Monday 8 October 2012

 ပြည်မြန်မာနှင့် The Messenger ဂျာနယ် နှစ်စောင်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးဥာဏ်ဝင်း တရားစွဲ

Monday, 8 October 2012


ရွေးကောက်ပွဲကော်မရှင်က မမှန်မကန် သတင်းပေးမှုဖြင့် တရားစွဲဆို ခံထားရသည့်အပေါ် ပြည်တွင်း သတင်းဂျာနယ် နှစ်စောင်ဖြစ်သည့် ပြည်မြန်မာဂျာနယ်နှင့် The Messenger ဂျာနယ်များ တွင် ဖော်ပြချက်များ နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးဥာဏ်ဝင်း က မန္တလေးတိုင်းဒေသကြီး တရားရေး ဦးစီးဌာနသို့ အောက်တိုဘာလ ၁ ရက် နေ့က တရားစွဲဆိုမှု ပြုလုပ်ခဲ့သည်။

ပြည်မြန်မာဂျာနယ်နှင့် The Messenger ဂျာနယ်တို့တွင်ရေးသား ဖော်ပြခဲ့သော ‘စာမဖတ်သော စာရေး ဆရာ၊ ဒီမိုကရေစီမသိသော ဒီမိုက ရေစီဘက်တော်သား’ဆောင်းပါးနှင့် ပတ်သက်၍ အရေးယူပေးပါရန်  ဦးဥာဏ်ဝင်းကမန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးဌာနသို့လျှောက်ထား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဆောင်းပါးပါ ရေးသားဖော်ပြချက်တို့မှာ တရားရုံး၌ စစ်ဆေးမည့်အမှုအား တရားသူကြီး အမိန့်မချမှတ်သေးမီ တရားသူကြီးအပြစ်မြင်အောင် သုံးနှုန်းစွက်ဖက်သည်ဟု ယူဆသောကြောင့် တရားရုံးအားမထေမဲ့မြင်ပြုမှု အက်ဥပဒေပုဒ်မ (၃)ဖြင့် စာရေးသူကိုဥပဒေနှင့် ပြည်မြန်မာဂျာနယ်မှ အယ်ဒီတာချုပ် ဒေါက်တာတင်ထွန်းဦး၊ The Messenger ဂျာနယ်မှ အယ်ဒီတာချုပ် ဦးထက်ဦးဇော်တို့ အား အရေးယူပေးပါရန် လျှောက်ထားခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမျိုးတင့်၏ ပြောကြားချက် အရ သိရသည်။
ဦးဥာဏ်ဝင်းသည် ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သောကြားဖြတ် ရွေးကောက်ပွဲတွင်မဲရုံအချို့ရှိ ဆန္ဒမဲလက်မှတ်များတွင် ဖယောင်းသုတ် ထားသည်ဟု ဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြား ခဲ့သည့်အပေါ် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က မမှန်မကန် သတင်းပေး တိုင်ကြားမှုဖြင့်ပြန်လည် တရားစွဲဆိုခြင်းခံခဲ့ရခြင်း ဖြစ်သည်။
“ဒီအမှုတန်းလန်းကြီးမှာ ဆောင်းပါးရှင်က ကျွန်တော့်မှာအပြစ်ရှိတယ်၊ ကျွန်တော်မှားတယ်၊ ဒါတွေရေးနေတယ်။ မှားတယ်၊ မှန်တယ်၊ အပြစ် ရှိတယ်၊ မရှိဘူးဆိုတာက တရားရုံး ကဆုံးဖြတ်ရမယ့်ဟာ။ တရားရုံး မဆုံး ဖြတ်ခင် ဒီလိုရေးတာဟာ တရားရုံး ကို မထေမဲ့မြင်လုပ်တာလို့ ကျွန်တော် အဲဒီလိုတရားစွဲတာပါ”ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။
ကော်မရှင်က တရားစွဲဆိုထား သည့် တရားရုံးမှာ ဇမ္ဗူသီရိမြို့နယ် တရားရုံးဖြစ်သောကြောင့် ယခုဂျာ နယ် နှစ်စောင်ကို တရားစွဲဆိုရာတွင် မန္တလေးဒေသကြီး တိုင်းတရားရုံးတွင် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲတွင် ဖယောင်း ဖြစ်စဉ်လုံးဝမရှိခဲ့ကြောင်း ၂၀၁၂ ခု နှစ် မေလ ၉ ရက်နေ့က မမှန်သတင်းပေးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၂ အရ နေပြည်တော်ဇမ္ဗူသီရိတရားရုံး တွင်တရားစွဲဆိုခဲ့သည့်အမှုဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ The Messenger