Monday 8 October 2012

မြို့တော်ရန်ကုန် ဗန်ကောက်ကိုမီတော့မယ်လား


ရန်ကုန်မြို့ကို စင်ကာပူလိုဖြစ်အောင်လုပ်မယ်လို့ကြားသိရပါတယ်။မနေ့က မိတ်ဆွေတစ်ယောက်နဲ့ တွေ့ တော့ သူက သူငယ်ချင်းရေ စင်ကာပူကိုမီမမီတော့မသိဘူး။အခု တို့မြို့တော်ရန် ကုန်က ဗန်ကောက်ကို မီတော့မယ်ကွလို့ပြောပါတယ်။တယ်ဟုတ်ပါလားသူငယ်ချင်းရေ ဆိုစမ်းပါဦင်္းကွလို့ ဆိုတော့ သူက ယဉ်ကြော တွေပိတ်ဆို့ကြပ်ညပ်လာတာကိုပြောတာလို့စိတ်တိုတိုနဲ့ပြောပါတယ်။

ဟုတ်ပါတယ်။အခုဆို အစည်းအဝေးတွေမှာ မိတ်ဆွေတွေနဲ့တွေ့တဲ့အခါ ခါတိုင်း ၁၀မိနစ်လောက်မောင်းရတဲ့ ခရီးကို အခု နာရီဝက်မကမောင်းနေ
ရကြောင်းညည်းကြတယ်။တစ်ယောက်ကဆိုရင် အခုဆို အရင်ထက်
အနည်းဆုံးနာရီဝက်လောက်ကြိုထွက်နေရကြောင်း၊လမ်းမှာယာဉ်ကြောပိတ်ဆို့နေတာတွေနဲ့အချိန်အလဟသကုန်နေရကြောင်းပြောပါတယ်။တစ်ယောက်ကဆိုရင် ရုံလာပြီးရင် တစ်နေရာရာသွားဖို့ တွန့်ဆုတ်နေကြောင်း၊
ယာဉ်ကြောပိတ်တာကိုကြောက်လို့ဖြစ်ကြောင်း ထပ်ညည်းပါတယ်။

သူတို့ပြောသလို အပြောင်းအလဲတွေကြားမှာ တကယ့်ကိုကြီးကြီးကျယ်
ကျယ်သိသိသာသောခံစားရတဲ့ အပြောင်းအလဲတစ်ခုက ယာဉ်ကြောပိတ်ဆို
့မှု တစ်နေ့တစ်ခြားပိုမိုဆိုးဝါးလာခြင်းပဲဖြစ်ပါတယ်။အိမ်နီးချင်းဘန်ကောက်က
ရန်ကုန်နဲ့ယှဉ်ရင်တကယ့်မဟာမြို့တော်ကြီးတစ်ခုပါ။နိုင်ငံတကာစီးပွားရေးလုငန်းကြီးတွေ၊အဖွဲ့အစည်းကြီးတွေနဲ့လှုပ်ရှားတက်ကြွနေတဲ့မြို့တော်ကြီးပါမြန်မာနိုင်ငံကစီးပွားရေးအရလဲ ဘန်ကောက်လို ဖြစ်ဖြစ်မြောက်မြောက်မရှိေ
သးဘဲ ယာဉ်ကြောပိတ်ဆို့မှုကတော့ အမီလိုက်ချင်တာဟာ စဉ်းစားစရာ
ကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရက အများပြည်သူတွေ တော်တော်များများကားစီးနိုင်အောင်
ကားတင်သွင်းမှုဆိုင်ရာမူဝါဒတွေကို အံအားသင့်စရာကောင်းလောက်အောင်
ဖြေလျော့ပေးအပြီးမှာ ရန်ကုန်ရဲ့လမ်းမတွေအပေါ် ကားသစ်အကြီးအငယ်
တွေစုပြုံရောက်ရှိလာပါတယ်။မြို့တော်ကြီးက ကားသစ်တွေနဲ့ပနံရသွား
ပါတယ်။ဒါပေမယ့် ဘေးထွက် ဆိုးကျိုးအဖြစ် ယာဉ်ကြောပိတ်ဆို့မှုတွေ
ဖြစ်လာပါတယ်။

အဲသလိုဆိုလိုက်လို့ကားတင်သွင်းမှုကိုရပ်ပစ်လိုက်ရမယ်မဆိုလိုပါဘူး။လူတွေ
ကားစီးနိုင်တော့ပျော်စရာပေါ့။ သို့သော် ကားသစ်တွေတင်သွင်းလာ
မှုနဲ့အတူဖြစ်ပေါ်လာမယ့် ယာဉ်ကြောပိတ်ဆို့မှုတွေအတွက် စီမံမှုတွေကို ဆက်လုပ်ကြရမှာဖြစ်ပါတယ်။အခုကုန်းကျော်တံတားတွေစထိုးနေတာ ဖြေရှင်းချက်တစ်ခုဖြစ်ပါတယ်။သို့သော် ကုန်းကျော်တံတားထိုးရုံနဲ့ယာဉ်ကြော
ပိတ်ဆို့မှုလုံးဝပြေလည်မသွားနိုင်ပါဘူး။ ဥပမာ လှည်းတန်းကုန်းကျော် တံတား ဆောက်ပြီးရင် လှည်းတန်းလမ်းဆုံမှာ ယာဉ်ကြောပိတ်ဆို့မှု
ကျသွားနိုင်ပေမယ့် အရပ်အနားမရှိ ဆက်တိုက် မောင်းလာနိုင်မယ့်ကားတွေဟာ ဟံသာဝတီအ၀ိုင်း ဒါမှမဟုတ်မြေနီကုန်းမှာ ပြန်ပြီးပိတ်ဆို့သွားမှာဖြစ်ပါတယ်။ ရွှေဂုံတိုင်ကုန်းကျော်တံတားပြီးလို့ ရွှေဂုံတိုင်မှာမပိတ်ဆို့တော့ရင် ဗဟန်းရေတာရှည်လမ်းမီးပွိုင့်လိုနေရာမျိုးမှာ ပြန်ပိတ်သွားနိုင်ပါတယ်။

