Wednesday 24 October 2012

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ဥပဒေပါ သမ္မတ အရည်အချင်း


Wednesday, October 24, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေပြုပြောကြားမှုများရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကိစ္စမှာနိုင်ငံရေးအသိုင်းအ၀ိုင်းကပုဂ္ဂိုလ်အချို့နှင့်မီဒီယာများ တွင် ပြော ဆိုမှု  များကြောင့်အများပြည်သူအာရုံစိုက်မိလာသည့် အကြောင်းရပ်တစ်ခုဖြစ်လာသည်။


“ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့၊ မဖြစ်ဖို့ဆိုတာပြည်သူရဲ့သဘော   ထားပေါ် မှာပဲ မူတည်တယ်။ပြည်သူ့သဘောထားက လက်ခံတယ်ဆိုရင် ကျွန်တော်ကလည်း လက်ခံရမှာ
ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော့် ကြားမှာဘာပြဿနာမှ မရှိပါဘူး။ အခုလည်း လက်တွဲပြီးတော့ ကျွန်တော်တို့ လုပ်နေကြတာဖြစ်ပါတယ်”ဟု သမ္မတကြီးက အင်တာဗျူး တစ်ခု တွင် ပြောကြားခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ခရီးစဉ်များပြီးဆုံး၍ မြန်မာနိုင်ငံသို့
ပြန်လည်ေ   ရာက်    ရှိချိန်   တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌“ကျွန်နိုင်ငံရေးပါ တီတစ်ခု     ရဲ့ ခေါင်းဆောင်ပဲ။ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်ဆိုမှတော့ သမ္မတလည်း လုပ်ရဲတဲ့ သတ္တိရှိရမယ်။
ပြည်သူလူထုက လိုလားရင်လုပ်မှာပဲ”ဟု ပြောကြားသည်။
ဥပဒေပါ ပြဋ္ဌာန်းချက် အချို့သည် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ် ထိုသို့ ခေါင်းဆောင်နှစ်ဦး က ပြောကြားခဲ့ေ သ်ာလည်း ဖွဲ့စည်းပုံအခြေခံရေးအတွက် အတားအဆီးသဖွယ်ဖြစ်နေသည်။ သူမအား နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်လိုပါလျှင် အဆိုပါ အချက်အချို့အား ယခုလွှတ်တော် သက်တမ်းအတွင်း ပြင်ဆင်နိုင်ရန် လိုအပ်သည်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃)ရှိ ပုဒ်မ-၅၉ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများဆိုင်ရာ ပြဋ္ဌာန်းချက်အပိုဒ်ခွဲ(စ)တွင် မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း

မိမိ၏ဇနီး(သို့မဟုတ်)ခင်ပွနတစ်ဦးဦး၏ ဇနီး (သို့မဟုတ်)ခင်ပွန်းသော်လည်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီးးကောင်း၊ နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ (သို့မဟုတ်) တိုင်းတစ်ပါး ၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်
လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ဖော်ပြထားသည်။


အဆိုပါအပိုဒ်သည် လွှတ်တော်အမတ်ဦးရေ ၇၅ရာခိုင်နှုန်းက ထောက်ခံရမည့်အပြင် ပြည် လုံးကျွတ်     ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ၅၀ ရာခိုင်နှုန်းက ထောက်ခံဆနမဲေ ပးမှသာ ပြင် ဆင်နိုင်ခွင့်ရှိမည့် အချက်ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည် ပြည်သူများ၏ သဘောထား
ပေါ်မူတည်ေ    သာ်     လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မိမိတစ်ဦး တည်း၏သဘောဖြင့် ပြင်ဆင်၍ မဖြစ်နိုင်ကြောင်း သမ္မတကြီးက BBC ရုပ်သံဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။


သူမအား သမ္မတဖြစ်ရန် ပြောဆိုနေကြသော်လည်း အခြေခံဥပဒေပါ ကန့်သတ်ချက်များ သက်တမ်းအတွင်း ဖြစ်နိုင်ခြေနည်းပါးကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းမှအား ပြင်ဆင်ရန်မှာမူ ၃ နှစ်ကျန် ရှိသေးသည့်လွှတ်တော် ပုဂ္ဂိုလ်များက သုံးသပ်ပြောဆိုသည်။


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအနေဖြင့် လွှတ်တော်တွင်းရောက်ရှိပါက အခြေခံ ဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။


