Wednesday 24 October 2012

ပြည်နယ်အစိုးရအဖွဲ့မှ အောက်တိုဘာလ ၂၄ ရက်နေ့သတင်းထုတ်ပြန်ချက်

ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ အောက်တိုဘာလ ၂၃ ရက် ၊၂၄ ရက်အတွင်း ရခိုင်ပြည်နယ် မင်းပြားမြို့ နယ်၊ကျောက်ဖြူမြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်ပတ်သတ်ကာ သတင်း ထုတ်ပြန် ခဲ့ သည်။ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့တွင် အောက်တိုဘာ လ ၂၃ ရက်နေ့ ည ၈ နာရီမှစပြီး ရခိုင် ပိုက်ဆိပ်နှင့်ကုလားပိုက်ဆိပ်ကြား ငါးဦးစီးဌာနမှ ငါးမွေးကန်အနီးတွင် ရခိုင်နှင့်ကုလား အုပ်စု လိုက်တွေ့ဆုံကာ မီးရှို့ရန်ပြုလုပ်နေကြောင်း၊သတင်းရရှိသဖြင့် ခရိုင်ရဲတပ်ဖွဲ့ မှူးနှင့် မြို့နယ် ရဲတပ် ဖွဲ့မှုးတို့က သွားေ ရာက်ကြည့်ရှုခဲ့ရာ နေအိမ်တစ်လုံး မိးလောင်နေသည် ကို တွေ့ရှိရကြောင်း သတင်း ထုတ်ပြန်ခဲ့ပါသည်။
စကခ တပ်မမှူး ဗိုလ်မှူးကြီးသိုက်စိုးဦးစီးသည့်အဖွဲ့နှင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၃ ည ၉ နာရီတွင် ကုလားပိုက်ဆိပ်နှင့် ရခိုင်ပိုက်ဆိပ်အကြား ဘုန်းကြီးကျောင်းလမ်းနှင့် ဦးဥတမလမ်း ကြားတွင် နေထိုသော ရခိုင် လူမျိုးများနှင့် ဘင်္ဂလီများနေထိုင်သည့် အကွက်ထဲမှ နေအိမ်တစ်လုံးကို မီးရှို့နေသဖြင့် လူစုခွဲနေစဉ် မြို့အပြင်ဘက်မှ မော်တော်ယာဉ်နှစ်စီးဖြင့် ရခိုင်လူမျိုးများ ရောက်ရှိလာရာ အခင်းဖြစ်နေရာ အနီးတွင် ရခိုင်လူမျိုး ၃၀၀၀ ခန့် စုစည်းမိခဲ့ကြောင်း။ အပြန်အလှန်မီးရှို့မှု များ ဖြစ်ပွား ခဲ့ပြီး လုံခြုံရေးတာဝန်ရှိသူများက လူစုခွဲကာ မီးငြိမ်းသတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မြို့ပြင်ဘက်မှ မော်တော်ယဉ် ၃ စီးဖြင့် ရခိုင်လူမျိုးများမှာ ထပ်မံရောက်ရှိလာသဖြင့် လုံခြုံတပ်ဖွဲ့များက ၀ိုင်းဝန်းထိမ်းသိမ်းနေစဉ် အနောက်ပိုင်းရပ်ကွက် ဘင်္ဂလီလူမျိုးပိုင် ဈေးဆိုင်တစ်ခုအား ဖျက်ဆီးနေသည်ဟု သတင်းရသဖြင့် သွားရောက်ထိမ်းသိမ်း လူစုခွဲခဲ့ရာ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် လူစုကွဲ သွားပြီး မော်တော် များဖြင့်လည်း ထွက်ခွာသွားခဲ့ကြောင်း၊

ကုလားပိုက်ဆိပ်နှင့်ရခိုင်ပိုက်ဆိပ်တို့တွင် ရခိုင်နေအိမ် ၃၁ လုံး၊ ဘင်္ဂလီနေအိမ် ၃၇ လုံး မီးလောင်ကျွမ်းပြီး ရခိုင်လူမျိုး ၂၀ ဦး ဒဏ်ရာဖြင့် ကျောက်ဖြူဆေးရုံသို့ရောက် ရှိသွား ကြောင်း၊အတွင်းလူနာအဖြစ် ၁၀ ဦး တက်ရောက်ကုသနေပြီး မီးလောင်ဒဏ်ရာရရှိသူတစ်ဦး ၊ဦးခေါင်းဂျင်ဂလိထိမှန် သူ တစ်ဦး ဒဏ်ရာမှာ စိုးရိမ်ရသည်ဟု သိရှိရကြောင်း၊ ဘင်္ဂလီလူမျိုးများမှာ ထိခိုက်ဒဏ်ရာ ရရှိသူများအားစုံစမ်းဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှစကာ နေ့ခင်းပိုင်းများတွင်လည်း ပဋိပက္ခများ ဆက် လက် ဖြစ်ပွားလျက်ရှိသည်ဟုသတင်းရရှိသော်လည်း အသေးစိတ် အခြေအနေကို တင်ပြ လာခြင်း မရှိေ သးကြောင်းသိရှိရသည်။

