Wednesday 24 October 2012

Retina Display ပါဝင်သည့် ၁၃ လက်မ MacBook Pro သစ်ကို Apple မိတ်ဆက်ကြေညာ


 
 Retina Display ပါဝင်ပြီး အထူ ၀.၇၅ လက်မသာရှိသည့် ၁၃ လက်မ MacBook Pro သစ်ကို Apple က မိတ်ဆက်ကြေညာခဲ့သည်။ အဆိုပါ MacBook Pro သစ်သည် ယခင်အမျိုးအစားထက် ပေါ့ပါးပြီး အလေး ချိန် ၃.၅၇ ပေါင်သာ ရှိသည်။ ၁၃ လက်မအရွယ် display မှာ 2,560x1600 pixels နှင့် ဖော်ပြပေးနိုင် သည်။

Resolution မှာ ၁၅ လက်မ Retina MacBook Pro ၏ 2,880x1,800 pixel resolution ထက် အနည်းငယ် လျော့နည်းသော်လည်း Retina မဟုတ်သည့် ယခင် ၁၃ လက်မ MacBook Pro ၏ 1,280x800 pixel screen ထက် များစွာ သာလွန်သည်။ Dual Thunderbolt/DisplayPort jack များနှင့် HDMI out တစ်ခုနှင့်အတူ ၁၅ လက်မ Retina Macbook Pro တွင် ပါဝင်သည့်အတိုင်း port များပါဝင်သည်။

2.5GHz dual-core Intel Core i5, 8GB 1600MHz memory, 128GB SSD, Intel HD Graphics 4000 အတွက် အမေရိကန်ဒေါ်လာ ၁,၆၉၉ သတ်မှတ်ထားပြီး 2.5GHz dual-core Intel Core i5, 8GB 1600MHz memory, 256GB SSD, Intel HD Graphics 4000 အတွက် အမေရိကန်ဒေါ်လာ ၁,၉၉၉ သတ်မှတ်ထားသည်။


အခြားအမျိုးအစားများအနေဖြင့် dual-core 2.9GHz Core i7 CPU အတွက် အမေရိကန်ဒေါ်လာ ၂၀၀ ထပ်မံပေးဆောင်ရမည်ဖြစ်ပြီး 512GB SSD အတွက် အမေရိကန်ဒေါ်လာ ၅၀၀၊ 768GB SSD အတွက် အမေရိကန်ဒေါ်လာ ၁,၀၀၀ အသီးသီး ထပ်မံပေးချေရမည်ဖြစ်ကြောင်းနှင့် ၎င်း ၁၃ လက်မ Retina MacBook Pro များကို လက်ရှိတွင် တင်ပို့ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။


Retina Display မပါဝင်သည့် ၁၃ လက်မ MacBook Pro နှင့် ၁၅ လက်မ အမျိုးအစားတို့ကို အမေရိကန်ဒေါ်လာ ၁,၁၉၉ နှင့် အမေရိကန်ဒေါ်လာ ၁,၇၉၉ အသီးသီးဖြင့် ဆက်လက်ရောင်းချမည်ဟု သိရသည်။


Ref: CNET

No comments:

Post a Comment