Wednesday, 24 October 2012

[ Breaking News ] ကေအိုင်အေက ကျောင်းသားများ အပါအဝင် ဒေသခံ ၂၂ ဦးကို ဖမ်းဆီး



ရန်ကုန်၊ အောက်တိုဘာ ၂၄
 မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ပူတာအိုမြို့နယ် လုံရှာရန် ကျေးရွာတွင်ကျာင်းသားများ အပါအဝင် ဒေသခံ ၂၂ ဦးကို ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တပ်ရင်း ၇ မှ ဖမ်းဆီး သွားကြောင်း ဒေသခံများက The Voice Weeklyသို့ ဆက်သွယ်ပြောကြား သည်။
ကေအိုင်အေမှ ဗိုလ်ကြီး လခန် နှင့် ဗိုလ်ကြီး ဇော်လှိုင်တို့ ဦးစီးသောတပ်အင်အား ၃၀ ခန့်သည် အောက်တိုဘာ ၂၃ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် လာရောက် ဖမ်းဆီးခြင်း ဖြစ်ပြီး ဖမ်းဆီး သွားသည့် ဒေသခံ ၂၂ ဦးတွင် ဒသမတန်း ကျောင်းသား ၂ ဦး ၊ နဝမတန်း ကျောင်းသား ၃ ဦးနှင့် အဌမတန်း ကျောင်းသား ၁ ဦး ပါဝင်နေကြောင်း ၄င်းတို့က ရှင်းပြသည်။
ref:thevoiceweekly

No comments:

Post a Comment