Monday 8 October 2012

နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက်ဖြင့် လွှတ်ေ တ်ာသို့ ပြန်လည်ပေး ပို့လာသည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံ မှုဥပဒေကြမ်းနှင့် ပတ်သက်၍ နေပြည်တော်တွင် ဆွေးနွေးနေ

နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက်ဖြင့် လွှတ်ေ တ်ာသို့ ပြန်လည်ပေး ပို့လာသည့် နိုင်ငံခြား ရင်းနှီြး မုပ်နှံ မှုဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည့် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် အောက်တိုဘာလ ၈ ရက်နေ့ (ယနေ့) နံနက် ၁၀ နာရီတွင် နေပြည်တော်၌ အစည်းအဝေး ကျင်းပလျက်ရှိကြောင်းနှင့် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ပေးပို့လာသောသဘောထားမှတ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေး လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတမှ ပေးပို့လာသော သဘောထားမှတ်ချက်များမှာ ကိုးချက်ရှိကြောင်းနှင့် ခုနစ်ချက်မှာ စကားလုံး ပြင်ဆင်ချက်များ ဖြစ်ပြီး ကျန် နှစ်ချက်မှာ အဓိပ္ပာယ် ပြင်ဆင်ချက်ဖြစ်ကြောင်း သိရသည်။

အဆိုပါဥပဒေကြမ်းကို နေပြည်တော်တွင် အောက်တိုဘာလ ၂၂ ရက်နေ့တွင် စတင်ကျင်း ပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။
 
ref:EMG

No comments:

Post a Comment