Wednesday 24 October 2012

နန်းခင်ဇေယျာ၏ သတင်းစာ ရှင်းလင်းပွဲ

 

မြန်မာပြည်သူများ၏ မဲပေးမှုဖြင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် ဆုနှစ်ဆုရရှိခဲ့သောေ ကြာင့် ပြည်သူ များ အတွက် ပြန်လည်ပေးဆပ်သည့်အနေဖြင့် ပရဟိတလုပ်ငန်းများကို ပိုမိုလုပ်ကိုင်သွားမည်ဖြစ်ကြောင်း နန်း ခင်ဇေယျာကယနေ့မွန်းလွဲပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထို့အပြင် ပအို့ဝ်တိုင်းရင်းသူဖြစ်သော သူမက ပအို့ဝ်တိုင်းရင်းသားများတွင် ပညာတတ်နည်းပါး သည့် အ တွက် ပညာရေးနှင့်ပတ်သက်သောပရဟိတလုပ်ငန်းများကို ပအို့ဝ်တိုင်းရင်းသားများအတွက် လုပ်ကိုင်သွား မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

နန်းခင်ဇေယျာနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)တို့သဘောတူစာချုပ် ချုပ်ဆိုထားမှုအရ
ကြော်ငြာ အပါအ၀င် အနုပညာလုပ်ငန်းများနှင့်ပတ်သက်၍ ၂၀၁၃ Miss Myanmar International ပြိုင်ပွဲမတိုင်ခင်အထိခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။သူမ၏ ကြော်ငြာကိစ္စ အပါအ၀င်အနုပညာလုပ်ငန်းများအတွက်ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုေ ဆာင် ဒေါ်တင် မာမြင့်နှင့် ဆက် သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရုံး ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားသည်။

နန်းခင်ဇေယျာအနေဖြင့် အနုပညာလုပ်ငန်းများအပြင် ဧည့်လမ်းညွှန်အဖြစ်လည်း ဆက်လက်လု ပ်ကိုင် သွားမည် ဟု ပြောသည်။

ဒုတိယအကြိမ် ၂၀၁၃ Miss Myanmar International ပြိုင်ပွဲအတွက် အလှမယ်ရွေးချယ်မှုကို ၂၀၁၃ ဖေဖော်ဝါရီလမှ စတင်ရွေးချယ်သွားမည်ဖြစ်ပြီး ဧည့်လမ်းညွှန်များအပြင် ဧည့်လမ်းညွှန်မ ဟုတ်သူ များလည်း ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သတင်းရရှိသည်။
 
ref:7daynews

No comments:

Post a Comment