Something is better than nothing ဆိုတာကြားဖူးပါတယ်။ဘာမှ
မရှိတာထက်စာရင်တော့ တစ်ခုခုရှိလိုက် တာပိုကောင်းတာပေါ့။ကုန်းေ
ကျာ်တံတားမရှိတာထက်စာရင် ရှိလာတော့ပိုကောင်းတာပေါ့။ဒါပေမယ့် ယာဉ် ကြောပိတ်ဆို့မှုဖြေရှင်းရေးအစီအစဉ်ဟာ ရန်ကုန်မြို့ရဲ့လမ်းတွေ
အားလုံးကို ခြုံလွှမ်းလေ့လာအဖြေထုတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ကုန်းကျော်တံ
တားတွေ၊နှစ်ထပ်လမ်းတွေထိုးရမယ်။လမ်းဆုံလမ်းခွတွေမှာ Traffic density တွေ ၊ Traffic volume တွေကို သေသေချာချာတွက်ချက်ပြီး မီးပွိုင့်တွေရဲ့ဝါနီစိမ်း အချိန်တွေကိုပြန်သတ်မှတ် ရမယ်။(ဒါမှမဟုတ် အချို့နိုင်ငံတွေလို အာရုံခံကိရိယာကတစ်ဆင့် ကားတွေကိုအာရုံခံပြီး အဖွင့်အပိတ်လုပ်ပေး တာမျိုးလည်းစဉ်းစားနိုင်ပါတယ်)။ ခေတ်မီဘတ်
စ်ကားသယ်ယူပို့ဆောင်ရေးစနစ်ကြီးတစ်ခုပြုပြင်ပြောင်းလဲရ မယ်။Bus Interchange တွေနဲ့ ခရုပတ်လမ်းကြောင်းစနစ်လိုမျိုးစဉ်းစားနိုင်တယ်။ ဘတ်စ်ကားအပြင် ခရီးသည် အမြောက်အမြားကို အချိန်တိုတိုအတွင်း
ပို့ဆောင်ပေးနိုင်တဲ့ Mass Transit စနစ်ကြီးရေးဆွဲအကောင် အထည်ဖော်
ရမယ်။ မက်ထရိုရထားစနစ်(စင်ကာပူက အမ်အာရ်တီလို)စနစ်မျိုးအပြိုင်
လုပ်ရမယ်။အချို့အစီ အစဉ်တွေဟာ ငွေကုန်ကြေးကျသိပ်မများလှပေမယ့် အချို့ကိစ္စတွေက ရင်းနှီးမြှပ်နှံမှုကြီးကြီးမားမားလိုအပ်မှာ ဖြစ်ပါတယ်။

ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ မိုင်နာဘာသာအဖြစ် Traffic Engineering ကို တို့ကနန်းဆိတ် ကနန်း လောက်သင်ခဲ့ဖူးတာလေးတွေ
ရယ်၊နိုင်ငံတကာမှာမြင်တွေ့ကြုံခဲ့ရတဲ့ပုံစံလေးတွေရယ်ပေါင်းစပ်ပြီး စဉ်း စားနေမိတာဖြစ်ပါတယ်။Traffic Engineer ကြီးတွေကပိုသိနားလည်ပါ
လိမ့်မယ်။ကြုံတုန်းပြောရရင် မြန်မာနိုင်ငံ မှာ ထရက်ဖစ်အင်ဂျင်နီယာ
ဆိုတာ လက်ချိုးရေလို့ရပါတယ်။မြို့ပြအင်ဂျင်နီယာသင်တန်းတွေမှာ ဘာသာခွဲ တစ်ခုအနေနဲ့သင်ကြားပေးခဲ့တာတွေရှိပါတယ်။အဲဒါကြောင့်
မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်စီမံနိုင်ဖို့ ထရက်ဖစ်အင်ဂျင်
နီယာတွေပြန်လည်မွေးထုတ်ပေးဖို့လဲလိုအပ်နေပြီဖြစ်ပါတယ်။

ရန်ကုန်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာအကောင်းဆုံးစီးပွားရေး
မြို့တော်ဖြစ်ပါတယ်။ဘန်ကောက် လို တကယ့်လုပ်ငန်းကြီးတွေအခြေလာ
စိုက်ရင်၊စက်မှုဇုန်ကြီးတွေစည်ပင်လာရင်၊ပြည်တွင်းစီးပွားလုပ်ငန်းတွေ အရှိန်ကောင်းလာရင် မြို့တော်ရန်ကုန်ဟာ လူတွေယာဉ်တွေနဲ့ပြည့်
ကျပ်နေမှာဖြစ်ပါတယ်။

ဖြစ်တော့မှအလန့်တကြားထစီမံကြတာထက် ဖြစ်လာနိုင်မှာကို ကြိုတင်
မှန်းဆပြီး (ကြိုစိုးရိမ်ပြီး) ယခုကတည်းက မြို့ပြယာဉ်ကြောပိတ်ဆို့
မှုပြသနာကို ၀ိုင်းဝန်းအဖြေရှာကြရတော့မှာပါ။

ကိုကို(စက်မှုတက္ကသိုလ်)

Yangon Media Group

No comments:

Post a Comment