Wednesday 24 October 2012

ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ခွဲ ရန်ကုန်တွင်ဖွင့်ရန် စီစဉ်


အမေရိကန်နိုင်ငံမှဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏တက္ကသိုလ်ခွဲများမြန်မာနိုင်ငံတွင်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင် ရွက်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ဥက္ကဋ္ဌက ပညာရေးနှင့်ပတ်သက်သည့် အကူအညီ များပေး ရန်လာေ ရာက်သောခရီးစဉ်တွင် အမေရိကန်နိုင်ငံရှိ အဆိုပါတက္ကသိုလ်များ   ၌ မြန်မာကျောင်းသား၃၀ ကျော်ကို ပညာတော်သင်ဆုပေးရန် ကမ်းလှမ်းခဲ့သည်။

“သူက ၃၀၊ ၄၀လောက်ကို လက်ခံပါတယ်။ ၀ါရှင်တန်လိုမျိုးမှာ ပညာတော်သင် ၃၀၊ ၄၀လောက် သွားပြီးေ တာ့ သင်ဖို့အတွက်က သူ့ကျောင်းက အလကားသင်ပေးလည်း နေဖို့စရိတ်က ကျွန်တော်တို့လိုလာတယ်။ စားဖို့စရိတ်က ကျွန်တော်တို့ လိုလာတယ်။ နေဖို့၊ စားဖို့ စရိတ်တွေလိုတဲ့အတွက်ကြောင့် များများစားစား ကျွန်တော်ဘယ်လိုမှ သွားပြီးတော့ သင်နိုင်တဲ့အနေအထားမရှိဘူး။ အဲဒီတော့ ရန်ကုန်မြို့မှာ အကြောင်းေ ကြာင်းတွေကြောင့် တက္ကသိုလ်သုံးခု ပိတ်ထားတာတွေရှိတယ်။ အဆင့်ဆင့်ပဲ။ အဲဒီတော့ ခင်ဗျားတို့ရဲ့ တက္က သိုလ် ခွဲတွေ ကိုရီးယားမှာ ဖွင့်နေတာတွေ ရှိတယ်။ စင်ကာပူမှာ ဖွင့်နေတာတွေရှိတယ်။ အီတလီမှာ ဖွင့်ပေးနေ တာတွေရှိတယ်။ ဒီကိုလာပြီးတော့ တက္ကသိုလ်ခွဲတွေ ဖွင့်ပေးနိုင်မလား။ သဘောကျသွား ပါတယ်။ ဒါကောင်းတဲ့ အကြံဉာဏ်ပါပဲလို့ ပြောပါတယ်။ ဒီ တက္ကသိုလ်တွေ ဖွင့်ဖို့အတွက် ဒီနေ့ ကျွန်တော် တို့ ဆက်သွယ်ပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ဦးသိန်းစိန်က အောက်တိုဘာ ၂၁ရက်တွင် သမ္မတ
အိမ်တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပညာရေးနှင့်ပတ်သက်၍ ဖြေကြားရာ၌ ထည့် သွင်းပြောကြား သွားခဲ့သည်။

အဆိုပါတက္ကသိုလ်က ပထမဦးစွာမြန်မာနိုင်ငံတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ ကိုသင်ကြားပို့ချပေးရန် စီစဉ်ေ နပြီးနောက်ပိုင်းနှစ်များတွင်မှ တက္ကသိုလ်ခွဲတိုးချဲ့ဖွင့်ရန် စီစဉ်နေသည်။ အထူးပြုဘာသာရပ် ၈ မျိုးအထိ သင်ကြားပေးရန်၊ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်အပြင် ၎င်းင်းနှင့်နီးစပ်သောတက္ကသိုလ်များမှ ဆရာ၊ဆရာမများက လာရောက်သင်ကြားပေးရန် စီစဉ်နေကြောင်းမင်္ဂလာမြန်မာ မှ ဒေါက်တာဖုန်းဝင်း က ပြော သည်။ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှာ အမေရိကန်ပြည်ထောင်စုနှင့်ပြည်ပတွင် တက္ကသိုလ်ခွဲ စုစုပေါင်း ၉ ခုရှိသည်။ကျောင်းသားတစ်ဦး  အတွက် အမေရိကတွင် ပညာသင်စရိတ်မှာတစ်နှစ် လျှင် ဒေါ်လာငါးသောင်းဝန်းကျင်ရှိကြောင်း သတင်းရရှိသည်။

ref:7daynews

No comments:

Post a Comment