေ့အလယ်ပိုင်းနှင့် မြောက်ပိုင်းအာဖရိကဒေသမှ တစ်နိုင်ငံမှ မပါဝင်ခြင်းကို ထောက်ရှု၍လည်း ထိုနိုင်ငံများတွင် အမျိုးသမီးများအား နှိမ့်ချဆက်ဆံမှုသည် ကြီးမားစွာ ရှိနေဆဲဖြစ်သည် ကို မြင်နိုင်ကြောင်း လည်း စစ်တမ်းက ဝေဖန်ရေးသားထားသည်။

အာရှတိုက်တွင် ဖိလစ်ပိုင်သည် အလုပ်ခွင်တွင်း အမျိုးသား အမျိုးသမီး အခွင့်အရေး အဆင့်အတန်း ကွာဟချက် အနည်းဆုံးနိုင်ငံအဖြစ်လည်း အဆင့် တစ် သတ်မှတ်ခံရပြီး တစ်ကမ္ဘာလုံးအနေနှင့် အဆင့် ရှစ် ရကြောင်းလည်း သိရသည်။

Source: AFP
ref:messenger 

No comments:

Post a Comment