“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်ဦး ဖြိုးမင်းသိန်းက အခြေခံဥပဒေမှာ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုတွေကို
ချောချောမွေ့မွေ့ပြင်ဆင်နိုင်အောင်      ဆောင်ရွက်ရမှာပါ။ ကျွန်တော်တို့ဘက်က ဒီလွှတ်တော်သက်တမ်းအတွင်းမှာဖွဲ့စည်းပုံကို ပြင်ဆင်ဖို့နဲ့၂၀၁၅ ရွေးကောက်

ပွဲမှာ အောင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ နောက်တစ်ချက်ကဥပဒေနဲ့အညီ ပြင်ဆင်နိုင်ဖို့အတွက်ဒီဖွဲ့စည်းပုံက ဘယ်အချက်အလက်တွေက ဘောင်ဝင်မယ်

ဆိုတာ ကျွန်တော်တို့ ဆန်းစစ်ရပါမယ်” ဟု ပြောသည်။


ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စား

လှယ် ဦးရဲထွန်းက “NLD က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ချင်တယ်ဆိုရင

တော့ သမ္မတရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ အ ချက်တချို့ ဖြစ်ကောင်းဖြစ်နိုင် တယ်။ အဲဒါကို ပြင်မယ်ဆိုရင်ကျွန်တော်ထင်တယ်။ ၇၅ ရာခိုင်နှုန်းကျော်နဲ့

နိုင်မယ်မထင်ဘူး။ ဒီသုံးနှစ်ကာလအတွင်းမှာ ပြင်နိုင်မယ်လို့ ကျွန်တော်တော့

မထင်ပါဘူး”ဟုပြောသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယကအဖွဲ့ဝင် ဦးဝင်းတင်က ပြောဆိုရာတွင်

အခြေခံဥပဒေပြင်ဆင်ရေးကိစ္စအား ၂၀၁၅ ခုနှစ်မတိုင်မီ ပြင်ဆင်နိုင်လိမ့်

မည်ဟု မထင်ကြောင်း၊ ဒီမိုကရေစီ ပြောင်းလဲရေးတွင် အဓိကအဟန့် အတားမှာ စစ်တပ်ဖြစ်နေကြောင်းဆိုသည်။


လူတစ်ဦးတစ်ယောက်အတွက် အခြေခံဥပဒေပြင်ဆင်ရသည်မှာ မသင့်လျော်

သော်လည်း ပြင်ဆင်ပေးရမည့်သူသည် နိုင်ငံအား ထူးထူးခြားခြားပြောင်းလဲ

သွားနိုင်အောင် စွမ်းဆောင်ရည်ရှိသူဖြစ်ပါက ပြင်ဆင်ရန်စဉ်းစားသင့်

ကြောင်း၊ လူတစ်ဦးတစ်ယောက်နှင့်ပုဂ္ဂိုလ်စွဲ ကိုးကွယ်မှုများရှိခဲ့လျှင် ဒီမိုကရေစီမဟုတ်သေးကြောင်း အမျိုးသားဒီမိုက ရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦး ခင်မောင်ဆွေက ထောက်ပြပြော ကြားသည်။


အခြေခံဥပဒေ ပြင်ဆင်ရာ တွင် လွှတ်တော်တွင်း ထောက်ခံဆန္ဒမဲများ ရရှိရန် လိုအပ်သဖြင့် အနိုင်ရပါတီသည် အရေးပါသော အခြေအနေတွင်ရှိသည်။

ယခု လွှတ်တော်သက်တမ်းအတွင်း အနိုင်ရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် အခြေခံဥပဒေကို ပြင်ဆင်ရန် အခြေ

အနေနည်းပါးနေသည်။


အခြေခံဥပဒေပြင်ဆင်ရေး ကို မိမိ၏ သဘောဆနဖြင့် ပြုလုပ်၍မရဘဲ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒဖြင့်သာသွားရမည်ဖြစ်ကြောင်း

ယခုလ ၂၁ ရက်က နိုင်ငံတော်သမ္မတ အိမ်တော်၌ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါ တီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်

တင်မြှောက်ခံထားရသူ သမ္မတ ဦးသိန်းစိန်က ထပ်မံပြောကြားသည်။


“ဖွဲ့စည်းပုံအခြေခံဥပဒေဆို တာ ပြင်လို့ရတယ်။ အများသဘောတူတယ်

ဆိုရင် လုပ်လို့ရပါတယ်။ အများသဘောအတိုင်းသွားမှာပဲ။လက်ရှိမှာတော့

ပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ အဆိုတင်သွင်းဖို့ မရှိသေးပါဘူး”ဟု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး က