မြေပုံမြို့တွင် အောက်တိုဘာလ ၂၃ ရက်နေ့ ၇ နာရီ ၃၅ မိနစ်ခန့်တွင် မြေပုံမြို့ ဈေးပိုင်း ရပ်ကွက်နေ ဘင်္ဂလီလူမျိုး ဦးကျော်သိန်း၏ ပျဉ်ခင်း၊ပျဉ်ကာ ၊သွပ်မိုးနေအိမ်အား ရခိုင်တိုင်းရင်းသား ၅၀၀ ခန့်က ဖျက်ဆီးမှုပြုလုပ်ခဲ့ကြေင်း၊လုံခြုံရေးတပ်ဖွဲ့ဝင်များ အချိန်မီထိမ်းသိမ်းခဲ့ကြောင်း၊ ဈေးပိုင်းရပ်ကွက်ရှိ ဘင်္ဂလီ လူ မျိုးတစ်ဦးက မိမိနေအိမ်ကို မီးရှို့ရာ မီးသတ်ကားနှင့် လူအင်အား သုံးပြီး မီးငြိမ်းသတ် ခဲ့ကြကြောင်း၊ အိမ်ဆယ်လုံးခန့် မီးလောင်ကျွမ်းသွားခဲ့ကြောင်း၊ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁၀ မိနစ်ခန့် အချိန်တွင် တောင်ပေါ်ရပ်ကွက် နေ ဘင်္ဂလီနေအိမ်များကို ရခိုင် ၅၀၀ ခန့်က ၀ိုင်းဝန်းမီးရှို့ခြင်း ၊ဘင်္ဂလီ များ ကလည်း မိမိနေအိမ်ကိုပြန်လည် မီးရှို့ခြင်း တို့ကြောင့် မြို့ပေါ်ရှိ အလယ် ပိုင်း၊ဈေး ပိုင်း၊တရုတ် တန်း၊တောင်ပေါ်၊ကံသာထွက်ဝ ၊ရပ်ကွက် ၅ ခုရှိ ရခိုင်နေအိမ်အချို့နှင့် ဘင်္ဂလီနေအိမ်အချို့ စုစုပေါင်း ၄၀ လုံး မီးလောင်ကျွမ်းသွားခဲ့ကြောင်း၊ ညနေ ၆ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း ၊သိရသည်။ နေ့လည်ပိုင်းတွင် လည်း ဆက်လက်ဖြစ်ပွားခဲ့သော်လည်း အတည်ပြုသတင်း မရရှိသေးကြောင်းသိရသည်။

မင်းပြားမြို့နယ် နင်္ဂရာ ကျေးရွာ တွင် အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ရခိုင် လူမျိုး ၃၀၀ ခန့် နင်္ဂရာရွာသို့ ခုခံချီတက် ခဲ့ရာ ဘင်္ဂလီလူမျိုးများလည်း ရင်ဆိုင်ရန် အခြေ အနေ တွေ့ ရှိရသဖြင့် ပဋိပက္ခမဖြစ်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနပ်ဖြင့်ပစ်ခတ် လူစုခွဲခဲ့ရကြောင်း၊ ရခိုင်လူမျိုး ၂ ဦးသေဆုံးခဲ့ကြောင်း၊ သိရှိရသည်။

တစ်ချိန်တည်းမှာပင် မင်းပြားမြို့နယ် သာဒကုလားရွာ တွင် ရခိုင် ၃၀၀ခန့် ၀င်ရောက်မီးရှို့သဖြင့် နေအိမ် ၁၀၈ လုံး မီးလောင်ကျွမ်းသွားခဲ့ကြောင်း၊ ယင်းနေ့ညနေ ၄ နာရီ ၃၀ ခန့်တွင် ဆင်အိုးတန်း ဘင်္ဂလီရွာကို ရခိုင်လူမျိုး ၃၀၀ ခန့် မီးဝင်ရှို့သဖြင့် အိမ်ခြေ ၁၄ လုံး ၊ဆန်စက် ၁ လုံးမီးလောင်ကျွန်းခဲ့ပြီး ညနေ ၅ နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ၊အခင်းဖြစ်နေရာ သို့ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တပ်မတော်မှ ယာယီ နည်းဗျူဟာမှူး၊ခရိုင်အုပ်ချုပ်ရေးမှူး တို့ကရောက်ရှိ လာပြီး ဆက်လက်မဖြစ်စေရန် လူစုခွဲ ခဲ့ရာ သေနပ် အချက် ၃၀ ခန့် ပစ်ခတ်လူစုခွဲခဲ့ရကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့သတင်း ထုတ်ပြန်ရေး ဥက္ကဌ ဦးလှသိန်းက ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းအနယ်နယ်အရပ်ရပ်တွင် ရှိနေသည့် ဘင်္ဂလီများမှာ ဘယ်က၀င်လာ သလဲဟုမေးမြန်းရာ မိမိမှာ လ၀က မှ မဟုတ်သဖြင့် ဘယ်ကဘယ်လိုဝင်လာသလဲဆိုသည်ကို မသိရှိပါဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့သတင်းထုတ်ပြန်ရေး ဥက္ကဌ ဦးလှသိန်းက ဖြေကြားခဲ့သည်။
ref:EMG

No comments:

Post a Comment