ဂျာနယ် တာဝန်ခံအယ် ဒီတာကိုသူရအောင်က “ကျွန်တော်တို့ အခုထိတော့ ဘယ်ဟာကို တရားစွဲတယ်ဆိုတဲ့ဟာ၊ ဘယ်ဆောင်းပါး၊ ဘယ်သတင်းကိုစွဲတယ် ဆိုတာကို သေချာမသိရသေးဘူး။ ပြီးတော့ တရားရုံးကသော် လည်းကောင်း၊ တ ခြားတစ်ခုက သော်လည်းကောင်း ကျွန်တော်တို့ကိုတရားဝင်အကြောင်း ကြားတာမျိုးမရှိသေးပါဘူး။ ဦးဥာဏ်ဝင်းဘက်ကရောပေါ့။ အဓိကက တော့ တရားစွဲတယ်ဆိုတဲ့ဟာကဗျာ။ ကျွန်တော်တို့မှာ ပထမအဆင့်အနေနဲ့ ညှိနှိုင်းလို့ရတယ်ဗျာ။ ဆိုလိုတာက တရားမစွဲခင်မှာ ညှိနှိုင်းလို့ရတဲ့ အဆင့်ရှိတယ်ဗျာ။ ချက်ချင်းကြီး တရားစွဲတဲ့ တုံ့ပြန်မှုတစ်ခုခုစရတာ ကျတော့ စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုလို့ ကျွန်တော်မြင်တယ်။ NLD ရဲ့ အတွင်းရေးမှူး တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ဂျာနယ်တွေ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေကို သူ့အနေနဲ့ ဘယ်လိုရှုမြင်ထားလဲဆိုတာ မရှင်း လင်းဘူးလို့တော့ ကျွန်တော်မြင် တယ်။ NLD နဲ့ ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ ဒီလိုကိစ္စမျိုးမှာ တခြား အမှုပြုလုပ်နေတဲ့ ၀န်ကြီးဌာနတွေလို မလုပ်ဘဲနဲ့ အရင်ဆုံးညှိနှိုင်းသင့်တဲ့ ဟာမျိုးသွားသင့်တယ်။ နောက်တစ်ခုကမှ နောက်ထပ်အဆင့်အဆင့်ပေါ့။ တကယ်လို့ မပြေလည်ဘူးဆိုရင် တရားစွဲတာမျိုး။ အဲဒါမျိုးတော့ ကျွန်တော် တို့က ပိုဖြစ်စေချင်တာပေါ့နော်။ အခု ဟာက ထစ်ခနဲရှိ စာနယ်ဇင်းကိုတရား စွဲတယ်ဆိုတဲ့ဟာမျိုးကျတော့ ကောင်းတဲ့အလေ့အထလို့တော့ ကျွန်တော် တို့မမြင်ပါဘူး”ဟု ဖြေကြားခဲ့သည်။
ပြည်မြန်မာသတင်းဂျာနယ် အယ်ဒီတာချုပ်ဒေါက်တာတင်ထွန်း ဦးက “ဘယ်ဟာကို စွဲတယ်ဆိုတာတော့ မသိသေးဘူး။ ဘာစာမှလည်း မလာသေးဘူး။ ဒါပေမယ့်’စာမဖတ် သော စာရေးဆရာ၊ ဒီမိုကရေစီမသိသော ဒီမိုကရေစီ ဘက်တော်သား’ ဆိုတဲ့ဆောင်းပါးကြောင့် လို့တော့ ကြားတယ်။ အဲဒီဆောင်းပါးကြောင့် ဆိုရင်တော့ ကျွန်တော်တို့ ဂျာနယ်ရော၊The Messenger ဂျာနယ်ရော  ဒီဆောင်းပါးက ပါတာပဲ။ ရေးသူ လည်းတူတယ်။ ခေါင်းစဉ်လည်းဒါပဲ။ အတွင်းစာသားကလည်း အတူတူပဲ။ ထည့်တာကခုနစ်လပိုင်းမှာ။ အဲဒီအချိန်တုန်းက သိတဲ့အတိုင်းပဲ ကျွန်တော်တို့က စာပေစိစစ်ရေးက နေ တင်ထုတ်စနစ်နဲ့ သွားနေရတာ။ အဲဒီအချိန်မှာ ဒီဆောင်းပါး ပါသွား တာ။ ကျွန်တော့်အနေနဲ့တစ်လျှောက် လုံးမှာ သူတစ်ပါးကို ထိခိုက် နစ်နာစေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘာမှ မဖော်ပြခဲ့ဖူးပါဘူး။ ဆောင်း ပါးကို သတိထားကြည့်ရင် နှစ်စောင် စလုံးမှာ အားလုံးတူနေတယ်။ ကျွန်တော်တို့အနေနဲ့ ငြင်းပယ်လို့မရတဲ့ အခြေအနေကြောင့်ပဲ ထည့်လိုက်ရ တယ်လို့ပြောချင်ပါတယ်။ အခုတရားစွဲတဲ့အပေါ်မှာတော့ ကျွန်တော့်အနေ နဲ့ကတော့ ပြေပြေလည်လည် ဖြစ်စေချင်တယ်။ မီဒီယာနဲ့နိုင်ငံရေး ပါတီတွေကတော့ ကိုင်းကျွန်းမှီ၊ ကျွန်း ကိုင်းမှီ အပြန်အလှန် ဆက်စပ်နေတာပါ။ တရားရုံးမရောက်ခင်မှာ ညှိနှိုင်းလို့ရနိုင်ရဲ့နဲ့ ဒီလိုတန်းပြီး တရားစွဲတာကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်” ဟု ဖြေကြားခဲ့သည်။

Eleven

No comments:

Post a Comment