ပြည်ပမီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။


၂၀၁၅ ခုနှစ်အထိ သက် တမ်းရှိနေသည့် ယခုလွှတ်တော် သက်တမ်းအတွင်း အခြေခံဥပဒေပြင်ဆင်ရေးသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များ၏

သဘောသက်ရောက်မှုအပေါ် မူတည်နေကြောင်း ဦးခင်မောင်ဆွေက သုံးသပ်သည်။


“သမ္မတနဲ့ ပတ်သက်တဲ့အ ချက်တွေကို ပြည်ခိုင်ဖြိုးဘက်က ပြင်ဖို့ ခက်လိမ့်မယ်ဗျ။ ဒီ၂၀၀၈ ဖွဲ့စည်းပုံကို ပုဂ္ဂိုလ်အချို့ကကာဖို့ကြိုးစားတာဖြစ်

ချင်ဖြစ်မယ်။ ဒါပေမဲ့ အဲဒီကာတဲ့ပုဂ္ဂိုလ်တွေကို လူထုကလက်ခံမှကိုး။ နိုင် ငံတော်သမ္မတအရည်အချင်းမှာ ကန့်သတ်မှုတွေများနေရင်အများလက်ခံနိုင်

တဲ့ ဝေါဟာရကိုပြင်ဖို့ တော်တော်ခက်ပါလိမ့်မယ်”ဟု အမျိုးသားလွှတ်တော်

ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။


ဦးရဲထွန်းက သူ၏အမြင်ကို ပြောဆိုရာတွင် “ပြည်ခိုင်ဖြိုးပါတီ က ပြင်ဖို့လုံးဝ

မရှိဘူး။ NLD ကအာရုံရှိလို့ ပြင်ဖို့ကြိုးစားရင်တောင်သိပ်ပြီးအရာရောက်မှာ

မဟုတ်ဘူး” ဟု ဆိုသည်။


အခြေခံဥပဒေပြင်ဆင်ရေး တွင် သမ္မတနှင့်ပတ်သက်သည့် အရည်အချင်းများ

ပြုပြင်ရန်သာမက အခြားသော တိုင်းရင်းသားရေးရာနှင့်သက်ဆိုင်သည့်

ကိစ္စရပ်များ၊ တပ်မတော်၏ ပါဝင်မှုအခန်းကဏ္ဍကို လျှော့ချရေးကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားယခုထက်ပိုမို၍ အခွင့်အလမ်းများပေး

အပ်ရန် ကိစ္စများအစရှိသည့် အချက်အလက်များကို အာရုံစိုက်သင့်ကြောင်း

မြန်မာ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ၏ ထင်မြင်ယူဆမှုများ ရှိနေ

သည်။


တပ်မတော်နှင့် ပတ်သက်သောအချက်အလက်များကို ပြင်ဆင်ရန်သာမက

နိုင်ငံတော်တွင် လတ်တလော အရေးတကြီးလို အပ်နေသည့် ပြည်တွင်း

စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မှန်မှန်ကန်ကန် ဒီမိုကရေစီ

ပြည်ထောင်စုကို တည်ထောင်နိုင်ရန်ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်မဖြစ်

ပြင်ဆင်ရန်လိုအပ်နေကြောင်းလည်း တိုင်းရင်းသား ပါတီအချို့က သုံးသပ်

ဝေဖန်သည်။


အခြေခံဥပဒေပြင်ဆင်ရေးကို အဓိကထား လုပ်ဆောင်မည်ဟု ကြွေးကြော်၍ လွှတ်တော်တွင်းဝင်ရောက်ခဲ့သော NLD ပါ တီအနေဖြင့် အခြေခံဥပဒေပြင်

