Wednesday 24 October 2012

အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည့် မေးခွန်းများ

ယနေ့ (အောက်တိုဘာလ ၂၄ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်

၁) ပြည်ပ မီဒီယာများက မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ တစ်ဦး တစ်ယောက်ကို ဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ရပ်ကို ဖြစ်စေ ထိခိုက်အောင်၊ သိက္ခာကျအောင် အသရေဖျက် ပြောဆိုလာလျှင် မည်သည့် ပုဒ်မနှင့် အရေးယူမည်ကို သိရှိလိုခြင်း မေးခွန်း။


၂) ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဆောင်သော သတင်းထုတ်ပြန်ရေး အာဏာပိုင် အဖွဲ့ကို ဖျက်သိမ်းခြင်း ရှိ/မရှိနှင့် နေ့စဉ်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ယခင် ပါလီမန် ဒီမိုကရေစီ ခေတ်ကကဲ့သို့ တိုက်ပွဲသတင်းမှ အစ မခြွင်းမချန် ထည့်သွင်း ထုတ်ပြန်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်း။

၃) ကျောက်တော်မြို့နယ် နာဂရာကျေးရွာ အုပ်စုအတွင်းသို့ ကျူးကျော် ၀င်ရောက် နေထိုင်သည့် ဘင်္ဂါလီ ကျေးရွာများအား ဖယ်ရှားပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း။

၎) ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့များ၏ မြို့စွန်ရှိ ဘင်္ဂါလီလူမျိုး ရပ်ကွက်နှင့် ကျေးရွာများ၏ လူနေဧရိယာ တဖြည်းဖြည်း ကြီးကျယ် ပြန့်ကားမှုသည် မြို့ပြ အက်ဥပဒေနှင့် ကျေးရွာ အက်ဥပဒေများနှင့် အညီ တရားဝင် ရပ်ကွက် သို့မဟုတ် ကျေးရွားရွာများ ဟုတ်/မဟုတ်၊ ဥပဒေနှင့် မညီပါက နောင်တွင် ယင်းတို့၏ လူနေအိမ်ရာ နယ်နိမိတ်ကို သတ်မှတ်ပေးပြီး ထိန်းချုပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်း။

၅) အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေး သူငယ်ဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးခြင်း။

၆) ဒီမိုကရေစီ နိုင်ငံ ထူထောင်ရာတွင် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု စနစ်တစ်ရပ် ဖြစ်ပေါ်ရေးအတွက် အုပ်ချုပ်ရေး အာဏာ ကိုင်တွယ် ကျင့်သုံး လျက်ရှိသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ အနေဖြင့် ဥပဒေ လုပ်ထုံး လုပ်နည်းနှင့် အညီ တိကျစွာ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ဥပဒေ ချိုးဖောက်ကာ လုပ်ကိုင် ဆောင်ရွက်နေသူများကိုလည်း ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ နိုင်ပါရန် ပြည်ထောင်စု အစိုးရအား ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ဆိုင်ရာ ကော်မတီမှ တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးခြင်း။

အစရှိသည့် အစီအစဉ်များကို ထည့်သွင်း ပြုလုပ်မည် ဖြစ်ပါသည်။

ref:EMG

No comments:

Post a Comment