ဆင်ရေးထက် အခြားသော လွှတ်တော်တွင်း လုပ်ငန်းများကိုအာရုံစူးစိုက်

လုပ်ဆောင်သင့်ကြောင်း သုံးသပ်သူများလည်းရှိသည်။


ဦးရဲထွန်းက သုံးသပ်ပြော ဆိုရာတွင် “ဖွဲ့စည်းပုံပြင်ဖို့ကိုပဲ အာရုံစိုက်နေမယ်

ဆိုရင် ဒီအချိန်က ဖွဲ့စည်းပုံပြင်ဖို့ အချိန်ကောင်း၊အချိန်မှန်မဟုတ်သေးဘူး။

ဒီအချိန်မှာ သွားပြင်ရင် အချင်းချင်းနားလည်မှုလွဲတာပဲရှိမယ်”ဟု ဆိုသည်။


အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် အဆင့်များစွာကို ကျော်ဖြတ်ရမည်ဖြစ်ပြီး အချို့အဆင့်များသည် ယုတ္တိမဲ့သောအချက်များရှိကြောင်း၊၎င်းအချက်များကို

ကျော်ဖြတ်ပြီးမှသာ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်ဆင်ရမည် ဖြစ်သည့်

အတွက် အခက်အခဲများ ကြီးမားနိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား

ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုပြုံးချိုက သုံးသပ်ပြောကြားသည်။


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLDအနိုင်ရရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို

ပြောင်းလဲပြင်ဆင်နိုင်မည်ဟုထင်ကြေးပေးမှုများရှိသော်လည်း တပ်မတော်

သားကိုယ်စားလှယ်များ ပါဝင်ထောက်ခံမှသာလျှင် ပြင်ဆင်နိုင်မည်ဟု

ထင်မြင်ယူဆသူများလည်းရှိသည်


လွှတ်တော်သက်တမ်းသည် ၂ နှစ်နီးပါး ချင်းနင်းဝင်ရောက် လာပြီဖြစ်

သော်လည်း အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍တစ်စုံတစ်ရာ

ဆွေးနွေးမှုကို မတွေ့ရှိရသေးပေ။


ပြည်ထောင်စု လွှတ်တော်အနေဖြင့် စတုတ္ထပုံမှန်အစည်းအဝေး ပြီးစီး သည့်အချိန်ထိ ဥပဒေ ၃၂ ခုကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး နိုင်ငံအတွက်

အရေးကြီးသော ဥပဒေ အချို့ကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။


ယခုကျင်းပဆဲ လွှတ်တော်အစည်းအဝေးများတွင် မပြီးပြတ်သေးသည့်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း၊ အလုပ်သမားများလုပ်ခလစာနှင့်

သက်ဆိုင်သည့်ဥပဒေကြမ်း စသည့်ကိစ္စများကိုဆွေးနွေးရန်ရှိပြီး အခြား

ဝင်ရောက်လာမည့်အဆိုများ ဥပဒေကြမ်းများကိုလည်း ဆွေးနွေးရန်

ရှိသဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အရေးတကြီးကိစ္စရပ်အဖြစ် ၀င်ရောက်လာရန် အလှမ်းဝေးမှုများရှိနေသည်ဟု သုံးသပ်ကြသည်။


ယခုလက်ရှိ နိုင်ငံ၌ ကျင့် သုံးနေသော အခြေခံဥပဒေတွင် အားနည်းချက်များ

ပါဝင်သော်လည်း အဆိုပါ အချက်များကို ပြင်ဆင်ရန်မှာမူ အလှမ်းဝေးနေ

ဆဲဖြစ်ပြီး အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် အပြောင်းအလဲ

လုပ်ငန်းစဉ်များ ပိုမိုဖြစ်ထွန်းလာရေးကိုသာဦးစားပေးဆောင်ရွက်ရမည့်

အချိန်ကာလဖြစ် ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်း အချို့ကပြောဆိုမှုများ

ရှိနေသည်။


“အခြေခံဥပဒေပြင်ဆင်ခွင့် ရရင် သမ္မတအရည်အချင်းနဲ့ ပတ်သက်တဲ့ အချက်အချို့ကိုလည်း ဦးစားပေးပြင်ဖို့ရှိပါတယ်။ သမ္မတဟာ စစ်ရေးအမြင်

ရှိရမယ်ဆိုတာ အမျိုးသားတွေကိုပဲ ဦးစားပေးတဲ့ သဘော ဖြစ်နေပါတယ်။ ပုဒ်မ ၅၉(စ)ကိုလည်း ပြင်ရမယ်။ တိုင်းပြည်အတွက် တကယ်လိုအပ်ရင်

ဒီအချက်တွေကို ဖယ်ရှားနိုင်မယ်လို့ ထင်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီ

အဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေ၀င်းမြင့်က ပြောသည်။


7Day News Journal

No comments:

Post a Comment